ဂျပန်ဘောလုံးအဖွဲ့ချုပ်၌ကျင့်သုံးနေသည့် နည်းစနစ်များကို မြန်မာဘောလုံးနည်းပြများထံပြန်လည်မျှဝေ

912
ကျော် (NP News) - နိုဝင်ဘာ ၂၈
ဂျပန်ဘောလုံးအဖွဲ့ချုပ်၌ကျင်းသုံးနေသည့် နည်းစနစ်များကို မြန်မာဘောလုံးအသင်းနည်းပြများထံပြန်လည်မျှဝေခဲ့ကြောင်း သိရသည်။

နည်းစနစ်ပြန်လည်မျှဝေခြင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နှင့် ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်(JFA)တို့ပူးပေါင်း၍ မြန်မာ့ဘောလုံးအဆင့်အတန်းမြင့်မားရေးအတွက် ရည်ရွယ်ကာ Football Coaching Seminar 2023 အဖြစ် နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင်ပြုလုပ်လျက်ရှိသည်။
အဆိုပါ Seminar ဖွင့်ပွဲအခမ်းအနားကို ယနေ့ (နိုဝင်ဘာလ ၂၈ ရက်)တွင် ရန်ကုန်မြို့ရှိ၊ သုဝဏ္ဏဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။
"ဒီဆွေးနွေးပွဲကို JFA က နိုင်ငံ ၅ နိုင်ငံထဲက တစ်နိုင်ငံကိုရွေးရမယ်ဆိုတော့ မြန်မာနိုင်ငံကိုရွေးချယ်ပြီး မျှဝေပေးတာဖြစ်ပါတယ်။ ကစားသမားတွေရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး အဓိကမျှဝေပေးသွားမှာပါ"ဟု JFA Deputy Technical Director ဖြစ်သူ Mr. Ono Takeshi က ပြောသည်။
ပထမနေ့တွင် ဘောလုံးအသင်းနည်းပြများကို အဓိကထား၍မျှဝေပေးသွားမည်ဖြစ်ပြီး ဒုတိယနေ့တွင် မြန်မာဘောလုံးအကယ်ဒမီများရှိ ဘောလုံးသမားများပါအသုံးပြု၍ရနိုင်သော နည်းစနစ်များကိုမျှဝေပေးသွားမည်ဖြစ်ကြောင်း JFA Physical Fitness Project Leader ဖြစ်သူ Mr. Kanno Atsushi ကဆက်လက်ပြောသည်။
မျှဝေမှုတွင် နည်းစနစ်ပိုင်းဆိုင်ရာများ၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာများကို စာတွေ့၊ လက်တွေ့ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီမျှဝေပွဲကနေ နည်းပြတွေအနေနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေရသွားမယ်။ အကျိုးအမြတ်တွေရသွားမယ်။ မြန်မာနည်းပြတွေအနေနဲ့လည်း သိချင်တာမှန်သမျှကိုမေးလို့ရတယ်"ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်က ပြောသည်။
မျှဝေပွဲသို့ သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အမျိုးသမီး၊ အမျိုးသားအသင်းများမှ နည်းပြများ၊ မြန်မာနေရှင်နယ်လိဂ် နှင့် လိဂ်-၂ မှ နည်းပြများ၊ အမျိုးသမီးလိဂ် ကလပ်အသင်းနည်းပြများ၊ ရန်ကုန်၊ မန္တလေးဘောလုံးအကယ်ဒမီများမှနည်းပြများတက်ရောက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ဂ်ပန္ေဘာလုံးအဖြဲ႕ခ်ဳပ္၌က်င့္သုံးေနသည့္ နည္းစနစ္မ်ားကို ျမန္မာေဘာလုံးနည္းျပမ်ားထံျပန္လည္မွ်ေဝ
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၈
ဂ်ပန္ေဘာလုံးအဖြဲ႕ခ်ဳပ္၌က်င္းသုံးေနသည့္ နည္းစနစ္မ်ားကို ျမန္မာေဘာလုံးအသင္းနည္းျပမ်ားထံျပန္လည္မွ်ေဝခဲ့ေၾကာင္း သိရသည္။
နည္းစနစ္ျပန္လည္မွ်ေဝျခင္းအား ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(MFF) ႏွင့္ ဂ်ပန္ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(JFA)တို႔ပူးေပါင္း၍ ျမန္မာ့ေဘာလုံးအဆင့္အတန္းျမင့္မားေရးအတြက္ ရည္႐ြယ္ကာ Football Coaching Seminar 2023 အျဖစ္ ႏိုဝင္ဘာလ ၂၈ ရက္ႏွင့္ ၂၉ ရက္တို႔တြင္ျပဳလုပ္လ်က္ရွိသည္။
အဆိုပါ Seminar ဖြင့္ပြဲအခမ္းအနားကို ယေန႔ (ႏိုဝင္ဘာလ ၂၈ ရက္)တြင္ ရန္ကုန္ၿမိဳ႕ရွိ၊ သုဝဏၰေဘာလုံးကြင္း၌ ျပဳလုပ္ခဲ့သည္။
"ဒီေဆြးေႏြးပြဲကို JFA က ႏိုင္ငံ ၅ ႏိုင္ငံထဲက တစ္ႏိုင္ငံကိုေ႐ြးရမယ္ဆိုေတာ့ ျမန္မာႏိုင္ငံကိုေ႐ြးခ်ယ္ၿပီး မွ်ေဝေပးတာျဖစ္ပါတယ္။ ကစားသမားေတြရဲ႕ကိုယ္ခႏၶာႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး အဓိကမွ်ေဝေပးသြားမွာပါ"ဟု JFA Deputy Technical Director ျဖစ္သူ Mr. Ono Takeshi က ေျပာသည္။
ပထမေန႔တြင္ ေဘာလုံးအသင္းနည္းျပမ်ားကို အဓိကထား၍မွ်ေဝေပးသြားမည္ျဖစ္ၿပီး ဒုတိယေန႔တြင္ ျမန္မာေဘာလုံးအကယ္ဒမီမ်ားရွိ ေဘာလုံးသမားမ်ားပါအသုံးျပဳ၍ရႏိုင္ေသာ နည္းစနစ္မ်ားကိုမွ်ေဝေပးသြားမည္ျဖစ္ေၾကာင္း JFA Physical Fitness Project Leader ျဖစ္သူ Mr. Kanno Atsushi ကဆက္လက္ေျပာသည္။
မွ်ေဝမႈတြင္ နည္းစနစ္ပိုင္းဆိုင္ရာမ်ား၊ ႀကံ့ခိုင္မႈပိုင္းဆိုင္ရာမ်ားကို စာေတြ႕၊ လက္ေတြ႕ေဆြးေႏြးပို႔ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
"ဒီမွ်ေဝပြဲကေန နည္းျပေတြအေနနဲ႔ ခႏၶာကိုယ္ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး အေတြ႕အႀကဳံေတြရသြားမယ္။ အက်ိဳးအျမတ္ေတြရသြားမယ္။ ျမန္မာနည္းျပေတြအေနနဲ႔လည္း သိခ်င္တာမွန္သမွ်ကိုေမးလို႔ရတယ္"ဟု ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၏ နည္းစနစ္ဒါ႐ိုက္တာ ဦးတင္ျမင့္ေအာင္က ေျပာသည္။
မွ်ေဝပြဲသို႔ သက္တမ္းအလိုက္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီး၊ အမ်ိဳးသားအသင္းမ်ားမွ နည္းျပမ်ား၊ ျမန္မာေနရွင္နယ္လိဂ္ ႏွင့္ လိဂ္-၂ မွ နည္းျပမ်ား၊ အမ်ိဳးသမီးလိဂ္ ကလပ္အသင္းနည္းျပမ်ား၊ ရန္ကုန္၊ မႏၲေလးေဘာလုံးအကယ္ဒမီမ်ားမွနည္းျပမ်ားတက္ေရာက္လ်က္ရွိေၾကာင္း သိရသည္။