PDF အဖွဲ့က ဆောက်လုပ်ဆဲ ထားဝယ်အကျဉ်းထောင်သစ်သို့ လာရောက်ကာ ဘက်ဟိုး(၂)စီးကို မီးရှို့ဖျက်ဆီးပြီးနောက် လူ(၂)ဦးကို ဖမ်းဆီးသွား

6894

မြူနစ် (NP News) - ဒီဇင်ဘာ ၃
PDF ပူးပေါင်းအဖွဲ့က ထားဝယ်မြို့ရှိ ဆောက်လုပ်ဆဲ အကျဉ်းထောင်အသစ်သို့ လာရောက်ကာ ဘက်ဟိုး (၂)စီးကို မီးရှို့ဖျက်ဆီးပြီးနောက် လူ(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၃ ရက်) နံနက်ပိုင်းတွင် PDF ပူးပေါင်းအဖွဲ့မှ လူအင်အား (၅ဝ) ဝန်းကျင်ခန့်သည် ဆောက်လုပ်ဆဲ အကျဉ်းထောင်သစ်သို့ရောက်ရှိလာကာ အထက်ပါကဲ့သို့ လုပ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်အစိုးရအဖွဲ့ နှင့် နီးစပ်သူက NP News ကို ပြောသည်။
“ဒီနေ့မှ မနက်ပိုင်းမှာ ဖြစ်သွားတာပါ။ လက်သမားခေါင်းဆောင်နဲ့ ပန်းရံခေါင်းဆောင် နှစ်ယောက်ကို ဖမ်းသွား တယ်။ သူတို့ကတော့ အရပ်သားတွေပေါ့ နိုင်ငံ့ဝန်ထမ်းတွေ မဟုတ်ပါဘူး။ ပြီးတော့ ဘက်ဟိုး(၂)စီးကိုလည်း မီးရှို့ ဖျက်ဆီးသွားတယ်။ အကျဉ်းထောင်ဆောက်လုပ်နေတာတွေကိုလည်း ဆက်မလုပ်ဖို့ ခြိမ်းခြောက်သွားတာရှိတယ်” ဟု ထားဝယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထားဝယ်အကျဉ်းထောင်အသစ် စီမံကိန်းအတွင်းရှိ ဘက်ဟိုး(၂)စီးသည် မီးရှို့ဖျက်ဆီးခံရမှုကြောင့် လုံးဝပျက်စီး သွားခဲ့ကြောင်း သိရသည်။
“အကျဉ်းထောင်အသစ်က ထားဝယ်-ရေဖြူကားလမ်းပေါ်မှာ ရှိတာပါ။ ထားဝယ်မြို့အထွက်မှာ ရှိတာပေါ့။ ဒါပေမယ့် ထားဝယ်မြို့နဲ့တော့ (၈)မိုင်လောက်တော့ ဝေးတယ်။ ထားဝယ်နဲ့ရေဖြူကြားမှာ ရှိတာပေါ့။ အဲဒီမှာလည်း လုံခြုံရေးက ကောင်းကောင်းမပေးနိုင်တော့ ဖြစ်သွားတာပေါ့” ဟု ထားဝယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ဆိုသည်။
ပြီးခဲ့သော စက်တင်ဘာလကုန်ပိုင်း၌ ထားဝယ်အကျဉ်းထောင်မှ ထောင်ဝန်ထမ်း(၂)ဦးသည် PDF အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသကဲ့သို့ အကျဉ်းသား(၅)ဦးသည်လည်း ထွက်ပြေးလွတ်မြောက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစကဘက်က ဒီဇင်ဘာလ ၃ ရက်၊ နံနက် ၉ နာရီခွဲခန့်က PDF အဖွဲ့ဝင် ၅၀ ဦးခန့်သည် ထားဝယ်အကျဉ်းထောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိလာပြီးနောက် ဘတ်ဟိုး(၁)စီးနှင့်အလုပ်သမားများနေထိုင်သည့် အလုပ်သ မားတန်းလျားကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အလုပ်သမား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့အတူ လုပ်ငန်းခွင်၌ကျန်ရှိခဲ့သည့် အလုပ်သမားများကိုလည်း ထားဝယ်အကျဉ်းထောင်သစ်ဆောက် လုပ်ရေးလုပ်ငန်းအား ထပ်မံလုပ်ဆောင်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(၃)လခန့်ကြာမြင့်ပြီဖြစ်သည့် ထားဝယ်အကျဉ်းထောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း ဒီဇင်ဘာလ ၃ ရက်မှစ၍ ယာယီရပ်နားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

Zawgyi Version;
PDF အဖြဲ႕က ေဆာက္လုပ္ဆဲ ထားဝယ္အက်ဥ္းေထာင္သစ္သို႔ လာေရာက္ကာ ဘက္ဟိုး(၂)စီးကို မီးရႈိ႕ဖ်က္ဆီးၿပီးေနာက္ လူ(၂)ဦးကို ဖမ္းဆီးသြား
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၃
PDF ပူးေပါင္းအဖြဲ႕က ထားဝယ္ၿမိဳ႕ရွိ ေဆာက္လုပ္ဆဲ အက်ဥ္းေထာင္အသစ္သို႔ လာေရာက္ကာ ဘက္ဟိုး (၂)စီးကို မီးရႈိ႕ဖ်က္ဆီးၿပီးေနာက္ လူ(၂)ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ယေန႔(ဒီဇင္ဘာ ၃ ရက္) နံနက္ပိုင္းတြင္ PDF ပူးေပါင္းအဖြဲ႕မွ လူအင္အား (၅ဝ) ဝန္းက်င္ခန႔္သည္ ေဆာက္လုပ္ဆဲ အက်ဥ္းေထာင္သစ္သို႔ေရာက္ရွိလာကာ အထက္ပါကဲ့သို႔ လုပ္ေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း ထားဝယ္အစိုးရအဖြဲ႕ ႏွင့္ နီးစပ္သူက NP News ကို ေျပာသည္။
“ဒီေန႔မွ မနက္ပိုင္းမွာ ျဖစ္သြားတာပါ။ လက္သမားေခါင္းေဆာင္နဲ႔ ပန္းရံေခါင္းေဆာင္ ႏွစ္ေယာက္ကို ဖမ္းသြား တယ္။ သူတို႔ကေတာ့ အရပ္သားေတြေပါ့ ႏိုင္ငံ့ဝန္ထမ္းေတြ မဟုတ္ပါဘူး။ ၿပီးေတာ့ ဘက္ဟိုး(၂)စီးကိုလည္း မီးရႈိ႕ ဖ်က္ဆီးသြားတယ္။ အက်ဥ္းေထာင္ေဆာက္လုပ္ေနတာေတြကိုလည္း ဆက္မလုပ္ဖို႔ ၿခိမ္းေျခာက္သြားတာရွိတယ္” ဟု ထားဝယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။
ထားဝယ္အက်ဥ္းေထာင္အသစ္ စီမံကိန္းအတြင္းရွိ ဘက္ဟိုး(၂)စီးသည္ မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ လုံးဝပ်က္စီး သြားခဲ့ေၾကာင္း သိရသည္။
“အက်ဥ္းေထာင္အသစ္က ထားဝယ္-ေရျဖဴကားလမ္းေပၚမွာ ရွိတာပါ။ ထားဝယ္ၿမိဳ႕အထြက္မွာ ရွိတာေပါ့။ ဒါေပမယ့္ ထားဝယ္ၿမိဳ႕နဲ႔ေတာ့ (၈)မိုင္ေလာက္ေတာ့ ေဝးတယ္။ ထားဝယ္နဲ႔ေရျဖဴၾကားမွာ ရွိတာေပါ့။ အဲဒီမွာလည္း လုံၿခဳံေရးက ေကာင္းေကာင္းမေပးႏိုင္ေတာ့ ျဖစ္သြားတာေပါ့” ဟု ထားဝယ္အစိုးရအဖြဲ႕ႏွင့္နီးစပ္သူက ဆိုသည္။
ၿပီးခဲ့ေသာ စက္တင္ဘာလကုန္ပိုင္း၌ ထားဝယ္အက်ဥ္းေထာင္မွ ေထာင္ဝန္ထမ္း(၂)ဦးသည္ PDF အဖြဲ႕၏ သတ္ျဖတ္ျခင္းကို ခံခဲ့ရသကဲ့သို႔ အက်ဥ္းသား(၅)ဦးသည္လည္း ထြက္ေျပးလြတ္ေျမာက္ခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး နစကဘက္က ဒီဇင္ဘာလ ၃ ရက္၊ နံနက္ ၉ နာရီခြဲခန္႔က PDF အဖြဲ႕ဝင္ ၅၀ ဦးခန္႔သည္ ထားဝယ္အက်ဥ္းေထာင္သစ္ေဆာက္လုပ္ေရးလုပ္ငန္းခြင္သို႔ေရာက္ရွိလာၿပီးေနာက္ ဘတ္ဟိုး(၁)စီးႏွင့္အလုပ္သမားမ်ားေနထိုင္သည့္ အလုပ္သ မားတန္းလ်ားကို မီးရႈိ႕ဖ်က္ဆီးခဲ့ၾကၿပီး အလုပ္သမား ၆ ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔အတူ လုပ္ငန္းခြင္၌က်န္ရွိခဲ့သည့္ အလုပ္သမားမ်ားကိုလည္း ထားဝယ္အက်ဥ္းေထာင္သစ္ေဆာက္ လုပ္ေရးလုပ္ငန္းအား ထပ္မံလုပ္ေဆာင္ျခင္းမျပဳရန္ ၿခိမ္းေျခာက္ေျပာဆိုသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
(၃)လခန္႔ၾကာျမင့္ၿပီျဖစ္သည့္ ထားဝယ္အက်ဥ္းေထာင္သစ္ေဆာက္လုပ္ေရးလုပ္ငန္းကိုလည္း ဒီဇင္ဘာလ ၃ ရက္မွစ၍ ယာယီရပ္နားခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းဝင္မ်ားထံမွ သိရသည္။