SSPP/SSA မှ နမ့်ခမ်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်ငွေလိမ်ဂိုဏ်း၏ တရုတ်နိုင်ငံသား ၈၈ ဦးကိုပြန်လည်လွှဲပြောင်းပေးခဲ့

 876

ကျော် (NP News) - နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်တွင် SSPP/SSA မှဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်ငွေလိမ်ဂိုဏ်း၏ တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ်နိုင်ငံအစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း SSPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသား ၈၈ ဦးအား တရုတ်နိုင်ငံအစိုးရထံ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်က SSPP/SSA မှပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)မှ နမ့်ခမ်းမြို့နယ်ရှိ အဆောက်အဦးတစ်ခုအတွင်း၌ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လည်လုပ်ငန်များလုပ်ကိုင်နေသည့် ဂိုဏ်းတစ်ခုအား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသား (၈၈)ဦး နှင့် မြန်မာနိုင်ငံသား(၂၈)ဦး(စုစုပေါင်း ၁၁၆ ဦး)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြစ်သော Computer (၁၄၅)လုံး၊ ဖုန်း(၂၀၄)လုံး၊ (၁၉၁၅၀)ယွမ်၊ မီးခံသေတ္တာ(၁)လုံးနှင့်ကားတစ်စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့ပြီးနောက် တရုတ်နိုင်ငံသား ၈၈ ဦးကို အဆိုပါနေ့၌ပင် တရုတ်နိုင်ငံအစိုးရထံ လွှဲပြောင်းအပ်နှံပေးခဲ့ပြီး ကျန်ရှိသည့် မြန်မာနိုင်ငံသား(၂၈)ဦးကို SSPP/SSA မှစစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

နစကမှလည်း နယ်စပ်ဒေသများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအား ဖော်ထုတ်ဖမ်းဆီးပြီးနောက် တရုတ်နိုင်ငံအစိုးရထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိသည်။

ထိုသို့ လွှဲပြောင်းပေးခဲ့ရာ ယခုနှစ် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၇ ရက်အထိ တရုတ်နိုင်ငံ သား အမျိုးသား ၈၃၁၂ ဦးနှင့်အမျိုးသမီး ၈၈၂ ဦး(စုစုပေါင်း ၉၁၉၄ ဦး)အား ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တရုတ်-မြန်မာပူးပေါင်းဖမ်းစီးမှုများပြုလုပ်လျက်ရှိပြီး ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များကိုလည်း တရုတ်နိုင်ငံဘက်မှ ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

zawgyi version
SSPP/SSA မွ နမ့္ခမ္းၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိခဲ့သည့္ က်ားျဖန္႔ေငြလိမ္ဂိုဏ္း၏ တ႐ုတ္ႏိုင္ငံသား ၈၈ ဦးကိုျပန္လည္လႊဲေျပာင္းေပးခဲ့

ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၈

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ နမ့္ခမ္းၿမိဳ႕နယ္တြင္ SSPP/SSA မွဖမ္းဆီးရမိခဲ့သည့္ က်ားျဖန္႔ေငြလိမ္ဂိုဏ္း၏ တ႐ုတ္ႏိုင္ငံသား ၈၈ ဦးကို တ႐ုတ္ႏိုင္ငံအစိုးရထံ ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း SSPP ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖမ္းဆီးရမိခဲ့သည့္ တ႐ုတ္ႏိုင္ငံသား ၈၈ ဦးအား တ႐ုတ္ႏိုင္ငံအစိုးရထံ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၃ ရက္က SSPP/SSA မွျပန္လည္လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP/SSA)မွ နမ့္ခမ္းၿမိဳ႕နယ္ရွိ အေဆာက္အဦးတစ္ခုအတြင္း၌ က်ားျဖန္႔ ေခၚ အြန္လိုင္းေငြလိမ္လည္လုပ္ငန္မ်ားလုပ္ကိုင္ေနသည့္ ဂိုဏ္းတစ္ခုအား ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၃ ရက္က ဝင္ေရာက္ဖမ္းဆီးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုသို႔ ဝင္ေရာက္ဖမ္းဆီးရာ တ႐ုတ္ႏိုင္ငံသား (၈၈)ဦး ႏွင့္ ျမန္မာႏိုင္ငံသား(၂၈)ဦး(စုစုေပါင္း ၁၁၆ ဦး)ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

၎တို႔ႏွင့္အတူ က်ားျဖန္႔လုပ္ငန္းလုပ္ကိုင္ရာတြင္အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားျဖစ္ေသာ Computer (၁၄၅)လုံး၊ ဖုန္း(၂၀၄)လုံး၊ (၁၉၁၅၀)ယြမ္၊ မီးခံေသတၱာ(၁)လုံးႏွင့္ကားတစ္စီးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဖမ္းဆီးရမိခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံသား ၈၈ ဦးကို အဆိုပါေန႔၌ပင္ တ႐ုတ္ႏိုင္ငံအစိုးရထံ လႊဲေျပာင္းအပ္ႏွံေပးခဲ့ၿပီး က်န္ရွိသည့္ ျမန္မာႏိုင္ငံသား(၂၈)ဦးကို SSPP/SSA မွစစ္ေဆးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ‌ေဖာ္ျပထားသည္။

နစကမွလည္း နယ္စပ္ေဒသမ်ားမွတဆင့္ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးၿပီးေနာက္ တ႐ုတ္ႏိုင္ငံအစိုးရထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံေပးလ်က္ရွိသည္။

ထိုသို႔ လႊဲေျပာင္းေပးခဲ့ရာ ယခုႏွစ္ ေအာက္တိုဘာလ ၃၁ ရက္မွ ႏိုဝင္ဘာလ ၂၇ ရက္အထိ တ႐ုတ္ႏိုင္ငံ သား အမ်ိဳးသား ၈၃၁၂ ဦးႏွင့္အမ်ိဳးသမီး ၈၈၂ ဦး(စုစုေပါင္း ၉၁၉၄ ဦး)အား ျပန္လည္လႊဲေျပာင္းအပ္ႏွံေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္-ျမန္မာနယ္စပ္ရွိ က်ားျဖန္႔ ေခၚ အြန္လိုင္းေငြလိမ္ဂိုဏ္းမ်ားကို တ႐ုတ္-ျမန္မာပူးေပါင္းဖမ္းစီးမႈမ်ားျပဳလုပ္လ်က္ရွိၿပီး က်ားျဖန္႔ဂိုဏ္းေခါင္းေဆာင္မ်ားကိုလည္း တ႐ုတ္ႏိုင္ငံဘက္မွ ဖမ္းဝရမ္းထုတ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.