မြန်မာ့မီးရထားရှိ သွားလာပို့ဆောင်ရေးဌာနတွင် လစ်လပ်နေသော ဒုရုံပိုင်ရာထူးနေရာများအတွက် ဝန်ထမ်းများခေါ်ယူ

 593

စော (NP News) - နိုဝင်ဘာ ၂၉

မြန်မာ့မီးရထားရှိ သွားလာပို့ဆောင်ရေးဌာနတွင် လစ်လပ်နေသော ဒုရုံပိုင်ရာထူးနေရာများအတွက် ဝန်ထမ်းများခေါ်ယူနေကြောင်း သိရသည်။

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား(ရုံးချုပ်)၊ သွားလာပို့ဆောင်ရေးဌာနက ယနေ့(နိုဝင်ဘာလ ၂၉ ရက်)တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။

သွားလာပို့ဆောင်ရေးဌာနမှ ဒုရုံပိုင်ရာထူး နေရာ (၄၀) ခေါ်ယူသွားမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်ဟု ထုတ်ပြန်ထားသည်။

လျှောက်လွှာများကို မြန်မာ့မီးရထား(ရုံးချုပ်)၊ သွားလာပို့ဆောင်ရေးဌာန၊ နေပြည်တော်ဘူတာကြီးသို့ ဒီဇင်ဘာလ ၂၉ ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်တွင် မှတ်ပုံတင်ကတ်ပြား(မူရင်း)၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)၊ ဆယ်တန်းအောင်လက်မှတ် (မူရင်း)၊ ဘွဲလက်မှတ်(မူရင်း)များနှင့်အတူ အထက်ပါနေရာတွင် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာန(ရုံးချုပ်)မှ အငယ်တန်းစာရေး (၁၂)နေရာ ခေါ်ယူသွားမည်ဖြစ်ပြီး အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ တက်ကျွမ်းသူကို ဦးစားပေးခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများသည် လျှောက်လွှာများကို မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော်၊ စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာနတွင် ဒီဇင်ဘာလ (၂၀)ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဒီဇင်ဘာလ ၂၇ ရက်တွင် မှတ်ပုံတင်ကတ်ပြား(မူရင်း)၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)၊ ပညာအရည်အချင်းနှင့် ဘာသာရပ်ဆိုင်ရာ အသိ အမှတ်ပြုလက်မှတ်အထောက်အထား (မူရင်း)များနှင့်အတူ အထက်ပါနေရာတွင် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေးဖြေစာမေးပွဲ၊ လူတွေ့စစ်ဆေးခြင်းနှင့်ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်းများအတွက် နေပြည်တော်၊ မြန်မာ့မီရထား(ရုံးချုပ်)၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ဘူတာကြီး၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာ့မီးရထားရွိ သြားလာပို႔ေဆာင္ေရးဌာနတြင္ လစ္လပ္ေနေသာ ဒု႐ုံပိုင္ရာထူးေနရာမ်ားအတြက္ ဝန္ထမ္းမ်ားေခၚယူ

ေစာ (NP News) - ႏိုဝင္ဘာ ၂၉

ျမန္မာ့မီးရထားရွိ သြားလာပို႔ေဆာင္ေရးဌာနတြင္ လစ္လပ္ေနေသာ ဒု႐ုံပိုင္ရာထူးေနရာမ်ားအတြက္ ဝန္ထမ္းမ်ားေခၚယူေနေၾကာင္း သိရသည္။

ပို႔ေဆာင္ေရး ႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့မီးရထား(႐ုံးခ်ဳပ္)၊ သြားလာပို႔ေဆာင္ေရးဌာနက ယေန႔(ႏိုဝင္ဘာလ ၂၉ ရက္)တြင္ အထက္ပါကဲ့သို႔ေၾကညာထားျခင္းျဖစ္သည္။

သြားလာပို႔ေဆာင္ေရးဌာနမွ ဒု႐ုံပိုင္ရာထူး ေနရာ (၄၀) ေခၚယူသြားမည္ျဖစ္ၿပီး တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိသူျဖစ္ရမည္ဟု ထုတ္ျပန္ထားသည္။

ေလွ်ာက္လႊာမ်ားကို ျမန္မာ့မီးရထား(႐ုံးခ်ဳပ္)၊ သြားလာပို႔ေဆာင္ေရးဌာန၊ ေနျပည္ေတာ္ဘူတာႀကီးသို႔ ဒီဇင္ဘာလ ၂၉ ရက္ေနာက္ဆုံးထား၍ ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္တြင္ မွတ္ပုံတင္ကတ္ျပား(မူရင္း)၊ အလုပ္သမားမွတ္ပုံတင္ကတ္ျပား(မူရင္း)၊ ဆယ္တန္းေအာင္လက္မွတ္ (မူရင္း)၊ ဘြဲလက္မွတ္(မူရင္း)မ်ားႏွင့္အတူ အထက္ပါေနရာတြင္ ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ စီမံကိန္းႏွင့္အုပ္ခ်ဳပ္ေရးဌာန(႐ုံးခ်ဳပ္)မွ အငယ္တန္းစာေရး (၁၂)ေနရာ ေခၚယူသြားမည္ျဖစ္ၿပီး အဂၤလိပ္စာ ႏွင့္ ကြန္ပ်ဴတာ တက္ကြၽမ္းသူကို ဦးစားေပးေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားသူမ်ားသည္ ေလွ်ာက္လႊာမ်ားကို ျမန္မာ့မီးရထား(႐ုံးခ်ဳပ္)၊ ေနျပည္ေတာ္၊ စီမံကိန္းႏွင့္အုပ္ခ်ဳပ္ေရးဌာနတြင္ ဒီဇင္ဘာလ (၂၀)ရက္ ေနာက္ဆုံးထား၍ ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။

စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို ဒီဇင္ဘာလ ၂၇ ရက္တြင္ မွတ္ပုံတင္ကတ္ျပား(မူရင္း)၊ အလုပ္သမားမွတ္ပုံတင္ကတ္ျပား(မူရင္း)၊ ပညာအရည္အခ်င္းႏွင့္ ဘာသာရပ္ဆိုင္ရာ အသိ အမွတ္ျပဳလက္မွတ္အေထာက္အထား (မူရင္း)မ်ားႏွင့္အတူ အထက္ပါေနရာတြင္ ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေရးေျဖစာေမးပြဲ၊ လူေတြ႕စစ္ေဆးျခင္းႏွင့္ကြန္ပ်ဴတာကြၽမ္းက်င္မႈ စစ္ေဆးျခင္းမ်ားအတြက္ ေနျပည္ေတာ္၊ ျမန္မာ့မီရထား(႐ုံးခ်ဳပ္)၊ ပုဗၺသီရိၿမိဳ႕နယ္၊ ေနျပည္ေတာ္ဘူတာႀကီး၌ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.