ငပလီကမ်းခြေရှိ Aureum Palace Hotel တွင် မီးလောင်မှုဖြစ်ပွား

1803
Pearl (NP News) - နိုဝင်ဘာ ၂၈
ငပလီကမ်းခြေရှိ Aureum Palace Hotel တွင် အဲကွန်းကွန်ပရက်စာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)၊ ညနေ (၆)နာရီ အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ ငပလီ ကမ်းခြေရှိ Aureum Palace Hotel တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဟိုတယ်ရှိ စတိုခန်းအတွင်း၌ အဲကွန်းများပြုပြင်ရာမှ ကွန်ပရက်စာအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။
"ဟိုတယ် စတိုခန်းမှာ အဲကွန်းတွေပြုပြင်ပြီး ကွန်ပရက်စာ အပူလွန်ကဲရာကနေ မီးလောင်ကျွမ်းတာလို့ သိရတယ်"ဟု ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း စတိုခန်း နှင့် အိပ်ခန်းအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဟိုတယ်၏ လျှပ်စစ်တာဝန်ခံအား ဥပဒေအရ အရေးယူထားကြောင်းသိရသည်။
Aureum Palace Hotel သည် ထူးလုပ်ငန်းစုပိုင်ဆိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
zawgyi version
ငပလီကမ္းေျခရွိ Aureum Palace Hotel တြင္ မီးေလာင္မႈျဖစ္ပြား
Pearl (NP News) - ႏိုဝင္ဘာ ၂၈
ငပလီကမ္းေျခရွိ Aureum Palace Hotel တြင္ အဲကြန္းကြန္ပရက္စာ အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၂၇ ရက္)၊ ညေန (၆)နာရီ အခ်ိန္ခန႔္တြင္ ရခိုင္ျပည္နယ္၊ ငပလီ ကမ္းေျခရွိ Aureum Palace Hotel တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ဟိုတယ္ရွိ စတိုခန္းအတြင္း၌ အဲကြန္းမ်ားျပဳျပင္ရာမွ ကြန္ပရက္စာအပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရခိုင္ျပည္နယ္မီးသတ္တပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။
"ဟိုတယ္ စတိုခန္းမွာ အဲကြန္းေတြျပဳျပင္ၿပီး ကြန္ပရက္စာ အပူလြန္ကဲရာကေန မီးေလာင္ကြၽမ္းတာလို႔ သိရတယ္"ဟု ရခိုင္ျပည္နယ္မီးသတ္တပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း စတိုခန္း ႏွင့္ အိပ္ခန္းအခ်ိဳ႕ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ ဟိုတယ္၏ လွ်ပ္စစ္တာဝန္ခံအား ဥပေဒအရ အေရးယူထားေၾကာင္းသိရသည္။
Aureum Palace Hotel သည္ ထူးလုပ္ငန္းစုပိုင္ဆိုင္သည့္ လုပ္ငန္းတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။