အင်းစိန်မြို့နယ်၌ ပံ့သကူကောက်သည့် ကလေးငယ်တစ်ဦး ကားတိုက်ခံရမှုဖြစ်ပွား

 15526

စော (NP News) - နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ပံ့သကူကောက်နေသည့် ကလေးငယ်တစ်ဦး ကားတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကလေးငယ်သည် ယမန်နေ့(နိုဝင်ဘာလ ၂၇ ရက်)၊ ည(၈)ခွဲဝန်းကျင်အချိန်တွင် အင်းစိန်မြို့နယ်၊ ပြည်လမ်း၊ ဆယ်မိုင်မှတ်တိုင်အနီး၌ ပံ့သကူကောက်ရာမှ ကားတိုက်ခံရခြင်းဖြစ်ကြောင်း ကြယ်စင်စုလူငယ်များ ပရဟိတအသင်းထံမှ သိရသည်။

“ဘေးပတ်ဝန်းကျင်ပြောတာတော့ ပံ့သကူကောက်တယ်တဲ့။ ကားပေါ်ကကျဲတာ ကောက်ရင်းဖြစ်တယ် ပြောတယ်။ ကလေးက ခေါင်းကွဲသွားတယ်။ ဆေးရုံက ဆရာမတွေပြောတာတော့ စိုးရိမ်ရတယ်ပြောတယ်”ဟု ကြယ်စင်စုလူငယ်များ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်တိုက်မှုကြောင့် အသက် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်တိုက်မှုဖြစ်စဉ်အား သက်ဆိုင်ရာမှတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

၎င်းအား ရတနာဖြိုး(သမိုင်း) လူမှုကူညီရေးအသင်းကားဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရွှေဂူလေးဘုရားလမ်းမပေါ်၌ ပံ့သကူလိုက်ကောက်နေသည့် အဖွဲ့အား ‌‌ ရှောင်တိမ်းရာမှ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်သည် ယမန်နေ့(နိုဝင်ဘာလ ၂၇ ရက်)၊ ည (၉)နာရီဝန်းကျင်အချိန်တွင် ကားတစ်စီးမှ ပံ့သကူလိုက်ကောက်သောအဖွဲ့အား ရှောင်တိမ်းခဲ့ရာ အိုးဝေယာဉ်တစ်စီးအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းနှင့် လူမှုကူညီရေးအသင်း (ပဲခူး)ထံမှ သိရသည်။

“လမ်းက ကျွန်တော်တို့ဆီမှာ နှစ်လမ်းသွားပါ။ လမ်းလယ်ရယ်ဆိုပြီး မရှိဘူး။ မရှိတော့ ကားက အဲဒီလူအုပ်ကိုရှောင်ပြီးတော့ အတက်မှာ သုံးဘီးက အရှိန်နဲ့အလာ တိုက်မိတာပါ။ မျက်နှာချင်းဆိုင် တိုက်တာပါ”ဟု နာရေးကူညီမှုအသင်းနှင့် လူမှုကူညီရေးအသင်း (ပဲခူး)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အိုးဝေမောင်းနှင်လာသော ယာဉ်မောင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းအား ပဲခူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
အင္းစိန္ၿမိဳ႕နယ္၌ ပံ့သကူေကာက္သည့္ ကေလးငယ္တစ္ဦး ကားတိုက္ခံရမႈျဖစ္ပြား

ေစာ (NP News) - ႏိုဝင္ဘာ ၂၈

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ ပံ့သကူေကာက္ေနသည့္ ကေလးငယ္တစ္ဦး ကားတိုက္ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါကေလးငယ္သည္ ယမန္ေန႔(ႏိုဝင္ဘာလ ၂၇ ရက္)၊ ည(၈)ခြဲဝန္းက်င္အခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ျပည္လမ္း၊ ဆယ္မိုင္မွတ္တိုင္အနီး၌ ပံ့သကူေကာက္ရာမွ ကားတိုက္ခံရျခင္းျဖစ္ေၾကာင္း ၾကယ္စင္စုလူငယ္မ်ား ပရဟိတအသင္းထံမွ သိရသည္။

“ေဘးပတ္ဝန္းက်င္ေျပာတာေတာ့ ပံ့သကူေကာက္တယ္တဲ့။ ကားေပၚကက်ဲတာ ေကာက္ရင္းျဖစ္တယ္ ေျပာတယ္။ ကေလးက ေခါင္းကြဲသြားတယ္။ ေဆး႐ုံက ဆရာမေတြေျပာတာေတာ့ စိုးရိမ္ရတယ္ေျပာတယ္”ဟု ၾကယ္စင္စုလူငယ္မ်ား ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ အသက္ (၁၃)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ဦးေခါင္းတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ယာဥ္တိုက္မႈျဖစ္စဥ္အား သက္ဆိုင္ရာမွတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

၎အား ရတနာၿဖိဳး(သမိုင္း) လူမႈကူညီေရးအသင္းကားျဖင့္ အင္းစိန္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕၊ ေ႐ႊဂူေလးဘုရားလမ္းမေပၚ၌ ပံ့သကူလိုက္ေကာက္ေနသည့္ အဖြဲ႕အား ‌‌ ေရွာင္တိမ္းရာမွ ယာဥ္တိုက္မႈတစ္ခုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္သည္ ယမန္ေန႔(ႏိုဝင္ဘာလ ၂၇ ရက္)၊ ည (၉)နာရီဝန္းက်င္အခ်ိန္တြင္ ကားတစ္စီးမွ ပံ့သကူလိုက္ေကာက္ေသာအဖြဲ႕အား ေရွာင္တိမ္းခဲ့ရာ အိုးေဝယာဥ္တစ္စီးအား ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း နာေရးကူညီမႈအသင္းႏွင့္ လူမႈကူညီေရးအသင္း (ပဲခူး)ထံမွ သိရသည္။

“လမ္းက ကြၽန္ေတာ္တို႔ဆီမွာ ႏွစ္လမ္းသြားပါ။ လမ္းလယ္ရယ္ဆိုၿပီး မရွိဘူး။ မရွိေတာ့ ကားက အဲဒီလူအုပ္ကိုေရွာင္ၿပီးေတာ့ အတက္မွာ သုံးဘီးက အရွိန္နဲ႔အလာ တိုက္မိတာပါ။ မ်က္ႏွာခ်င္းဆိုင္ တိုက္တာပါ”ဟု နာေရးကူညီမႈအသင္းႏွင့္ လူမႈကူညီေရးအသင္း (ပဲခူး)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ အိုးေဝေမာင္းႏွင္လာေသာ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၎အား ပဲခူးေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.