နေအိမ်ခြံဝင်းအတွင်းထိဝင်၍ ဓားပြခြိမ်းခြောက်ကာရွှေဆွဲကြိုးလုယက်သူ (၃)ဦးအနက် (၂)ဦးကို ဖမ်းမိခဲ့

 1448

ကျော် (NP News) - ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် နေအိမ်ခြံဝင်းအတွင်းထိဝင်၍ ဓားပြခြိမ်းခြောက်ကာ ရွှေဆွဲကြိုးလုယက်သူ ၃ ဦးအနက် ၂ ဦးကို အခင်းဖြစ်ပြီးနောက်တစ်ရက်တွင်ဖမ်းမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်၊ နေ့လည် ၃ နာရီခွဲခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့က ဦးစိုင်းလုံလျဲန်းသည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ ၎င်း၏အဘွားဖြစ်သူနေ အိမ်သို့သွားရောက်စဥ် အဘွားဖြစ်သူမရှိသဖြင့် ခြံဝင်းအတွင်း၌စောင့်ဆိုင်းနေစဥ် အမျိုးသားတစ်ဦးဝင်ရောက်လာပြီးနောက် ဓားမြှောင်ပြခြိမ်း ခြောက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဦးစိုင်းလုံလျဲန်းလည်ပင်းမှာဝတ်ထားတဲ့ ရွှေဆွဲကြိုးကို ဓား မြှောင်ပြခြိမ်းခြောက်ပြီးလုယက်သွားတာ။ လုပြီးတာနဲ့ခြံအပြင်မှာစောင့်နေတဲ့ သူ့လူနှစ်ယောက်နဲ့အတူ ထွက်ပြေးသွားတာ။ ဆွဲ ကြိုးတန်ဖိုးက သိန်း(၆၀)လောက်ရှိတယ်။ ဖမ်းမိပြီးတဲ့အချိန်စစ်ဆေးကြည့်ရသလောက် သူတို့တွေက ထောင်ထွက်တွေပါ" ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့မရဲစခန်းမှအမှုဖွင့်လှစ်ကာ လုံခြုံရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ (၃)ဦးအနက် ကျော်မြင့်နှင့်ခိုင်မင်းသူ(ခ)ဇော်မင်းသူတို့အား အခင်းဖြစ်စဥ်ကအသုံးပြုခဲ့သည့် ဓားမြှောင်၊ လုယူသွားခဲ့သော ရွှေဆွဲကြိုးတို့နှင့်အတူ ဒီဇင်ဘာလ ၁၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးမှုများဆက်လက်ပြုလုပ်ကာ ဖမ်းဆီးရန်ကျန်ရှိနေသူတစ်ဦးကို ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေနအိမ္ၿခံဝင္းအတြင္းထိဝင္၍ ဓားျပၿခိမ္းေျခာက္ကာေ႐ႊဆြဲႀကိဳးလုယက္သူ (၃)ဦးအနက္ (၂)ဦးကို ဖမ္းမိခဲ့

ေက်ာ္ (NP News) - ဒီဇင္ဘာ ၁၅

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေနအိမ္ၿခံဝင္းအတြင္းထိဝင္၍ ဓားျပၿခိမ္းေျခာက္ကာ ေ႐ႊဆြဲႀကိဳးလုယက္သူ ၃ ဦးအနက္ ၂ ဦးကို အခင္းျဖစ္ၿပီးေနာက္တစ္ရက္တြင္ဖမ္းမိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၁ ရက္၊ ေန႔လည္ ၃ နာရီခြဲခန္႔က တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္ရွိ ေနအိမ္ၿခံဝင္းတစ္ခုအတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေန႔က ဦးစိုင္းလုံလ်ဲန္းသည္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ) ရပ္ကြက္ရွိ ၎၏အဘြားျဖစ္သူေန အိမ္သို႔သြားေရာက္စဥ္ အဘြားျဖစ္သူမရွိသျဖင့္ ၿခံဝင္းအတြင္း၌ေစာင့္ဆိုင္းေနစဥ္ အမ်ိဳးသားတစ္ဦးဝင္ေရာက္လာၿပီးေနာက္ ဓားေျမႇာင္ျပၿခိမ္း ေျခာက္မႈျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

"ဦးစိုင္းလုံလ်ဲန္းလည္ပင္းမွာဝတ္ထားတဲ့ ေ႐ႊဆြဲႀကိဳးကို ဓား ေျမႇာင္ျပၿခိမ္းေျခာက္ၿပီးလုယက္သြားတာ။ လုၿပီးတာနဲ႔ၿခံအျပင္မွာေစာင့္ေနတဲ့ သူ႔လူႏွစ္ေယာက္နဲ႔အတူ ထြက္ေျပးသြားတာ။ ဆြဲ ႀကိဳးတန္ဖိုးက သိန္း(၆၀)ေလာက္ရွိတယ္။ ဖမ္းမိၿပီးတဲ့အခ်ိန္စစ္ေဆးၾကည့္ရသေလာက္ သူတို႔ေတြက ေထာင္ထြက္ေတြပါ" ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။

ျဖစ္စဥ္မွျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွအမႈဖြင့္လွစ္ကာ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ပူးေပါင္း၍ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူ (၃)ဦးအနက္ ေက်ာ္ျမင့္ႏွင့္ခိုင္မင္းသူ(ခ)ေဇာ္မင္းသူတို႔အား အခင္းျဖစ္စဥ္ကအသုံးျပဳခဲ့သည့္ ဓားေျမႇာင္၊ လုယူသြားခဲ့ေသာ ေ႐ႊဆြဲႀကိဳးတို႔ႏွင့္အတူ ဒီဇင္ဘာလ ၁၂ ရက္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဖမ္းဆီးရမိခဲ့ၿပီးေနာက္ စစ္ေဆးမႈမ်ားဆက္လက္ျပဳလုပ္ကာ ဖမ္းဆီးရန္က်န္ရွိေနသူတစ္ဦးကို ထပ္မံဖမ္းဆီးရမိေရးအတြက္ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.