ဧရာဝတီမြစ်အတွင်း အသက် (၁၇)နှစ်အရွယ် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား

813
စော (NP News) - နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့အနီးရှိ ဧရာဝတီမြစ်အတွင်း၌ အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် ယမန်နေ့(နိုဝင်ဘာလ ၂၇ ရက်)၊ မွန်းလွဲ (၂)နာရီခွဲဝန်းကျင်အချိန်တွင် ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားကြောင်း Myanmar Rescue let pan hla အသင်းထံမှ သိရသည်။
ထို့သို့ရေနစ်ပျောက်ဆုံးသွားသော အမျိုးသား၏အလောင်းအား ရှာဖွေခဲ့ရာ ယနေ့(နိုဝင်ဘာလ ၂၈ ရက်) ၊ မွန်းလွဲ (၁)နာရီဝန်းကျင်အချိန်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
“ရေကူးရင်း နဲ့ နစ်သွားတာပါ။ သူနဲ့အတူ အဖော်တစ်ယောက်ပါတယ်။ အလောင်းကိုတော့ နေ့လည်တစ်နာရီလောက်က ပြန်တွေ့တယ်” ဟု Myanmar Rescue let pan hla အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူသည် အသက် (၁၇)နှစ်အရွယ်ရှိပြီး ကျောက်မြောင်းမြို့နယ်၊ နွယ်ငြိမ်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရုပ်အလောင်းအား ၎င်း၏အုပ်ထိန်းသူထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းကပြောသည်။
zawgyi version
ဧရာဝတီျမစ္အတြင္း အသက္ (၁၇)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေရဆင္းကူးရာမွ ေရနစ္ေသဆုံးမႈျဖစ္ပြား
ေစာ (NP News) - ႏိုဝင္ဘာ ၂၈
စစ္ကိုင္းတိုင္း၊ ေက်ာက္ေျမာင္းၿမိဳ႕အနီးရွိ ဧရာဝတီျမစ္အတြင္း၌ အသက္(၁၇)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေရဆင္းကူးရာမွ ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ အမ်ိဳးသားသည္ ယမန္ေန႔(ႏိုဝင္ဘာလ ၂၇ ရက္)၊ မြန္းလြဲ (၂)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ေရဆင္းကူးရာမွ ေရနစ္ေပ်ာက္ဆုံးသြားေၾကာင္း Myanmar Rescue let pan hla အသင္းထံမွ သိရသည္။
ထို႔သို႔ေရနစ္ေပ်ာက္ဆုံးသြားေသာ အမ်ိဳးသား၏အေလာင္းအား ရွာေဖြခဲ့ရာ ယေန႔(ႏိုဝင္ဘာလ ၂၈ ရက္) ၊ မြန္းလြဲ (၁)နာရီဝန္းက်င္အခ်ိန္တြင္ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
“ေရကူးရင္း နဲ႔ နစ္သြားတာပါ။ သူနဲ႔အတူ အေဖာ္တစ္ေယာက္ပါတယ္။ အေလာင္းကိုေတာ့ ေန႔လည္တစ္နာရီေလာက္က ျပန္ေတြ႕တယ္” ဟု Myanmar Rescue let pan hla အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူသည္ အသက္ (၁၇)ႏွစ္အ႐ြယ္ရွိၿပီး ေက်ာက္ေျမာင္းၿမိဳ႕နယ္၊ ႏြယ္ၿငိမ္းေက်း႐ြာတြင္ ေနထိုင္သူတစ္ဦးျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ႐ုပ္အေလာင္းအား ၎၏အုပ္ထိန္းသူထံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ၎ကေျပာသည္။