မြန်မာနိုင်ငံအရေး လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံး သည်းခံချုပ်တည်းကြရန် အာဆီယံအဖွဲ့ တိုက်တွန်းတောင်းဆို

826

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၆
အာဆီယံအဖွဲ့နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်နေသည့်အဖွဲ့အစည်းများအားလုံး တိုက်ပွဲအရှိန် ထပ်မံ မမြင့်တက်စေရန် သည်းခံချုပ်တည်းစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း ပိတ်မိနေသူများကို ၎င်းတို့ မိခင်နိုင်ငံသို့ ပြန်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပံ့ပိုးကူညီပေးစေလိုကြောင်း အာဆီယံအဖွဲ့က တောင်းဆိုထားသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၆ ရက်မှစတင်ပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများ အပြင် ပြည်ပနိုင်ငံခြားသားများ တိုက်ပွဲများထဲ ပိတ်မိနေခဲ့ပြီး နေရပ်စွန့်ခွာနေရကြောင်း သိရသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်ထဲတွင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးဆိုင်ရာဥပဒေများကို လေးစားလိုက်နာရန်၊ တိုက်တွန်းတောင်းဆိုထားသလို အရပ်သားများ ဘေးကင်းလုံခြုံရေး နှင့် ကာကွယ်ပေးမှုများလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း သိရသည်။
အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံရေး အခက်အခဲကိုဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်နေခဲ့ပြီး ပြီးခဲ့သောရက်ပိုင်းတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရေးအခက်အခဲတွင် ပါဝင်နေသော အဓိကအဖွဲ့အစည်းအချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံအေရး လက္နက္ကိုင္ပဋိပကၡတြင္ပါဝင္ေနသည့္ အဖြဲ႕အစည္းမ်ားအားလုံး သည္းခံခ်ဳပ္တည္းၾကရန္ အာဆီယံအဖြဲ႕ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၆
အာဆီယံအဖြဲ႕ႏိုင္ငံျခားေရးဝန္ႀကီးမ်ားက ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားလ်က္ရွိေနသည့္ အၾကမ္းဖက္မႈမ်ားကို ခ်က္ခ်င္း ရပ္တန႔္ရန္၊ လက္နက္ကိုင္ပဋိပကၡတြင္ ပါဝင္ေနသည့္အဖြဲ႕အစည္းမ်ားအားလုံး တိုက္ပြဲအရွိန္ ထပ္မံ မျမင့္တက္ေစရန္ သည္းခံခ်ဳပ္တည္းေစလိုေၾကာင္း တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရသည္။
တိုက္ပြဲမ်ားအတြင္း ပိတ္မိေနသူမ်ားကို ၎တို႔ မိခင္ႏိုင္ငံသို႔ ျပန္ႏိုင္ရန္အတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းအားလုံး ပံ့ပိုးကူညီေပးေစလိုေၾကာင္း အာဆီယံအဖြဲ႕က ေတာင္းဆိုထားသည္။ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေအာက္တိုဘာ ၂၆ ရက္မွစတင္ၿပီး တိုက္ပြဲမ်ားျဖစ္ပြားေနျခင္းေၾကာင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ႏိုင္ငံသားမ်ား အျပင္ ျပည္ပႏိုင္ငံျခားသားမ်ား တိုက္ပြဲမ်ားထဲ ပိတ္မိေနခဲ့ၿပီး ေနရပ္စြန႔္ခြာေနရေၾကာင္း သိရသည္။
အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား၏ ပူးတြဲထုတ္ျပန္ခ်က္ထဲတြင္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားအားလုံးကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးဆိုင္ရာဥပေဒမ်ားကို ေလးစားလိုက္နာရန္၊ တိုက္တြန္းေတာင္းဆိုထားသလို အရပ္သားမ်ား ေဘးကင္းလုံၿခဳံေရး ႏွင့္ ကာကြယ္ေပးမႈမ်ားလုပ္ေဆာင္ရန္ တိုက္တြန္းထားေၾကာင္း သိရသည္။
အာဆီယံအဖြဲ႕သည္ ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္က အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံေရး အခက္အခဲကိုေျဖရွင္းႏိုင္ရန္ ၾကားဝင္ေဆာင္႐ြက္ေနခဲ့ၿပီး ၿပီးခဲ့ေသာရက္ပိုင္းတြင္ အာဆီယံအလွည့္က်ဥကၠ႒ ျဖစ္သည့္ အင္ဒိုနီးရွားႏိုင္ငံက ျမန္မာႏိုင္ငံေရးအခက္အခဲတြင္ ပါဝင္ေနေသာ အဓိကအဖြဲ႕အစည္းအခ်ိဳ႕ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။