လှိုင်သာယာမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ ဂတ်စ်မီးဖိုမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

 517

သန့်ဇင် (NP News) - ဒီဇင်ဘာ ၇

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ ဂတ်စ်မီးဖိုမှတစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မနောဖြူစင် ကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၆ ရက်)၊ ည ၇ နာရီခန့်က လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာရှိ၊ တိုက်အမှတ် (၁၆)၏ (၅)လွှာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်တဲ့တိုက်ခန်းက (၅)လွှာမှာရှိတဲ့ အခန်းပါ။ ကျွန်တော်တို့သွားတော့ မီးကငြိမ်းသွားပြီ။ မီးစလောင်တာက မီးဖိုချောင်ထဲက ဂတ်စ်မီးဖိုကလို့ သိရတယ်”ဟု မနောဖြူစင်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း တိုက်ခန်းအတွင်းရှိ မျက်နှာကျက်များနှင့် ပစ္စည်းအချို့မီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် မီးလောင်မှုအား မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များက (၁၀)မိနစ်ခန့်ကြာမီးငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
လႈိင္သာယာၿမိဳ႕နယ္ရွိ အထပ္ျမင့္တိုက္ခန္းတစ္ခု၌ ဂတ္စ္မီးဖိုမွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြား

သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၇

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္ရွိ အထပ္ျမင့္တိုက္ခန္းတစ္ခု၌ ဂတ္စ္မီးဖိုမွတစ္ဆင့္မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း မေနာျဖဴစင္ ကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယမန္ေန႔(ဒီဇင္ဘာလ ၆ ရက္)၊ ည ၇ နာရီခန႔္က လႈိင္သာယာၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၊ က်န္စစ္သားအိမ္ရာရွိ၊ တိုက္အမွတ္ (၁၆)၏ (၅)လႊာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္တဲ့တိုက္ခန္းက (၅)လႊာမွာရွိတဲ့ အခန္းပါ။ ကြၽန္ေတာ္တို႔သြားေတာ့ မီးကၿငိမ္းသြားၿပီ။ မီးစေလာင္တာက မီးဖိုေခ်ာင္ထဲက ဂတ္စ္မီးဖိုကလို႔ သိရတယ္”ဟု မေနာျဖဴစင္ကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း တိုက္ခန္းအတြင္းရွိ မ်က္ႏွာက်က္မ်ားႏွင့္ ပစၥည္းအခ်ိဳ႕မီးေလာင္ဆုံးရႈံးသြားခဲ့ရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မီးေလာင္မႈအား မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားအသင္းအဖြဲ႕မ်ားက (၁၀)မိနစ္ခန႔္ၾကာမီးျငႇိမ္းသတ္ခဲ့ရၿပီး ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား မီးသတ္တပ္ဖြဲ႕တာဝန္ရွိသူမ်ားက စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.