“ဝ” နဲ့ မိုင်းလား နှစ် ၂ဝ ကျော်အတွင်းမှာ ဘယ်လိုတိုးတက်လာသလဲ (ဆောင်းပါး)

 3125

စိုင်းနော်လိတ် (NP News) - ဒီဇင်ဘာ ၂

မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပြည်နယ်ဖြစ်တဲ့ ရှမ်းပြည်နယ်မှာ ခေတ်မီအထပ် မြင့် အဆောက်အအုံတွေ ၊ ဟိုတယ်တွေ ၊ နောက်ဆုံးပေါ် ကားတွေနဲ့ မီးရောင်ထိန်ထိန်လင်းနေပြီး ပဉ္စလက်ဆန်ဆန် ပုံဖော်ထားတဲ့ မြို့တွေ ရှိတာတွေ့ရပါတယ် ။ အဲဒီမြို့တွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းလားမြို့ မိုင်းပေါက် နဲ့ ပန်ဆန်းမြို့တွေပဲ ဖြစ်ပါတယ်။ မိုင်းလားမြို့ဟာ အထူးဒေသ ၄ ၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) ရဲ့ ဌာနချုပ်ရှိသလို ၊ ပန်ဆန်းမြို့မှာဆိုရင်လည်း အထူးဒေသ ၂၊ (UWSA ) “ ဝ ” အဖွဲ့ရဲ့ ဌာနချုပ် ရှိတဲ့မြို့တွေပဲ ဖြစ်ပါတယ်။

ဒီ မြို့တွေရဲ့တိုးတက်မှုကို ကြည့်ရင် နှစ်ပေါင်း ၂၀ ကျော် ၃၀ အတွင်းမှာ ရုတ်ခြည်းပြောင်းလဲသွားခဲ့ တာဖြစ်ပြီး ဒီလိုချက်ချင်း တိုးတက်ပြောင်းလဲလာဖို့ဆိုတာက လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ မြန်မာနိုင်ငံတော်အစိုးရ အနေနဲ့လည်း နိုင်ငံအတွင်းရှိ မြို့တွေ အများကြီးထဲက မိုင်းလား ၊ ပန်ဆန်း နဲ့ မိုင်း ပေါက်ဆိုတဲ့ မြို့ ၃ မြို့ကို ကွက်ပြီးတော့ ဘတ်ဂျက်တွေချပေး ၊ တည်ဆောက်ရေးတွေပြုလုပ်ပေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို ဦးစားပေးလုပ်ဆောင်ခဲ့ရင်တောင်မှ အခုလို ရုတ်ခြည်းပြောင်းလဲ တိုးတက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီမြို့တွေက ဘာကြောင့်အခုလိုချက်ချင်းကြီးတိုးတက်ပြောင်းလဲ သွားရတာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကိုတော်တော်များများက သိချင်နေကြပေမယ့် ဘယ်သူမှ တိတိကျ ကျ မသိခဲ့ကြပါဘူး။ အများစုက ထင်မြင်ယူဆချက်တွေနဲ့ တရုတ်နယ်စပ်မြို့ဖြစ်လို့ တရုတ်ရဲ့ထောက်ပံ့ ကူညီပေးမှုကြောင့် ပြောင်းလဲသွားတယ်လို့ ဆိုကြသလို ၊ တချို့ကတော့ မူးယစ်ဆေးဝါးနဲ့ လောင်းကစား ဝိုင်းတွေကနေ ရလာတဲ့ တရားမဝင် ငွေကြေးတွေနဲ့ အခုလို ဖြစ်လာကြတာဆိုပြီးတော့ ထင်မြင်ယူဆ ချက် အမျိုးမျိုးနဲ့ ပြောဆိုနေကြတာတွေ့ရပါတယ်။

တကယ်ဆိုရင် ဒီမြို့တွေတိုးတက်သလိုမျိုး မြန်မာနိုင်ငံအတွင်းကမြို့တွေအားလုံးကို တိုးတက်ပြောင်းလဲသွားအောင် လုပ်ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းတွေ၊ ဗဟုသုတတွေကိုမျှဝေပြီး တစ်နိုင်ငံလုံး တိုးတက်ပြောင်းလဲအောင် လုပ်ဖို့သင့်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရတွေအနေနဲ့ နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်အဘက်ဘက်မှ ပြုပြင်ပြောင်းလဲရေး တွေ လုပ်ဆောင်ခဲ့ပေမယ့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ “ဝ”ဒေသနဲ့ မိုင်းလားဒေသတွေရဲ့ လက်ရှိဖွံ့ဖြိုးတိုးတက်မှုမျိုးဟာ နိုင်ငံတော်အဆင့်မှာတောင် အခုလိုအချိန်တိုကာလ အတွင်း နေ့ချင်းညချင်း ပြောင်းလဲသွားအောင် လုပ်ဆောင်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ ကိစ္စရပ်မျိုးဖြစ်ပါတယ်။

လက်ရှိအစိုးရတာဝန်ယူထားရတဲ့ တပ်မတော်အနေနဲ့လည်း ခေတ်အဆက်ဆက်နိုင်ငံတော်ကာကွယ်ရေး အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါတီစုံဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်နဲ့ လျှောက်လှမ်းနိုင်အောင် ကျရာတာဝန်ကနေ ကူညီဆောင်ရွက်ပေးခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ၂ဝ၂ဝ ပြည့်နှစ်အထွေ ထွေရွေးကောက်ပွဲအပြီးမှာ ပါတီတစ်ခုရဲ့ နိုင်ငံတော်အာဏာအတင်းအဓမ္မရလိုမှုနဲ့ မဲမသမာမှုတွေ ပြုလုပ် ခဲ့တာကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ထိန်းသိမ်းခဲ့ရပါ တယ်။

ဒါပေမယ့်လည်း တပ်မတော်ရဲ့ နိုင်ငံတော်အာဏာထိန်းသိမ်းခဲ့တာကို အကြောင်းပြပြီး အကြမ်းဖက်အုပ်စု တွေဖြစ်တဲ့ NUG၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက အကြမ်းဖက်လုပ်ရပ်တွေကို မြို့ရွာတွေမှာ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြပါတယ်။ နိုင်ငံပိုင်အဆောက်အအုံတွေ၊ တက္ကသိုလ်တွေ၊ စာသင်ကျောင်း တွေ၊ အများပြည်သူအသုံးပြုသွားလာနေတဲ့ လမ်းတံတားတွေ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုူတွေလုပ် လာကြသလို၊ အပြစ်မဲ့ပြည်သူတွေနေထိုင်တဲ့ မြို့ရွာတွေမှာ တိုက်ပွဲတွေဖန်တီးတိုက်ခိုက်လာခဲ့ တာကြောင့် ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြရင်းနဲ့ မြို့ရွာတွေဟာ လူသူမရှိတော့ဘဲ ခြောက်ကပ် ပြီး မြို့ပျက်ကြီးသဖွယ်ဖြစ်လာခဲ့တယ်။ နိုင်ငံတော်အဖျက်လုပ်ငန်းတွေရှိနေတာကြောင့် တိုးတက်မှုဟာ ထင်တိုင်းမပေါက်ဘဲ နှောင့်နှေးကြန့်ကြာမှုတွေရှိနေခဲ့တာ‌တွေကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုအကြမ်းဖက်အဖွဲ့တွေ လက်ခံထားတဲ့ဒေသတွေဟာ စစ်မီးတောက်လောင်မှုနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာတာတွေ ခံစားနေကြရမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံတစ်ခုတည်းဖြစ်နေတာ မဟုတ်ဘူး၊ မငြိမ်းချမ်းသေးတဲ့ နိုင်ငံ၊ စစ်ဖြစ်နေတဲ့ ဒေသတိုင်းမှာ ဒီလိုဖွံ့ဖြိုးမှုနောက်ကျတာတွေနဲ့ ရင်ဆိုင်နေကြရမှာပါ။ အခုတော့ မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာတွေမှာ PDF တွေရဲ့ အကြမ်းဖက်တိုက်မှုတွေ၊ ဖောက်ခွဲဖျက်ဆီးမှုတွေကြောင့် တိုးတက်မှုတွေဟာ တဖြည်းဖြည်းဆုတ်ယုတ်လာသလို၊ လမ်းပန်းဆက်သွယ်ရေးတွေကလည်း ခက်ခဲလာတာတွေ့ရမှာဖြစ်ပါတယ်။

ဒါဆိုရင် မိုင်းလားတို့၊ ပန်ဆန်းတို့မှာ လက်နက်ကိုင်အဖွဲ့တွေရှိနေတာပဲ ဘာကြောင့် ဒီမြို့တွေကျတော့ ဖွံ့ ဖြိုးတိုးတက်နေတာလဲဆိုတဲ့ မေးခွန်းထုတ်စရာရှိလာပါလိမ့်မယ်။ “ဝ”ဒေသ ပန်ဆန်းတို့၊ မိုင်းလားတို့ဆိုတာ အရင်ဗကပတွေရှိစဉ်တိုက်ပွဲတွေဖြစ်ခဲ့စဉ်က အခုလိုဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့ဘူး။ ၁၉၈၉ ခုနှစ် နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် စစ်ပွဲတွေ ချုပ်ငြိမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုတွေ စတင်လာခဲ့ကြတာ လို့ ယူဆလို့ရပါတယ်။ “ဝ”ဒေသဟာ မူးယစ်ဆေးဝါးတွေ၊ လောင်းကစားရုံတွေစသဖြင့် တရားမဝင်ငွေကြေး နဲ့ ဖွံ့ဖြိုးတိုးတက်နေတယ်လို့ ဘယ်လိုပဲပြောဆိုနေပါစေ သေချာတာတစ်ခုက အဲဒီဒေသတွေ ဖွံ့ဖြိုးတိုး တက်နေမျုကို သိသာစေတဲ့ အကြောင်းအရင်းကတော့ မိုင်းလားပဲဖြစ်ဖြစ်၊ ပန်ဆန်ပဲဖြစ်ဖြစ် သူတို့ဒေသ မှာ စစ်မဖြစ်တာ နှစ်ပေါင်း ၃၄ နှစ်ကျော်ပြီဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ မကောင်းသတင်းနဲ့ ကျော်ဇောနေပါစေ ငြင်းလို့မရတဲ့အချက်ကတော့ အဲဒီ‌ဒေသ ဟာ စစ်မဖြစ်ဘဲ ငြိမ်းချမ်းနေလို့ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားမဖြစ်တာကတော့ ပကတိအမှန်တရား ပဲဖြစ်ပါတယ်။

zawgyi version
“ဝ” နဲ႔ မိုင္းလား ႏွစ္ ၂ဝ ေက်ာ္အတြင္းမွာ ဘယ္လိုတိုးတက္လာသလဲ (ေဆာင္းပါး)
စိုင္းေနာ္လိတ္ (NP News) - ဒီဇင္ဘာ ၂

ျမန္မာႏိုင္ငံရဲ႕ အႀကီးဆုံး ျပည္နယ္ျဖစ္တဲ့ ရွမ္းျပည္နယ္မွာ ေခတ္မီအထပ္ ျမင့္ အေဆာက္အအုံေတြ ၊ ဟိုတယ္ေတြ ၊ ေနာက္ဆုံးေပၚ ကားေတြနဲ႔ မီးေရာင္ထိန္ထိန္လင္းေနၿပီး ပၪၥလက္ဆန္ဆန္ ပုံေဖာ္ထားတဲ့ ၿမိဳ႕ေတြ ရွိတာေတြ႕ရပါတယ္ ။ အဲဒီၿမိဳ႕ေတြဟာ ရွမ္းျပည္နယ္အေရွ႕ပိုင္းက မိုင္းလားၿမိဳ႕ မိုင္းေပါက္ နဲ႔ ပန္ဆန္းၿမိဳ႕ေတြပဲ ျဖစ္ပါတယ္။ မိုင္းလားၿမိဳ႕ဟာ အထူးေဒသ ၄ ၊ အမ်ိဳးသားဒီမိုကေရစီမဟာမိတ္တပ္ဖြဲ႕ (NDAA) ရဲ႕ ဌာနခ်ဳပ္ရွိသလို ၊ ပန္ဆန္းၿမိဳ႕မွာဆိုရင္လည္း အထူးေဒသ ၂၊ (UWSA ) “ ဝ ” အဖြဲ႕ရဲ႕ ဌာနခ်ဳပ္ ရွိတဲ့ၿမိဳ႕ေတြပဲ ျဖစ္ပါတယ္။

ဒီ ၿမိဳ႕ေတြရဲ႕တိုးတက္မႈကို ၾကည့္ရင္ ႏွစ္ေပါင္း ၂၀ ေက်ာ္ ၃၀ အတြင္းမွာ ႐ုတ္ျခည္းေျပာင္းလဲသြားခဲ့ တာျဖစ္ၿပီး ဒီလိုခ်က္ခ်င္း တိုးတက္ေျပာင္းလဲလာဖို႔ဆိုတာက လြယ္ကူတဲ့ ကိစၥေတာ့မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံေတာ္အစိုးရ အေနနဲ႔လည္း ႏိုင္ငံအတြင္းရွိ ၿမိဳ႕ေတြ အမ်ားႀကီးထဲက မိုင္းလား ၊ ပန္ဆန္း နဲ႔ မိုင္း ေပါက္ဆိုတဲ့ ၿမိဳ႕ ၃ ၿမိဳ႕ကို ကြက္ၿပီးေတာ့ ဘတ္ဂ်က္ေတြခ်ေပး ၊ တည္ေဆာက္ေရးေတြျပဳလုပ္ေပး၊ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းစဥ္ေတြကို ဦးစားေပးလုပ္ေဆာင္ခဲ့ရင္ေတာင္မွ အခုလို ႐ုတ္ျခည္းေျပာင္းလဲ တိုးတက္သြားဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒီၿမိဳ႕ေတြက ဘာေၾကာင့္အခုလိုခ်က္ခ်င္းႀကီးတိုးတက္ေျပာင္းလဲ သြားရတာလဲဆိုတဲ့ ေမးခြန္းရဲ႕အေျဖကိုေတာ္ေတာ္မ်ားမ်ားက သိခ်င္ေနၾကေပမယ့္ ဘယ္သူမွ တိတိက် က် မသိခဲ့ၾကပါဘူး။ အမ်ားစုက ထင္ျမင္ယူဆခ်က္ေတြနဲ႔ တ႐ုတ္နယ္စပ္ၿမိဳ႕ျဖစ္လို႔ တ႐ုတ္ရဲ႕ေထာက္ပံ့ ကူညီေပးမႈေၾကာင့္ ေျပာင္းလဲသြားတယ္လို႔ ဆိုၾကသလို ၊ တခ်ိဳ႕ကေတာ့ မူးယစ္ေဆးဝါးနဲ႔ ေလာင္းကစား ဝိုင္းေတြကေန ရလာတဲ့ တရားမဝင္ ေငြေၾကးေတြနဲ႔ အခုလို ျဖစ္လာၾကတာဆိုၿပီးေတာ့ ထင္ျမင္ယူဆ ခ်က္ အမ်ိဳးမ်ိဳးနဲ႔ ေျပာဆိုေနၾကတာေတြ႕ရပါတယ္။

တကယ္ဆိုရင္ ဒီၿမိဳ႕ေတြတိုးတက္သလိုမ်ိဳး ျမန္မာႏိုင္ငံအတြင္းကၿမိဳ႕ေတြအားလုံးကို တိုးတက္ေျပာင္းလဲသြားေအာင္ လုပ္ေဆာင္ရမယ္ဆိုတဲ့ နည္းလမ္းေတြ၊ ဗဟုသုတေတြကိုမွ်ေဝၿပီး တစ္ႏိုင္ငံလုံး တိုးတက္ေျပာင္းလဲေအာင္ လုပ္ဖို႔သင့္ပါတယ္။ ေခတ္အဆက္ဆက္ ႏိုင္ငံေတာ္အစိုးရေတြအေနနဲ႔ ႏိုင္ငံကို ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေအာင္အဘက္ဘက္မွ ျပဳျပင္ေျပာင္းလဲေရး ေတြ လုပ္ေဆာင္ခဲ့ေပမယ့္ တိုးတက္သင့္သေလာက္ မတိုးတက္ခဲ့တာေတြ႕ရမွာျဖစ္ပါတယ္။ “ဝ”ေဒသနဲ႔ မိုင္းလားေဒသေတြရဲ႕ လက္ရွိဖြံ႕ၿဖိဳးတိုးတက္မႈမ်ိဳးဟာ ႏိုင္ငံေတာ္အဆင့္မွာေတာင္ အခုလိုအခ်ိန္တိုကာလ အတြင္း ေန႔ခ်င္းညခ်င္း ေျပာင္းလဲသြားေအာင္ လုပ္ေဆာင္ဖို႔ဆိုတာ အလြန္ခက္ခဲတဲ့ ကိစၥရပ္မ်ိဳးျဖစ္ပါတယ္။

လက္ရွိအစိုးရတာဝန္ယူထားရတဲ့ တပ္မေတာ္အေနနဲ႔လည္း ေခတ္အဆက္ဆက္ႏိုင္ငံေတာ္ကာကြယ္ေရး အျပင္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ပါတီစုံဒီမိုကေရစီႏိုင္ငံတစ္ခုအျဖစ္နဲ႔ ေလွ်ာက္လွမ္းႏိုင္ေအာင္ က်ရာတာဝန္ကေန ကူညီေဆာင္႐ြက္ေပးခဲ့တာ ေတြ႕ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ၂ဝ၂ဝ ျပည့္ႏွစ္အေထြ ေထြေ႐ြးေကာက္ပြဲအၿပီးမွာ ပါတီတစ္ခုရဲ႕ ႏိုင္ငံေတာ္အာဏာအတင္းအဓမၼရလိုမႈနဲ႔ မဲမသမာမႈေတြ ျပဳလုပ္ ခဲ့တာေၾကာင့္ တပ္မေတာ္အေနနဲ႔ ႏိုင္ငံေတာ္အာဏာကို ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီ ထိန္းသိမ္းခဲ့ရပါ တယ္။

ဒါေပမယ့္လည္း တပ္မေတာ္ရဲ႕ ႏိုင္ငံေတာ္အာဏာထိန္းသိမ္းခဲ့တာကို အေၾကာင္းျပၿပီး အၾကမ္းဖက္အုပ္စု ေတြျဖစ္တဲ့ NUG၊ PDF နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြက အၾကမ္းဖက္လုပ္ရပ္ေတြကို ၿမိဳ႕႐ြာေတြမွာ ေပၚေပၚထင္ထင္ ျပဳလုပ္လာၾကပါတယ္။ ႏိုင္ငံပိုင္အေဆာက္အအုံေတြ၊ တကၠသိုလ္ေတြ၊ စာသင္ေက်ာင္း ေတြ၊ အမ်ားျပည္သူအသုံးျပဳသြားလာေနတဲ့ လမ္းတံတားေတြ၊ လူေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးမႈူေတြလုပ္ လာၾကသလို၊ အျပစ္မဲ့ျပည္သူေတြေနထိုင္တဲ့ ၿမိဳ႕႐ြာေတြမွာ တိုက္ပြဲေတြဖန္တီးတိုက္ခိုက္လာခဲ့ တာေၾကာင့္ ျပည္သူေတြထြက္ေျပးတိမ္းေရွာင္ေနၾကရင္းနဲ႔ ၿမိဳ႕႐ြာေတြဟာ လူသူမရွိေတာ့ဘဲ ေျခာက္ကပ္ ၿပီး ၿမိဳ႕ပ်က္ႀကီးသဖြယ္ျဖစ္လာခဲ့တယ္။ ႏိုင္ငံေတာ္အဖ်က္လုပ္ငန္းေတြရွိေနတာေၾကာင့္ တိုးတက္မႈဟာ ထင္တိုင္းမေပါက္ဘဲ ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြရွိေနခဲ့တာ‌ေတြကို ေတြ႕ရမွာျဖစ္ပါတယ္။

ဒီလိုအၾကမ္းဖက္အဖြဲ႕ေတြ လက္ခံထားတဲ့ေဒသေတြဟာ စစ္မီးေတာက္ေလာင္မႈနဲ႔အတူ ဖြံ႕ၿဖိဳးတိုးတက္မႈ ေႏွာင့္ေႏွးၾကန႔္ၾကာတာေတြ ခံစားေနၾကရမွာျဖစ္ပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံတစ္ခုတည္းျဖစ္ေနတာ မဟုတ္ဘူး၊ မၿငိမ္းခ်မ္းေသးတဲ့ ႏိုင္ငံ၊ စစ္ျဖစ္ေနတဲ့ ေဒသတိုင္းမွာ ဒီလိုဖြံ႕ၿဖိဳးမႈေနာက္က်တာေတြနဲ႔ ရင္ဆိုင္ေနၾကရမွာပါ။ အခုေတာ့ ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕႐ြာေတြမွာ PDF ေတြရဲ႕ အၾကမ္းဖက္တိုက္မႈေတြ၊ ေဖာက္ခြဲဖ်က္ဆီးမႈေတြေၾကာင့္ တိုးတက္မႈေတြဟာ တျဖည္းျဖည္းဆုတ္ယုတ္လာသလို၊ လမ္းပန္းဆက္သြယ္ေရးေတြကလည္း ခက္ခဲလာတာေတြ႕ရမွာျဖစ္ပါတယ္။

ဒါဆိုရင္ မိုင္းလားတို႔၊ ပန္ဆန္းတို႔မွာ လက္နက္ကိုင္အဖြဲ႕ေတြရွိေနတာပဲ ဘာေၾကာင့္ ဒီၿမိဳ႕ေတြက်ေတာ့ ဖြံ႕ ၿဖိဳးတိုးတက္ေနတာလဲဆိုတဲ့ ေမးခြန္းထုတ္စရာရွိလာပါလိမ့္မယ္။ “ဝ”ေဒသ ပန္ဆန္းတို႔၊ မိုင္းလားတို႔ဆိုတာ အရင္ဗကပေတြရွိစဥ္တိုက္ပြဲေတြျဖစ္ခဲ့စဥ္က အခုလိုဖြံ႕ၿဖိဳးတိုးတက္မႈမရွိခဲ့ဘူး။ ၁၉၈၉ ခုႏွစ္ ေနာက္ပိုင္း ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕(နဝတ) ႏွင့္ အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ စစ္ပြဲေတြ ခ်ဳပ္ၿငိမ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္မႈေတြ စတင္လာခဲ့ၾကတာ လို႔ ယူဆလို႔ရပါတယ္။ “ဝ”ေဒသဟာ မူးယစ္ေဆးဝါးေတြ၊ ေလာင္းကစား႐ုံေတြစသျဖင့္ တရားမဝင္ေငြေၾကး နဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေနတယ္လို႔ ဘယ္လိုပဲေျပာဆိုေနပါေစ ေသခ်ာတာတစ္ခုက အဲဒီေဒသေတြ ဖြံ႕ၿဖိဳးတိုး တက္ေနမ်ဳကို သိသာေစတဲ့ အေၾကာင္းအရင္းကေတာ့ မိုင္းလားပဲျဖစ္ျဖစ္၊ ပန္ဆန္ပဲျဖစ္ျဖစ္ သူတို႔ေဒသ မွာ စစ္မျဖစ္တာ ႏွစ္ေပါင္း ၃၄ ႏွစ္ေက်ာ္ၿပီျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဒီေဒသေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ ပတ္သက္ၿပီး ဘယ္လိုပဲ မေကာင္းသတင္းနဲ႔ ေက်ာ္ေဇာေနပါေစ ျငင္းလို႔မရတဲ့အခ်က္ကေတာ့ အဲဒီ‌ေဒသ ဟာ စစ္မျဖစ္ဘဲ ၿငိမ္းခ်မ္းေနလို႔ ဖြံ႕ၿဖိဳးတိုးတက္မႈကို အဟန႔္အတားမျဖစ္တာကေတာ့ ပကတိအမွန္တရား ပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.