တောင်ငူမြို့နယ်တွင် တွဲကားတိမ်းမှောက်၍ ဘေးတွဲဆိုင်ကယ်ပေါ် ပိမိခဲ့ပြီး ပိမိနေသူများကို ကယ်ထုတ်နေ

 2126

Pearl (NP News) - ဒီဇင်ဘာ ၂

တောင်ငူမြို့နယ်တွင် တွဲကားတိမ်းမှောက်၍ ဘေးတွဲဆိုင်ကယ်ပေါ် ပိမိခဲ့ပြီး ပိမိနေသူများကို ကယ်ထုတ်နေကြောင်း Save The Trees Rescue ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၂ရက်)၊ နေ့လည် (၃)နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရွှေဘိုလေးကွေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွှေဘိုလေးကွေ့တွင် ပုလင်းခွံများသယ်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်ရာမှ ပလုံကောက်သူများလိုက်ပါလာသော ဘေးတွဲဆိုင်ကယ်အား ပိမိခဲ့ကြောင်း သိရသည်။

"ပလုံကောက်တဲ့ ဘေးတွဲဆိုင်ကယ်ကို ပိမိတာပါ။ တစ်ယောက်တော့ ဆွဲထုတ်နိုင်ပြီ။ အောက်မှာ ဘယ်နှယောက်ကျန်လဲ အတည်မပြုနိုင်ပါဘူး၊ တစ်ယောက်ကျန်တာလည်းဖြစ်နိုင်တယ်။ နှစ်ယောက်ကျန်တာလည်းဖြစ်နိုင်တယ်။ လက်ရှိ ပုလင်းတွေဖယ်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေပါတယ်"ဟု Save The Trees Rescue ၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် အမျိုးသားတစ်ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတွင် ခါးရိုးကြိုးဒဏ်ရာများရရှိထားကာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။

အဆိုပါ ဘေးတွဲဆိုင်ကယ်တွင် လူမည်မျှလိုက်ပါလာသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကူညီ ကယ်ဆယ်ရေးများလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေတာင္ငူၿမိဳ႕နယ္တြင္ တြဲကားတိမ္းေမွာက္၍ ေဘးတြဲဆိုင္ကယ္ေပၚ ပိမိခဲ့ၿပီး ပိမိေနသူမ်ားကို ကယ္ထုတ္ေန

Pearl (NP News) - ဒီဇင္ဘာ ၂

ေတာင္ငူၿမိဳ႕နယ္တြင္ တြဲကားတိမ္းေမွာက္၍ ေဘးတြဲဆိုင္ကယ္ေပၚ ပိမိခဲ့ၿပီး ပိမိေနသူမ်ားကို ကယ္ထုတ္ေနေၾကာင္း Save The Trees Rescue ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာလ ၂ရက္)၊ ေန႔လည္ (၃)နာရီခြဲခန႔္တြင္ ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕နယ္၊ ေ႐ႊဘိုေလးေကြ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေ႐ႊဘိုေလးေကြ႕တြင္ ပုလင္းခြံမ်ားသယ္ေဆာင္လာသည့္ တြဲကားတစ္စီး တိမ္းေမွာက္ရာမွ ပလုံေကာက္သူမ်ားလိုက္ပါလာေသာ ေဘးတြဲဆိုင္ကယ္အား ပိမိခဲ့ေၾကာင္း သိရသည္။

"ပလုံေကာက္တဲ့ ေဘးတြဲဆိုင္ကယ္ကို ပိမိတာပါ။ တစ္ေယာက္ေတာ့ ဆြဲထုတ္ႏိုင္ၿပီ။ ေအာက္မွာ ဘယ္ႏွေယာက္က်န္လဲ အတည္မျပဳႏိုင္ပါဘူး၊ တစ္ေယာက္က်န္တာလည္းျဖစ္ႏိုင္တယ္။ ႏွစ္ေယာက္က်န္တာလည္းျဖစ္ႏိုင္တယ္။ လက္ရွိ ပုလင္းေတြဖယ္ၿပီး ကူညီကယ္ဆယ္ေရးေတြ လုပ္ေနပါတယ္"ဟု Save The Trees Rescue ၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ အမ်ိဳးသားတစ္ဦးအား ကယ္ထုတ္ႏိုင္ခဲ့ၿပီး ၎တြင္ ခါး႐ိုးႀကိဳးဒဏ္ရာမ်ားရရွိထားကာ စိုးရိမ္ဖြယ္ရာ အေျခအေနရွိေၾကာင္း သိရသည္။

အဆိုပါ ေဘးတြဲဆိုင္ကယ္တြင္ လူမည္မွ်လိုက္ပါလာသည္ကို အတည္ျပဳႏိုင္ျခင္းမရွိေသးဘဲ ကူညီ ကယ္ဆယ္ေရးမ်ားလည္း ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.