ဆင်းရဲနွမ်းပါးမှုအဆုံးသတ်စေရေးဆောင်ရွက်ရာ၌ မသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုကိုပါ ထည့်သွင်းစဥ်းစားရန် နစကဒုဥက္ကဋ္ဌ တိုက်တွန်း

 395

ယွန်း (NP News) - ဒီဇင်ဘာ ၄

ဆင်းရဲနွမ်းပါးမှုအဆုံးသတ်စေရေး ဆောင်ရွက်ရာ၌ မသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုကိုပါ ထည့်သွင်းစဥ်းစားရန် နစကဒုဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီဇင်ဘာလ(၃)ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်း အနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မသန်စွမ်းသူများအနေဖြင့် ပညာရေး အပါအဝင် အလုပ်အကိုင်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် လူမှုကာကွယ်စောင့်ရှောက်မှုများရရှိရေးအတွက် အခက်အခဲများကြုံတွေ့နေရပြီး ဆင်းရဲနွမ်းပါးမှုနှင့်ရင်ဆိုင်နေရကြောင်း နစကဒုဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုအဆုံးသတ်စေရေးဆောင်ရွက်ရာတွင် အားလုံးပါဝင်သည့် ဖွံ့ဖြိုးမှုမဟာဗျူဟာ Inclusive Development Strategies ကိုချမှတ်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေး၊ လိုအပ်ချက် နှင့် စွမ်းဆောင်နိုင်မှုများကိုလည်း ထည့်သွင်းစဥ်းစားရန် ဒုတပ်ချုပ်က တိုက် တွန်းပြောကြားထားသည်။

မသန်စွမ်းသူများ၏ (၈၅)ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်ကြပြီး အလုပ်လုပ်ရန်ဆန္ဒ၊ စွမ်းဆောင်ရည်ရှိသော်လည်း အလုပ်ရှင်အများစုက ငြင်းပယ်ကြသည့်အတွက် ၎င်းတို့အနေဖြင့် အလုပ်ရရှိရန်၊ အလုပ်လုပ် ကိုင်နိုင်ရန် အခက်အခဲများရှိလာခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ၎င်းတို့အား သင့်တော်သည့် အလုပ်အကိုင်ရရှိရေး၊ အတာအဆီးကင်းသည့် လုပ်ငန်းခွင်ဖြစ်ပေါ်ရေး၊ အခြားသူများ နှင့် တန်းတူကိုယ်ပိုင်ဝင်ငွေ နှင့် ခံစားခွင့်များရရှိရေးတို့ကို ဆောင်ရွက်ပေးရန် နစကဒုဥက္ကဋ္ဌက တိုက်တွန်းပြောကြားထားသည်။

“မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ”ကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ အာဆီယံမဟာဗျူဟာလုပ်ငန်းစဉ် ၂၀၁၅ တို့နှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာ(၅)နှစ်စီမံကိန်း ၂၀၂၂-၂၀၂၇ ကို အတည်ပြုပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မဟာဗျူဟာ (၅) နှစ်စီမံကိန်းတွင် မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့် အလုပ်အကိုင်၊ လူမှုကာကွယ် စောင့်ရှောက်ရေး၊ သဘာဝဘေး နှင့် အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူ လက်လှမ်းမီရယူ အသုံးပြုနိုင်မှုစသည့် ကဏ္ဍစုံပါရှိကြောင်း သိရသည်။

zawgyi version
ဆင္းရဲႏြမ္းပါးမႈအဆုံးသတ္ေစေရးေဆာင္႐ြက္ရာ၌ မသန္စြမ္းသူမ်ား၏ စြမ္းေဆာင္ႏိုင္မႈကိုပါ ထည့္သြင္းစဥ္းစားရန္ နစကဒုဥကၠ႒ တိုက္တြန္း

ယြန္း (NP News) - ဒီဇင္ဘာ ၄

ဆင္းရဲႏြမ္းပါးမႈအဆုံးသတ္ေစေရး ေဆာင္႐ြက္ရာ၌ မသန္စြမ္းသူမ်ား၏ စြမ္းေဆာင္ႏိုင္မႈကိုပါ ထည့္သြင္းစဥ္းစားရန္ နစကဒုဥကၠ႒က အသိေပးေျပာၾကားထားသည္။

နစက ဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဒီဇင္ဘာလ(၃)ရက္တြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန-၂ ၌က်င္းပသည့္ အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားေန႔ အခမ္း အနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

မသန္စြမ္းသူမ်ားအေနျဖင့္ ပညာေရး အပါအဝင္ အလုပ္အကိုင္ရရွိေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈ ႏွင့္ လူမႈကာကြယ္ေစာင့္ေရွာက္မႈမ်ားရရွိေရးအတြက္ အခက္အခဲမ်ားႀကဳံေတြ႕ေနရၿပီး ဆင္းရဲႏြမ္းပါးမႈႏွင့္ရင္ဆိုင္ေနရေၾကာင္း နစကဒုဥကၠ႒က ေျပာသည္။

ထို႔ေၾကာင့္ ဆင္းရဲႏြမ္းပါးမႈအဆုံးသတ္ေစေရးေဆာင္႐ြက္ရာတြင္ အားလုံးပါဝင္သည့္ ဖြံ႕ၿဖိဳးမႈမဟာဗ်ဴဟာ Inclusive Development Strategies ကိုခ်မွတ္ေဆာင္႐ြက္ရန္လိုအပ္မည္ျဖစ္ၿပီး မသန္စြမ္းသူမ်ား၏ အခြင့္အေရး၊ လိုအပ္ခ်က္ ႏွင့္ စြမ္းေဆာင္ႏိုင္မႈမ်ားကိုလည္း ထည့္သြင္းစဥ္းစားရန္ ဒုတပ္ခ်ဳပ္က တိုက္ တြန္းေျပာၾကားထားသည္။

မသန္စြမ္းသူမ်ား၏ (၈၅)ရာခိုင္ႏႈန္းသည္ အလုပ္လက္မဲ့ျဖစ္ၾကၿပီး အလုပ္လုပ္ရန္ဆႏၵ၊ စြမ္းေဆာင္ရည္ရွိေသာ္လည္း အလုပ္ရွင္အမ်ားစုက ျငင္းပယ္ၾကသည့္အတြက္ ၎တို႔အေနျဖင့္ အလုပ္ရရွိရန္၊ အလုပ္လုပ္ ကိုင္ႏိုင္ရန္ အခက္အခဲမ်ားရွိလာခဲ့ေၾကာင္း သိရသည္။

သို႔ျဖစ္၍ ၎တို႔အား သင့္ေတာ္သည့္ အလုပ္အကိုင္ရရွိေရး၊ အတာအဆီးကင္းသည့္ လုပ္ငန္းခြင္ျဖစ္ေပၚေရး၊ အျခားသူမ်ား ႏွင့္ တန္းတူကိုယ္ပိုင္ဝင္ေငြ ႏွင့္ ခံစားခြင့္မ်ားရရွိေရးတို႔ကို ေဆာင္႐ြက္ေပးရန္ နစကဒုဥကၠ႒က တိုက္တြန္းေျပာၾကားထားသည္။

“မသန္စြမ္းသူမ်ား၏ အခြင့္အေရးမ်ားဆိုင္ရာအမ်ိဳးသားေကာ္မတီ”ကို ၂၀၁၇ ခုႏွစ္တြင္ ဖြဲ႕စည္းခဲ့ၿပီး ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႕ၿဖိဳးတိုးတက္မႈစီမံခ်က္၊ အာဆီယံမဟာဗ်ဴဟာလုပ္ငန္းစဥ္ ၂၀၁၅ တို႔ႏွင့္အညီ မသန္စြမ္းသူမ်ား၏ အခြင့္အေရးဆိုင္ရာမဟာဗ်ဴဟာ(၅)ႏွစ္စီမံကိန္း ၂၀၂၂-၂၀၂၇ ကို အတည္ျပဳျပ႒ာန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

မဟာဗ်ဴဟာ (၅) ႏွစ္စီမံကိန္းတြင္ မသန္စြမ္းသူမ်ားအတြက္ က်န္းမာေရး၊ ပညာေရး၊ လုပ္ငန္းႏွင့္ အလုပ္အကိုင္၊ လူမႈကာကြယ္ ေစာင့္ေရွာက္ေရး၊ သဘာဝေဘး ႏွင့္ အျခားအေရးေပၚအေျခအေန၊ အလြယ္တကူ လက္လွမ္းမီရယူ အသုံးျပဳႏိုင္မႈစသည့္ က႑စုံပါရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.