အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲမှုကြောင့် တောင်တက်သမား အနည်းဆုံး ၁၁ ဦးသေဆုံး

 329

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၄

အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားပြည်နယ်အနောက်ပိုင်းရှိ မာရာပီ မီးတောင်မှာ ဒီဇင်ဘာလ ၄ ရက်ကပေါက်ကွဲမှုတွေဖြစ်လာခဲ့ခြင်းကြောင့် တောင်တက်သမား ၁၁ ဦးသေဆုံးသွားခဲ့ကြောင်းသိရပါတယ်။

မီးတောင်ပေါက်ကွဲမှုဖြစ်ပွားချိန်အတွင်း တောင်တက်သမား ၇၅ ဦးခန့် တောင်နားမှာရှိနေခဲ့ကြောင်း၊ မီးတောင်ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၁၂ ဦးပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှားသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ မီးတောင်ပေါက်ကွဲမှုများကြောင့်ချော်ရည်များထွက်ပေါ်နေတဲ့အတွက် ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၁၂ ဦးကို ရှာဖွေကယ်တင်မယ့် လုပ်ငန်းတွေ ရပ်တန့်ရဖွယ်ရှိနေကြောင်း သိရပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာများဟာ အမြင့်ပေ ၁ သောင်းနီးပါးအထိမြင့်တက်ရောက်ရှိခဲ့ကြောင်းသိရပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေဟာ မီးတောင်ပေါက်ကွဲပြီးနောက် ရှာဖွေကယ်တင်မှုများလုပ်ဆောင်ခဲ့ရာ ကျန်ရှိတဲ့ တောင်တက်သမား ၅၀ ကျော်ကို ကယ်တင်ထားနိုင်ခဲ့ကြောင်း အင်ဒိုနိးရှားအခြေစိုက်မီဒီယာတွေကဖော်ပြထားပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်များဟာ လက်ရှိအချိန်မှာ မီးတောင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒုတိယအမြင့်ဆုံးသတိပေးချက်တွေကို ထုတ်ပြန်ထားရကြောင်းသိရပါတယ်။ မီးတောင်ပြာတွေဟာ အနီးပတ်ဝန်းကျင်ရှိရွာတွေနားကို ကျရောက်ခဲ့ပြီး ရွာတွေကို ဖုံးလွမ်းခဲ့ကြောင်း၊ ရွာတွေဟာ မီးတောင်ပြာတွေကြောင့် နေရဲ့အလင်းရောင်ကိုကောင်းစွာမတွေ့မြင်ရတော့ကြောင်း အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Abdul Muhari ကပြောပါတယ်။ အာဏာပိုင်တွေဟာ မီးတောင်ပတ် ဝန်းကျင်ရှိ ကျေးရွာတွေကို masks တွေဖြန့်ဝေထားသလို မီးတောင်ပြာတွေကို ကာကွယ်ဖို့ မျက်မှန်တွေ ဝတ်ဆင်ထားဖို့ တိုက်တွန်းအကြံပေးထားပါတယ်။

zawgyi version
အင္ဒိုနီးရွားႏိုင္ငံမွာ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေတာင္တက္သမား အနည္းဆုံး ၁၁ ဦးေသဆုံး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၄

အင္ဒိုနီးရွားႏိုင္ငံ ဆူမတ္ၾတားျပည္နယ္အေနာက္ပိုင္းရွိ မာရာပီ မီးေတာင္မွာ ဒီဇင္ဘာလ ၄ ရက္ကေပါက္ကြဲမႈေတြျဖစ္လာခဲ့ျခင္းေၾကာင့္ ေတာင္တက္သမား ၁၁ ဦးေသဆုံးသြားခဲ့ေၾကာင္းသိရပါတယ္။

မီးေတာင္ေပါက္ကြဲမႈျဖစ္ပြားခ်ိန္အတြင္း ေတာင္တက္သမား ၇၅ ဦးခန႔္ ေတာင္နားမွာရွိေနခဲ့ေၾကာင္း၊ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေတာင္တက္သမား ၁၂ ဦးေပ်ာက္ဆုံးေနေၾကာင္း အင္ဒိုနီးရွားသတင္းမီဒီယာေတြက ေဖာ္ျပထားပါတယ္။ မီးေတာင္ေပါက္ကြဲမႈမ်ားေၾကာင့္ေခ်ာ္ရည္မ်ားထြက္ေပၚေနတဲ့အတြက္ ေပ်ာက္ဆုံးေနတဲ့ ေတာင္တက္သမား ၁၂ ဦးကို ရွာေဖြကယ္တင္မယ့္ လုပ္ငန္းေတြ ရပ္တန႔္ရဖြယ္ရွိေနေၾကာင္း သိရပါတယ္။ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ မီးေတာင္ျပာမ်ားဟာ အျမင့္ေပ ၁ ေသာင္းနီးပါးအထိျမင့္တက္ေရာက္ရွိခဲ့ေၾကာင္းသိရပါတယ္။

အင္ဒိုနီးရွားအာဏာပိုင္ေတြဟာ မီးေတာင္ေပါက္ကြဲၿပီးေနာက္ ရွာေဖြကယ္တင္မႈမ်ားလုပ္ေဆာင္ခဲ့ရာ က်န္ရွိတဲ့ ေတာင္တက္သမား ၅၀ ေက်ာ္ကို ကယ္တင္ထားႏိုင္ခဲ့ေၾကာင္း အင္ဒိုနိးရွားအေျခစိုက္မီဒီယာေတြကေဖာ္ျပထားပါတယ္။

အင္ဒိုနီးရွားအာဏာပိုင္မ်ားဟာ လက္ရွိအခ်ိန္မွာ မီးေတာင္ေပါက္ကြဲမႈနဲ႔ပတ္သက္ၿပီး ဒုတိယအျမင့္ဆုံးသတိေပးခ်က္ေတြကို ထုတ္ျပန္ထားရေၾကာင္းသိရပါတယ္။ မီးေတာင္ျပာေတြဟာ အနီးပတ္ဝန္းက်င္ရွိ႐ြာေတြနားကို က်ေရာက္ခဲ့ၿပီး ႐ြာေတြကို ဖုံးလြမ္းခဲ့ေၾကာင္း၊ ႐ြာေတြဟာ မီးေတာင္ျပာေတြေၾကာင့္ ေနရဲ႕အလင္းေရာင္ကိုေကာင္းစြာမေတြ႕ျမင္ရေတာ့ေၾကာင္း အင္ဒိုနီးရွားသဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရး ေအဂ်င္စီ ေျပာေရးဆိုခြင့္ရွိသူ Abdul Muhari ကေျပာပါတယ္။ အာဏာပိုင္ေတြဟာ မီးေတာင္ပတ္ ဝန္းက်င္ရွိ ေက်း႐ြာေတြကို masks ေတြျဖန႔္ေဝထားသလို မီးေတာင္ျပာေတြကို ကာကြယ္ဖို႔ မ်က္မွန္ေတြ ဝတ္ဆင္ထားဖို႔ တိုက္တြန္းအႀကံေပးထားပါတယ္။

Related news

© 2021. All rights reserved.