အီရန်ဆိပ်ကမ်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူဦးရေ(၄၀)ဦးထိ မြင့်တက်လာ

244

Pika (NP News) - ဧပြီ ၂၈
အီရန်ရဲ့အကြီးဆုံးစီးပွားရေးဆိပ်ကမ်းတစ်ခုမှာ ကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ ဦးရေမှာ (၄၀)ဦးထိမြင့်တက်လာခဲ့ပြီး အခြားလူ(၁၀၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့အကြီးအကဲ Pirhossein Koolivand က ပြောကြားခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ Hormuz ရေလက်ကြားအနီး အီရန်နိုင်ငံ တောင်ပိုင်း Shahid Rajaee ဆိပ်ကမ်းမှာ ဧပြီလ(၂၆)ရက်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီပေါက်ကွဲမှုဟာ အန္တရာယ်ရှိတဲ့ဓါတုဗေဒပစ္စည်းတွေ သိုလှောင်တဲ့နေရာမှာ မီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပွားခဲ့ပုံ ပေါ်တယ်လို့ ဆိပ်ကမ်းရဲ့အကောက်ခွန်ရုံက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပေါက်ကွဲမှုအတွင်း ကွန်တိန်နာအများအပြားလည်း ပေါက်ကွဲသွားခဲ့တယ်လို့ ဒေသဆိုင်ရာအရေးပေါ်အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။ Pirhossein Koolivand က “ကံမကောင်းစွာနဲ့ပဲ ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေဟာ(၄၀)ဦးထိ မြင့်တက်လာခဲ့ပါပြီ။ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ လူပေါင်း(၁၀၀၀)ကျော်ကို ကုသမှုတွေ လုပ်ဆောင်ဖို့အတွက် တီဟီရန်မြို့ကို လွှဲပြောင်းပေးထားပါတယ်။ လက်ရှိအချိန်အထိတော့ မီးကို ထိန်းချုပ်နိုင်ခဲ့ ပေမယ့် အပြီးတိုင်ငြိမ်းသတ်နိုင်တာမျိုးတော့မရှိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အီရန္ဆိပ္ကမ္းတစ္ခုမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ ေသဆုံးသူဦးေရ(၄၀)ဦးထိ ျမင့္တက္လာ
Pika (NP News) - ဧၿပီ ၂၈
အီရန္ရဲ႕အႀကီးဆုံးစီးပြားေရးဆိပ္ကမ္းတစ္ခုမွာ ႀကီးမားတဲ့ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ ေသဆုံးသူ ဦးေရမွာ (၄၀)ဦးထိျမင့္တက္လာခဲ့ၿပီး အျခားလူ(၁၀၀၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ၾကက္ေျခနီအဖြဲ႕အႀကီးအကဲ Pirhossein Koolivand က ေျပာၾကားခဲ့ပါတယ္။ ေပါက္ကြဲမႈဟာ Hormuz ေရလက္ၾကားအနီး အီရန္ႏိုင္ငံ ေတာင္ပိုင္း Shahid Rajaee ဆိပ္ကမ္းမွာ ဧၿပီလ(၂၆)ရက္က ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီေပါက္ကြဲမႈဟာ အႏၲရာယ္ရွိတဲ့ဓါတုေဗဒပစၥည္းေတြ သိုေလွာင္တဲ့ေနရာမွာ မီးေလာင္ကြၽမ္းမႈေၾကာင့္ ျဖစ္ပြားခဲ့ပုံ ေပၚတယ္လို႔ ဆိပ္ကမ္းရဲ႕အေကာက္ခြန္႐ုံက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေပါက္ကြဲမႈအတြင္း ကြန္တိန္နာအမ်ားအျပားလည္း ေပါက္ကြဲသြားခဲ့တယ္လို႔ ေဒသဆိုင္ရာအေရးေပၚအရာရွိ တစ္ဦးက ေျပာၾကားခဲ့ပါတယ္။ Pirhossein Koolivand က “ကံမေကာင္းစြာနဲ႔ပဲ ဒီေပါက္ကြဲမႈေၾကာင့္ ေသဆုံးသူ ဦးေရဟာ(၄၀)ဦးထိ ျမင့္တက္လာခဲ့ပါၿပီ။ ထိခိုက္ဒဏ္ရာရရွိခဲ့ၾကတဲ့ လူေပါင္း(၁၀၀၀)ေက်ာ္ကို ကုသမႈေတြ လုပ္ေဆာင္ဖို႔အတြက္ တီဟီရန္ၿမိဳ႕ကို လႊဲေျပာင္းေပးထားပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ မီးကို ထိန္းခ်ဳပ္ႏိုင္ခဲ့ ေပမယ့္ အၿပီးတိုင္ၿငိမ္းသတ္ႏိုင္တာမ်ိဳးေတာ့မရွိေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။