ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ဝန်ထမ်း (၈၆)ဦး ထပ်မံလွတ်မြောက်လာ

6987
မြူနစ် (NP News) - နိုဝင်ဘာ ၂၉
KNPP၊ PDF ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ဝန်ထမ်း စုစုပေါင်း (၈၆)ဦး ထပ်မံလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။

လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမ နှင့် ဝန်ထမ်း (၈၆)ဦးသည် ယမန်နေ့(နိုဝင်ဘာလ ၂၈ ရက်)တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှတစ်ဆင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
“မနေ့ကတော့ ဆရာ/ဆရာမ (၈၆)ယောက် ပြန်လွတ်လာပါတယ်။ ဒီလိုမျိုး ပြန်လွှတ်ပေးတော့ ကျွန်တော်တို့လည်း ဝမ်းသာတာပေါ့။ ဘယ်သူမှလည်း အထိအခိုက်မရှိဘူးလေ။ ဆရာ/ဆရာမတွေကတော့ တောင်ကြီးမြို့ကနေတစ်ဆင့် သူတို့နေရပ်အသီးသီးကို ပြန်သွားကြပါပြီ”ဟု NP News ၏ တောင်ကြီးမြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
KNPP၊ PDF ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၁ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်စဉ်အချိန်တွင် လွိုင်ကော်တက္ကသိုလ်၏ ပါမောက္ခချုပ်ဒေါက်တာ အောင်ခင်မြင့်အပါအဝင် ဆရာ/ဆရာမ၊ ဝန်ထမ်းစုစုပေါင်း (၂၀၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နိုဝင်ဘာလ ၂၄ ရက်တွင် လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ဝန်ထမ်းစုစုပေါင်း (၁၀၇)ကို ပြန်လွှတ်ပေးခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ဝန်ထမ်း (၂၀၄)ဦးအနက် လက်ရှိတွင် (၁၉၃)ဦးကို ပြန်လွှတ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
သို့သော် လွိုင်ကော်တက္ကသိုလ်၏ ပါမောက္ခချုပ်ဒေါက်တာအောင်ခင်မြင့်အပါအဝင် (၁၁)ဦးသည် ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘဲ ဆက်လက်ဖမ်းဆီးခံထားရကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာလ ၂၉ ရက်)တွင် လွိုင်ကော်တက္ကသိုလ်ဆရာ၊ ဆရာမများကို ဖမ်းဆီးထိန်းသိမ်းထားသည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က တက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း(၅)ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို တရားစွဲဆို အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
အလားတူ တပ်မတော်မိသားစုဝင် (၃)ဦးကိုလည်း အရေးယူဆောင်ရွက်သွားမည်ဟု IEC က ထပ်မံအသိပေး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

zawgyi version
ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရသည့္ လြိဳင္ေကာ္တကၠသိုလ္မွ ဆရာ/ဆရာမ၊ ဝန္ထမ္း (၈၆)ဦး ထပ္မံလြတ္ေျမာက္လာ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၉
KNPP၊ PDF ပူးေပါင္းအဖြဲ႕၏ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရေသာ လြိဳင္ေကာ္တကၠသိုလ္မွ ဆရာ/ဆရာမ၊ ဝန္ထမ္း စုစုေပါင္း (၈၆)ဦး ထပ္မံလြတ္ေျမာက္လာခဲ့ေၾကာင္း သတင္းရရွိသည္။
လြိဳင္ေကာ္တကၠသိုလ္မွ ဆရာ/ဆရာမ ႏွင့္ ဝန္ထမ္း (၈၆)ဦးသည္ ယမန္ေန႔(ႏိုဝင္ဘာလ ၂၈ ရက္)တြင္ ျပန္လည္လြတ္ေျမာက္လာခဲ့ျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕မွတစ္ဆင့္ ၎တို႔၏ ေနရပ္အသီးသီးသို႔ ျပန္လည္ထြက္ခြာသြားၿပီျဖစ္ေၾကာင္း သိရသည္။
“မေန႔ကေတာ့ ဆရာ/ဆရာမ (၈၆)ေယာက္ ျပန္လြတ္လာပါတယ္။ ဒီလိုမ်ိဳး ျပန္လႊတ္ေပးေတာ့ ကြၽန္ေတာ္တို႔လည္း ဝမ္းသာတာေပါ့။ ဘယ္သူမွလည္း အထိအခိုက္မရွိဘူးေလ။ ဆရာ/ဆရာမေတြကေတာ့ ေတာင္ႀကီးၿမိဳ႕ကေနတစ္ဆင့္ သူတို႔ေနရပ္အသီးသီးကို ျပန္သြားၾကပါၿပီ”ဟု NP News ၏ ေတာင္ႀကီးၿမိဳ႕ခံသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
KNPP၊ PDF ပူးေပါင္းအဖြဲ႕သည္ ႏိုဝင္ဘာလ ၁၁ ရက္တြင္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ႏွင့္ တစ္ဝိုက္ရွိ လုံၿခဳံေရးစခန္းမ်ားကို (၁၁.၁၁ စစ္ဆင္ေရး)အမည္ျဖင့္ ဝင္ေရာက္တိုက္ခိုက္စဥ္အခ်ိန္တြင္ လြိဳင္ေကာ္တကၠသိုလ္၏ ပါေမာကၡခ်ဳပ္ေဒါက္တာ ေအာင္ခင္ျမင့္အပါအဝင္ ဆရာ/ဆရာမ၊ ဝန္ထမ္းစုစုေပါင္း (၂၀၄)ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။
ထိုသို႔ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ႏိုဝင္ဘာလ ၂၄ ရက္တြင္ လြိဳင္ေကာ္တကၠသိုလ္မွ ဆရာ/ဆရာမ၊ ဝန္ထမ္းစုစုေပါင္း (၁၀၇)ကို ျပန္လႊတ္ေပးခဲ့သည္။
ထို႔ေၾကာင့္ ဖမ္းဆီးခံခဲ့ရသည့္ လြိဳင္ေကာ္တကၠသိုလ္မွ ဆရာ/ဆရာမ၊ ဝန္ထမ္း (၂၀၄)ဦးအနက္ လက္ရွိတြင္ (၁၉၃)ဦးကို ျပန္လႊတ္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ လြိဳင္ေကာ္တကၠသိုလ္၏ ပါေမာကၡခ်ဳပ္ေဒါက္တာေအာင္ခင္ျမင့္အပါအဝင္ (၁၁)ဦးသည္ ျပန္လည္လြတ္ေျမာက္ျခင္းမရွိေသးဘဲ ဆက္လက္ဖမ္းဆီးခံထားရေၾကာင္း သိရသည္။
ယေန႔(ႏိုဝင္ဘာလ ၂၉ ရက္)တြင္ လြိဳင္ေကာ္တကၠသိုလ္ဆရာ၊ ဆရာမမ်ားကို ဖမ္းဆီးထိန္းသိမ္းထားသည့္ ကရင္နီျပည္ၾကားကာလအုပ္ခ်ဳပ္ေရးေကာင္စီ(IEC)က တကၠသိုလ္၏ ပါေမာကၡခ်ဳပ္၊ ဒုပါေမာကၡခ်ဳပ္အပါအဝင္ ဝန္ထမ္း(၅)ဦးႏွင့္ ၎တို႔၏ မိသားစုဝင္မ်ားကို တရားစြဲဆို အေရးယူသြားမည္ဟု အသိေပးထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။
အလားတူ တပ္မေတာ္မိသားစုဝင္ (၃)ဦးကိုလည္း အေရးယူေဆာင္႐ြက္သြားမည္ဟု IEC က ထပ္မံအသိေပး ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။