အမေရိကန်နိုင်ငံရေးခေါင်းဆောင်တို့၏ မိသားစုလျှို့ဝှက်ချက်များနှင့် နှစ်ပေါင်း ၄ဝဝ ခန့် ကျွန်ကုန်ကူးမှုတွင် အာဖရိကလူမည်းမျိုးနွယ်အချို့ မျိုးသုဉ်းပျောက်ကွယ်ခဲ့ရ(ဘာသာပြန်ဆောင်းပါး)

 792

Htay Oung (NP News) - ဒီဇင်ဘာ ၁၅

မျက်မှောက်ခေတ် အမေရိကန်နိုင်ငံရဲ့လွှတ်တော်အမတ်များ၊ သမ္မတများ၊ အုပ်ချုပ်ရေးမှူးများ၊ တရားရေးဆိုင်ရာအကြီးအကဲ ၁ဝဝ ကျော်တို့ရဲ့ဘိုးဘေးများဟာ အတိတ်ကာလ ကျွန်ပိုင်ရှင်များဖြစ်နေကြောင်း ရိုက်တာသတင်း အေဂျင်စီက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အမေရိကန်ရဲ့အတိတ်ကာလ အကျည်းတန်မှုတွေနဲ့ ပစ္စုပ္ပန်ကာလ ဆက်နွယ်မှုအကြောင်း အမတ်အနည်းအကျဉ်းလောက်သာပြောဆိုဖို့ ဆန္ဒရှိနေကြပါတယ်။

လက်ရှိ အမေရိကန်နိုင်ငံဖြစ်ပေါ်မယ့် နယ်မြေကြီးပေါ်မှာ ယခင်နှစ်ထောင်ပေါင်းများစွာကတည်းက နေထိုင်သူများ ရှိခဲ့ပါတယ်။ ကိုလံဘတ်စ် မတိုင်မီ မစ္စစ္စပီယန် ယဉ်ကျေးမှုထွန်းကားချိန်မှာ အဆင့်မြင့်စိုက်ပျိုးမွေးမြူရေး၊ ခမ်းနား တဲ့ ဗိသုကာပညာများနဲ့ နိုင်ငံအဆင့် လူ့အဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အမေရိကတိုက်ကို ဥရောပသား တို့ စတင်ပြောင်းရွှေ့နေထိုင်ကြချိန်မှာ တိုင်းတစ်ပါးသားတို့နဲ့အတူပါလာတဲ့ ကျောက်ရောဂါလို ဆန်းပြားတဲ့ ကူးစက်ရောဂါများကြောင့် နဂိုမူလဌာနေတိုင်းရင်းသား သန်းပေါင်းများစွာတို့ဟာ အတုံးအရုံး သေဆုံးခဲ့ရပါတယ်။
.
မြောက်အမေရိကတိုက်ကိုရောက်ရှိလာတဲ့ ဥရောပတိုက်သားများအပေါ် (ဒီနေ့ နယ်သာလန်ဖြစ်လာမယ့်) ဒတ်ခ်ျ၊ ဆွီဒင်တို့အပါအဝင် အဓိကအားဖြင့် စပိန်၊ ပြင်သစ်၊ အင်္ဂလိပ်တို့က စတင် စုစည်းအုပ်ချုပ်ခဲ့ပြီး နောက်ပိုင်း အပြောင်းအလဲများဖြစ်ပေါ်ခဲ့ပါတယ်။ ၁၇ ရာစု ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီလက်မှ နယ်မြေများကို ရရှိလိုက်တဲ့ အင်္ဂလိပ်တို့ဟာ “နယူးနယ်သာလန်” ကို “နယူးယောက်” အဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။ အမေရိကန်နယ်မြေ တောင်ပိုင်းကို ရောက်ရှိလာသူအများစုဟာ လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့ အလုပ်သမား လူငယ်များဖြစ်နေပြီး အာဖရိကမှ လူမည်းကျွန်များဟာ မြေသြဇာကောင်းမွန်ကျယ်ပြန်တဲ့ စိုက်ပျိုးမြေများရဲ့အလုပ်ကြမ်းများအတွက် အဓိကလုပ်သားများဖြစ်လာကြပါတယ်။

၁၈ ရာစု အင်္ဂလိပ်တို့က မြောက်အမေရိကတိုက် ပြည်နယ် ၁၃ ခုကို စုစည်းခြင်းအားဖြင့် အင်္ဂလိပ်ကိုလိုနီ အမေရိကန်နိုင်ငံ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ လူဖြူလူ့အဖွဲ့အစည်းအတွင်း လူမည်းများအများစုတို့အပေါ် ကျွဲ/နွား များပမာ ကျွန်ပြုခိုင်းစေခြင်းဟာ ဥပဒေအခိုင်အမာပြဌာန်းထားတဲ့ တရားဝင်လုပ်ငန်းဖြစ်လာပါတယ်။ ကျွန်ပြုခံရ သူကို ဝယ်-ရောင်း (သို့မဟုတ်) စွန့်လွှတ်နိုင်တဲ့ပစ္စည်းအဖြစ်သဘောထားခဲ့ကြပါတယ်။ လုပ်ခလစာပေးရန် မလိုအပ်၊ လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးတောင်းဆိုခွင့် မရှိ၊ ထွက်ပြေးခွင့်လည်းမရှိတဲ့ကျွန်များမှ မွေးဖွားလာသူ များကိုလည်း ကျွန်အဖြစ်ဆက်လက်ပိုင်ဆိုင်ကြပြီး ရိုက်နှက်ခြင်းမှ ကြိုးပေးကွပ်မျက်အထိ အပြစ်ပေးပိုင်ခွင့်ရှိကြ ပါတယ်။

အတိတ်ကာလ ဗြိတိသျှတို့ ကိုလိုနီပြုခံရတဲ့နိုင်ငံအများစုမှာ လူကို လူချင်း ကျွန်ပြုမှု ရှိနေခဲ့ပါတယ်။ အလုပ်လုပ် ပေးဖို့ စစ်ရှုံး ကိုလိုနီနိုင်ငံသားများကို သက်ဆိုင်ရာဒေသတွင်းသာမက အခြားဝေးလံတဲ့ ကိုလိုနီနယ်မြေထံ အတင်း အကြပ် ပို့ဆောင်ပေးခဲ့ပါတယ်။ အာဖရိကအနောက်ပိုင်း တန်ခိုးထွားဘုရင်တို့က ပြိုင်ဖက်မျိုးနွယ်စုမှ ယောက်ျား-မိန်းမ-ကလေးတို့ကို ဖမ်းဆီးပြီး လူကုန်ကူးသူ လူဖြူတို့ထံ ရောင်းစားခဲ့ကြပါတယ်။ လူဖြူတို့ဟာ စောစောပိုင်း ယမ်းမှုံ့၊ သေနတ်၊ ပုတီးစေ့၊ အဝတ်အထည်၊ အလှကုန်၊ လူသုံးပစ္စည်းအနည်းငယ်တို့လောက်နဲ့ ကျွန်များကို ရရှိနိုင် ပေမယ့် နောက်ပိုင်းမှာ ကျွန်ရှားပါးလာပါတယ်။ အဲဒီအခါ လက်အောက်ခံတိုင်းပြည်အဖြစ် ကိုလိုနီပြုခြင်း၊ စစ်တိုက်ခြင်း၊ ကျေးရွာများအတွင်း အတင်းအကျပ်၀င်ရောက်ဖမ်းဆီးကြတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဖမ်းဆီးရမိသူများကို တိရစ္ဆာန်များသဖွယ် သံကြိုးခတ်ပြီး ကမ္ဘာသစ်လို့ခေါ်တဲ့ ထွန်းသစ်စ အမေရိကတိုက် ကျွန်စျေးကွက်မှာ ရောင်းချကြပါတယ်။ အဲဒီနေရာမှ အဝတ်အထည်နဲ့ အခြားကုန်ချောများကို အခြားနိုင်ငံများထံ တင်ပို့ခြင်းဖြင့် အမြတ်အစွန်း အကြီးအကျယ် ရယူခဲ့ကြပါတယ်။ အခြားတစ်ဖက်မှာတော့ နှစ် ၄ဝဝ ခန့်ကြာ ကျွန်ကုန်ကူးမှုကာလအတွင်း အာဖရိကအနောက်ပိုင်း လူမျိုးနွယ်အချို့ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ရပါတယ်။

၁၇၇၅-၁၇၈၃ ခုနှစ် အင်္ဂလိပ်အပေါ် ပုန်ကန်တဲ့ အမေရိကန်တော်လှန်ရေးကာလမှာ ကျွန်ပြုခံရသူများရဲ့အ ဆင့်အတန်းကို လူမျိုးရေးအရ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပုန်ကန်မှုကို နှိမ်နင်းဖို့ လူအင်အားမလုံလောက်ခြင်းကို သတိပြုမိတဲ့ ဗြိတိသျှအရာရှိများဟာ သူတို့နယ်မြေအတွင်း အရောက်ထွက်ပြေးနိုင်လာတဲ့ ကျွန်မှန်သမျှ လွတ်မြောက်ခွင့်ပေးပြီး စစ်မှုထမ်းစေခဲ့ပါတယ်။

စစ်ပွဲအတွင်း ကဏ္ဍအသီးသီးမှာ ကျွန်ဟောင်းပါ၀င်တဲ့ လူမည်းယူနစ်အမျိုးမျိုးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ၁၇၇၆-နှစ်မှာ အမေရိကန်လွတ်လပ်ရေး ကြေညာခဲ့ပြီး ၁၇၈၁ ခုနှစ်မှာ အမေရိကန် ကွန်ဖက်ဒရေးရှင်းနိုင်ငံကို စတင်ခဲ့ပါတယ်။ ၁၇၈၃ ခုနှစ်မှာ တရား၀င်ဖြစ်လာပြီး ၁၇၈၈ ခုနှစ်မှာ အမေရိကန်ဖွဲ့စည်းပုံဥပဒေကို အတည်ပြုပြဌာန်းခဲ့ကြပါတယ်။

ကွန်ဂရက်လွှတ်တော်က တားမြစ်ထားပေမယ့် အမတ်များ အပါအ၀င် တောင်ပိုင်း အများစု ပြည်နယ် အချို့က လိုက်နာခြင်း မရှိခဲ့ပါဘူး။ တောင်ပိုင်းဒေသ ချည်ထည်စက်မှုလုပ်ငန်း အကြီးအကျယ်ထွန်းကားပြီး ချမ်းသာ ကြွယ်ဝ လာရခြင်းမှာ ကျွန်များရဲ့လုပ်အားကြောင့်ဖြစ်ပါတယ်။ ကျွန်စနစ်အပေါ် အကောင်းမြင်တဲ့ တောင်ပိုင်း ပြည်နယ် များအတွင်း ကျွန်အရေအတွက် စုစုပေါင်းဟာ ၄ သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။ ကျွန်ဟောင်း အမျိုးသမီးများနဲ့ ကလေးများဟာ စစ်မှုထမ်းခြင်းအစား အိမ်ကျွန်များဖြစ်သွားကြပြီး ကျွန်ယောက်ျားများဟာ စိုက်ပျိုးရေး၊ မွေးမြူရေးသင်္ဘောကျင်းနဲ့ ရေယာဉ်တည်ဆောက်ရေးတို့မှာ လက်မှုပညာနဲ့ အလုပ်သမားအဖြစ် လုပ်ကိုင်ပေးကြ ရပါတယ်။

၁၈၆၁-၁၈၆၅ ခုနှစ် အမေရိကန်တောင်ပိုင်း မြောက်ပိုင်းတိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်ကာလအတွင်း စစ်သား အဖြစ် ကူညီတိုက်ခိုက်ပေးဖို့ ကျွန်အဖြစ်မှ လွတ်မြောက်ခွင့်ဟာ မက်လုံးတစ်ခုဖြစ်လာခဲ့ပါတယ်။ သေဆုံးခဲ့လျှင် ကျွန်ပိုင်ရှင်တို့က လျော်ကြေးပေးမယ်လို့ ဆွဲဆောင်ခဲ့ကြပါတယ်။ လူမည်းကျွန်များချည့် ပါဝင်တဲ့ စစ်တပ်များ လည်း ပေါ်ပေါက်လာပြီး ပြည်တွင်းစစ်ကာလ မြောက်ပိုင်းစစ်တပ်ရဲ့ ငါးပုံတစ်ပုံဟာ လူမည်းများဖြစ်နေခဲ့ပါတယ်။ ကျွန်ဖြစ်ခဲ့ဖူးသူတို့ဟာ တောင်မြောက် နှစ်ဖက်စစ်တပ်တို့ရဲ့ လေးပုံတစ်ပုံအထိ ပါရှိခဲ့ပြီး စစ်အပြီး အမေရိကန် နိုင်ငံမှာ ကျွန်စနစ် တရား၀င်ချုပ်ငြိမ်းသွားပါတယ်။ ဒါပေမယ့် ၁၈၄ဝ ပြည့်နှစ်မတိုင်မီ မွေးဖွားလာတဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်များရဲ့ ၃ဝ ရာခိုင်နှုန်း (အချို့ ၂ဝ ရာစုအထိ ဆက်လက်ထမ်းဆောင်ခဲ့) တို့ရဲ့ ဘဝ သက်တမ်းတလျှောက်လုံးဟာ ကျွန်ပိုင်ရှင်များဖြစ်ကြပါတယ်။

မူလဖွဲ့စည်းပုံဥပဒေမှာ ကျွန်စနစ်ကိုတားမြစ်ကြောင်း အတိအလင်း ပါဝင်ခြင်းမရှိဘဲ ၁၈၆၄ ခုနှစ် ၁၃ ကြိမ်မြောက် ပြင်ဆင်ချက်ရောက်ရှိမှသာ “ကျေးကျွန်” “ကျွန်စနစ်” “ကျွန်ပြုခြင်း” စသည်တို့ကို အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့တကွ တားဆီးခဲ့ပါတယ်။ အမေရိကန်လွှတ်တော်နှစ်ရပ်ရှိရာ ကက်ပီတိုဟေးလ်အဆောက်အအုံ ဧည့်ခန်းမရှိ ကြေးဝါ ကမ္ပည်းပြားပါ မီးသင့်ကျောက်တုံးတစ်တုံးဟာ အတိတ်ကာလ လွှတ်တော်အဆောက်အအုံတည်ဆောက်ရာမှာ လူမည်းကျွန်များလည်း ပါဝင်ခဲ့ကြောင်း သတိပေးချက်တစ်ခုဖြစ်နေပါတယ်။

အမေရိကန်သမိုင်းမှာ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုစနစ်ဖြစ်တဲ့ (လူကိုလူချင်း) ကျွန်ပြုခြင်းမှာ အသေအပျောက် အများဆုံး ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ပါ၀င်ပတ်သက်ခဲ့သူတို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာဆက်နွယ်လျက်ရှိတဲ့ကြတဲ့ ကွန်ဂရက်အမတ်တော်များများတို့ကတော့ သူတို့ရဲ့မိသားစုသမိုင်းများကို ယောင်လို့တောင် မကြည့်ချင်ကြပါဘူး။

အမေရိကန်နိုင်ငံရေး အထက်တန်းလွှာများရဲ့ မျိုးရိုးစဉ်ဆက်များကို ရိုက်တာသတင်းအေဂျင်စီက လေ့လာခဲ့ပါ တယ်။ လွှတ်တော်အမတ်များ၊ အသက်ရှင်လျက်ရှိဆဲ သမ္မတများ၊ တရားရုံးချုပ် တရားသူကြီးများနဲ့ အုပ်ချုပ်ရေးမှူး များရဲ့ ငါးပုံတစ်ပုံဟာ လူမည်းများကို ကျွန်ပြုခဲ့သူ ဘိုးဘေးများရဲ့ တိုက်ရိုက်မျိုးဆက်များဖြစ်ကြောင်း တွေ့ရှိခဲ့ပါ တယ်။

အောက်လွှတ်တော် အမတ် ၅၃၆ ဦးအနက် အမတ် ၁ဝဝ ထက်မနည်းတို့ဟာ ကျွန်ပိုင်ရှင်မျိုးရိုးမှ ဆင်းသက်လာသူ များဖြစ်ကြောင်း၊ အထက်လွှတ်တော် အမတ် ၁ဝဝ အနက် လေးပုံတစ်ပုံကျော်ဖြစ်တဲ့ ၂၈ ဦးတို့ရဲ့ မိသားစုမျိုးနွယ် များအတွင်း အနည်းဆုံး ကျွန်တစ်ဦးကို ပိုင်ဆိုင်ခဲ့သူများဖြစ်ကြောင်း တွေ့ရှိရပါတယ်။

လက်ရှိ အမေရိကန်ဖက်ဒရယ်အစိုးရ ၁၁၇ ကြိမ်မြောက် ကွန်ဂရက်လွှတ်တော်မှ အမတ်များဟာ လူမည်း ၃ဝ ရာခိုင်နှုန်းကျော်ပါဝင်တဲ့ ဒီမိုကရက်တစ်များနဲ့ ရီပတ်ဘလစ်ကန်များဖြစ်ကြပြီး နိုင်ငံမှာ သြဇာအရှိဆုံး နိုင်ငံရေး သမားအချို့ ပါဝင်နေပါတယ်။ ဒါပေမဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်မှလွဲပြီး လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျင်မီကာတာ၊ ဂျော့ဂ်ျဒဗလျူဘုရှ်၊ ဘီလ်ကလင်တန်တို့လို အသက်ရှင်နေဆဲ နိုင်ငံ့ခေါင်းဆောင်ဟောင်းတို့ဟာ ကျွန်ပိုင်ရှင်မျိုးရိုးများ ဖြစ်ကြပါတယ်။ အဲဒီအချက်ကို ကြိုတင်သိရှိခဲ့ရင် မဲမပေးဘူးလို့ ဆိုသူများဟာ ရိုက်တာ စစ်တမ်းရဲ့ ၂၃ ရာခိုင်နှုန်း ရှိပါတယ်

ရှားရှားပါးပါး လူမည်းကနေ သမ္မတဖြစ်ခဲ့တဲ့ ဘားရက်အိုဘားမားကိုယ်တိုင်ပင်လျှင် လူဖြူမိခင်ဘက်မျိုးရိုးမှာ ကျွန်ပိုင်ရှင်ဖြစ်နေပါတယ်။ သမ္မတဟောင်းဒေါ်နယ်ထရမ့်ကတော့ သူ့ရဲ့ဘိုးဘေးတွေက အမေရိကန်နိုင်ငံမှာ ကျွန်စနစ်ဖျက်သိမ်းပြီးမှ ရောက်ရှိလာသူများဖြစ်ခဲ့လို့ပါ။ ကျွန်စနစ်နဲ့ ကျွန်ပိုင်ရှင်မျိုးရိုးအကြောင်း ပြောဆိုရခြင်းဟာ အပြစ်တင်ဖို့အတွက် မရည်ရွယ်ပါဘူး။ ဘိုးဘေးတို့ရဲ့ ခါးသီးလှတဲ့လုပ်ရပ်က သမိုင်းဘီးတစ်ပတ် ပြန်လည်မလာစေရေးပဲဖြစ်ပါတယ်။

(အမေရိကန်နိုင်ငံရဲ့ ချုပ်ငြိမ်းသွားပြီဆိုတဲ့ကျွန်စနစ်မှာ အစားထိုးခေါင်းထောင်လာတာက နိုင်ငံအတွင်းရောက် ရွှေ့ပြောင်းအလုပ်သမားများနဲ့ အသားအရောင်ရှိသူများအပေါ် လူဖြူလူမျိုးကြီးဝါဒနဲ့ အာရှတိုက်သားမုန်းတီးရေး အမြင်များ ဖြစ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာ ကျွန်စနစ်ထွန်းကားခဲ့ဖူးတဲ့တိုင်းပြည်မှာ လူမည်း ဘားရက်ဟူစိန် အိုဘားမား က သမ္မတတောင်ဖြစ်သေးတာ တကယ့် ဒီမိုကရေစီပါလား မထင်လိုက်ပါနဲ့။
အိုဘားမားရဲ့မိခင် အန်းဒွန်ဟန်ဟာ အင်္ဂလိပ်အများစု မျိုးရိုးဖြစ်ပါတယ်။ လူမည်းဖခင်ဟာ အာဖရိကန်တစ်ဦး ဖြစ်ပေမယ့် ကင်ညာအစိုးရအကြီးတန်း ဘောဂဗေဒပညာရှင်ဖြစ်ပြီး ကျွန်မျိုးရိုး မဟုတ်ပါဘူး။ အမေရိကန်မှာ ကျွန်မျိုးရိုးလူမည်းက နိုင်ငံ့ထိပ်တန်းခေါင်းဆောင်ဖြစ်ဖို့ဆိုတာ အိပ်မက်အဆင့်သာ ရှိပါလိမ့်မယ်။ ။သတင်းဘာသာပြန်သူ)

(Reuters., 27 June 2023,” America's Family Secret” ) ကို #HtayOung, #OungMraune ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံေရးေခါင္းေဆာင္တို႔၏ မိသားစုလွ်ိဳ႕ဝွက္ခ်က္မ်ားႏွင့္ ႏွစ္ေပါင္း ၄ဝဝ ခန႔္ ကြၽန္ကုန္ကူးမႈတြင္ အာဖရိကလူမည္းမ်ိဳးႏြယ္အခ်ိဳ႕ မ်ိဳးသုဥ္းေပ်ာက္ကြယ္ခဲ့ရ(ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဒီဇင္ဘာ ၁၅

မ်က္ေမွာက္ေခတ္ အေမရိကန္ႏိုင္ငံရဲ႕လႊတ္ေတာ္အမတ္မ်ား၊ သမၼတမ်ား၊ အုပ္ခ်ဳပ္ေရးမႉးမ်ား၊ တရားေရးဆိုင္ရာအႀကီးအကဲ ၁ဝဝ ေက်ာ္တို႔ရဲ႕ဘိုးေဘးမ်ားဟာ အတိတ္ကာလ ကြၽန္ပိုင္ရွင္မ်ားျဖစ္ေနေၾကာင္း ႐ိုက္တာသတင္း ေအဂ်င္စီက စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ အေမရိကန္ရဲ႕အတိတ္ကာလ အက်ည္းတန္မႈေတြနဲ႔ ပစၥဳပၸန္ကာလ ဆက္ႏြယ္မႈအေၾကာင္း အမတ္အနည္းအက်ဥ္းေလာက္သာေျပာဆိုဖို႔ ဆႏၵရွိေနၾကပါတယ္။

လက္ရွိ အေမရိကန္ႏိုင္ငံျဖစ္ေပၚမယ့္ နယ္ေျမႀကီးေပၚမွာ ယခင္ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက ေနထိုင္သူမ်ား ရွိခဲ့ပါတယ္။ ကိုလံဘတ္စ္ မတိုင္မီ မစၥစၥပီယန္ ယဥ္ေက်းမႈထြန္းကားခ်ိန္မွာ အဆင့္ျမင့္စိုက္ပ်ိဳးေမြးျမဴေရး၊ ခမ္းနား တဲ့ ဗိသုကာပညာမ်ားနဲ႔ ႏိုင္ငံအဆင့္ လူ႔အဖြဲ႕အစည္းမ်ား ေပၚေပါက္ခဲ့ဖူးပါတယ္။ အေမရိကတိုက္ကို ဥေရာပသား တို႔ စတင္ေျပာင္းေ႐ႊ႕ေနထိုင္ၾကခ်ိန္မွာ တိုင္းတစ္ပါးသားတို႔နဲ႔အတူပါလာတဲ့ ေက်ာက္ေရာဂါလို ဆန္းျပားတဲ့ ကူးစက္ေရာဂါမ်ားေၾကာင့္ နဂိုမူလဌာေနတိုင္းရင္းသား သန္းေပါင္းမ်ားစြာတို႔ဟာ အတုံးအ႐ုံး ေသဆုံးခဲ့ရပါတယ္။
.
ေျမာက္အေမရိကတိုက္ကိုေရာက္ရွိလာတဲ့ ဥေရာပတိုက္သားမ်ားအေပၚ (ဒီေန႔ နယ္သာလန္ျဖစ္လာမယ့္) ဒတ္ခ္်၊ ဆြီဒင္တို႔အပါအဝင္ အဓိကအားျဖင့္ စပိန္၊ ျပင္သစ္၊ အဂၤလိပ္တို႔က စတင္ စုစည္းအုပ္ခ်ဳပ္ခဲ့ၿပီး ေနာက္ပိုင္း အေျပာင္းအလဲမ်ားျဖစ္ေပၚခဲ့ပါတယ္။ ၁၇ ရာစု ဒတ္ခ္်အေရွ႕အိႏၵိယကုမၸဏီလက္မွ နယ္ေျမမ်ားကို ရရွိလိုက္တဲ့ အဂၤလိပ္တို႔ဟာ “နယူးနယ္သာလန္” ကို “နယူးေယာက္” အျဖစ္ အမည္ေျပာင္းလဲခဲ့ပါတယ္။ အေမရိကန္နယ္ေျမ ေတာင္ပိုင္းကို ေရာက္ရွိလာသူအမ်ားစုဟာ လုပ္ငန္းအေတြ႕အႀကဳံမရွိေသးတဲ့ အလုပ္သမား လူငယ္မ်ားျဖစ္ေနၿပီး အာဖရိကမွ လူမည္းကြၽန္မ်ားဟာ ေျမၾသဇာေကာင္းမြန္က်ယ္ျပန္တဲ့ စိုက္ပ်ိဳးေျမမ်ားရဲ႕အလုပ္ၾကမ္းမ်ားအတြက္ အဓိကလုပ္သားမ်ားျဖစ္လာၾကပါတယ္။

၁၈ ရာစု အဂၤလိပ္တို႔က ေျမာက္အေမရိကတိုက္ ျပည္နယ္ ၁၃ ခုကို စုစည္းျခင္းအားျဖင့္ အဂၤလိပ္ကိုလိုနီ အေမရိကန္ႏိုင္ငံ စတင္ျဖစ္ေပၚလာခဲ့ပါတယ္။ လူျဖဴလူ႔အဖြဲ႕အစည္းအတြင္း လူမည္းမ်ားအမ်ားစုတို႔အေပၚ ကြၽဲ/ႏြား မ်ားပမာ ကြၽန္ျပဳခိုင္းေစျခင္းဟာ ဥပေဒအခိုင္အမာျပဌာန္းထားတဲ့ တရားဝင္လုပ္ငန္းျဖစ္လာပါတယ္။ ကြၽန္ျပဳခံရ သူကို ဝယ္-ေရာင္း (သို႔မဟုတ္) စြန္႔လႊတ္ႏိုင္တဲ့ပစၥည္းအျဖစ္သေဘာထားခဲ့ၾကပါတယ္။ လုပ္ခလစာေပးရန္ မလိုအပ္၊ လုပ္ငန္းခြင္ထိခိုက္မႈ ေလ်ာ္ေၾကးေတာင္းဆိုခြင့္ မရွိ၊ ထြက္ေျပးခြင့္လည္းမရွိတဲ့ကြၽန္မ်ားမွ ေမြးဖြားလာသူ မ်ားကိုလည္း ကြၽန္အျဖစ္ဆက္လက္ပိုင္ဆိုင္ၾကၿပီး ႐ိုက္ႏွက္ျခင္းမွ ႀကိဳးေပးကြပ္မ်က္အထိ အျပစ္ေပးပိုင္ခြင့္ရွိၾက ပါတယ္။

အတိတ္ကာလ ၿဗိတိသွ်တို႔ ကိုလိုနီျပဳခံရတဲ့ႏိုင္ငံအမ်ားစုမွာ လူကို လူခ်င္း ကြၽန္ျပဳမႈ ရွိေနခဲ့ပါတယ္။ အလုပ္လုပ္ ေပးဖို႔ စစ္ရႈံး ကိုလိုနီႏိုင္ငံသားမ်ားကို သက္ဆိုင္ရာေဒသတြင္းသာမက အျခားေဝးလံတဲ့ ကိုလိုနီနယ္ေျမထံ အတင္း အၾကပ္ ပို႔ေဆာင္ေပးခဲ့ပါတယ္။ အာဖရိကအေနာက္ပိုင္း တန္ခိုးထြားဘုရင္တို႔က ၿပိဳင္ဖက္မ်ိဳးႏြယ္စုမွ ေယာက္်ား-မိန္းမ-ကေလးတို႔ကို ဖမ္းဆီးၿပီး လူကုန္ကူးသူ လူျဖဴတို႔ထံ ေရာင္းစားခဲ့ၾကပါတယ္။ လူျဖဴတို႔ဟာ ေစာေစာပိုင္း ယမ္းမႈံ႕၊ ေသနတ္၊ ပုတီးေစ့၊ အဝတ္အထည္၊ အလွကုန္၊ လူသုံးပစၥည္းအနည္းငယ္တို႔ေလာက္နဲ႔ ကြၽန္မ်ားကို ရရွိႏိုင္ ေပမယ့္ ေနာက္ပိုင္းမွာ ကြၽန္ရွားပါးလာပါတယ္။ အဲဒီအခါ လက္ေအာက္ခံတိုင္းျပည္အျဖစ္ ကိုလိုနီျပဳျခင္း၊ စစ္တိုက္ျခင္း၊ ေက်း႐ြာမ်ားအတြင္း အတင္းအက်ပ္၀င္ေရာက္ဖမ္းဆီးၾကတဲ့အထိ ျဖစ္လာခဲ့ပါတယ္။

ဖမ္းဆီးရမိသူမ်ားကို တိရစာၦန္မ်ားသဖြယ္ သံႀကိဳးခတ္ၿပီး ကမာၻသစ္လို႔ေခၚတဲ့ ထြန္းသစ္စ အေမရိကတိုက္ ကြၽန္ေစ်းကြက္မွာ ေရာင္းခ်ၾကပါတယ္။ အဲဒီေနရာမွ အဝတ္အထည္နဲ႔ အျခားကုန္ေခ်ာမ်ားကို အျခားႏိုင္ငံမ်ားထံ တင္ပို႔ျခင္းျဖင့္ အျမတ္အစြန္း အႀကီးအက်ယ္ ရယူခဲ့ၾကပါတယ္။ အျခားတစ္ဖက္မွာေတာ့ ႏွစ္ ၄ဝဝ ခန္႔ၾကာ ကြၽန္ကုန္ကူးမႈကာလအတြင္း အာဖရိကအေနာက္ပိုင္း လူမ်ိဳးႏြယ္အခ်ိဳ႕ မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားခဲ့ရပါတယ္။

၁၇၇၅-၁၇၈၃ ခုႏွစ္ အဂၤလိပ္အေပၚ ပုန္ကန္တဲ့ အေမရိကန္ေတာ္လွန္ေရးကာလမွာ ကြၽန္ျပဳခံရသူမ်ားရဲ႕အ ဆင့္အတန္းကို လူမ်ိဳးေရးအရ ဖြဲ႕စည္းႏိုင္ခဲ့ပါတယ္။ ပုန္ကန္မႈကို ႏွိမ္နင္းဖို႔ လူအင္အားမလုံေလာက္ျခင္းကို သတိျပဳမိတဲ့ ၿဗိတိသွ်အရာရွိမ်ားဟာ သူတို႔နယ္ေျမအတြင္း အေရာက္ထြက္ေျပးႏိုင္လာတဲ့ ကြၽန္မွန္သမွ် လြတ္ေျမာက္ခြင့္ေပးၿပီး စစ္မႈထမ္းေစခဲ့ပါတယ္။

စစ္ပြဲအတြင္း က႑အသီးသီးမွာ ကြၽန္ေဟာင္းပါ၀င္တဲ့ လူမည္းယူနစ္အမ်ိဳးမ်ိဳးနဲ႔ ဖြဲ႕စည္းခဲ့ပါတယ္။ ၁၇၇၆-ႏွစ္မွာ အေမရိကန္လြတ္လပ္ေရး ေၾကညာခဲ့ၿပီး ၁၇၈၁ ခုႏွစ္မွာ အေမရိကန္ ကြန္ဖက္ဒေရးရွင္းႏိုင္ငံကို စတင္ခဲ့ပါတယ္။ ၁၇၈၃ ခုႏွစ္မွာ တရား၀င္ျဖစ္လာၿပီး ၁၇၈၈ ခုႏွစ္မွာ အေမရိကန္ဖြဲ႕စည္းပုံဥပေဒကို အတည္ျပဳျပဌာန္းခဲ့ၾကပါတယ္။

ကြန္ဂရက္လႊတ္ေတာ္က တားျမစ္ထားေပမယ့္ အမတ္မ်ား အပါအ၀င္ ေတာင္ပိုင္း အမ်ားစု ျပည္နယ္ အခ်ိဳ႕က လိုက္နာျခင္း မရွိခဲ့ပါဘူး။ ေတာင္ပိုင္းေဒသ ခ်ည္ထည္စက္မႈလုပ္ငန္း အႀကီးအက်ယ္ထြန္းကားၿပီး ခ်မ္းသာ ႂကြယ္ဝ လာရျခင္းမွာ ကြၽန္မ်ားရဲ႕လုပ္အားေၾကာင့္ျဖစ္ပါတယ္။ ကြၽန္စနစ္အေပၚ အေကာင္းျမင္တဲ့ ေတာင္ပိုင္း ျပည္နယ္ မ်ားအတြင္း ကြၽန္အေရအတြက္ စုစုေပါင္းဟာ ၄ သန္းအထိ ေရာက္ရွိလာခဲ့ပါတယ္။ ကြၽန္ေဟာင္း အမ်ိဳးသမီးမ်ားနဲ႔ ကေလးမ်ားဟာ စစ္မႈထမ္းျခင္းအစား အိမ္ကြၽန္မ်ားျဖစ္သြားၾကၿပီး ကြၽန္ေယာက္်ားမ်ားဟာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးသေဘၤာက်င္းနဲ႔ ေရယာဥ္တည္ေဆာက္ေရးတို႔မွာ လက္မႈပညာနဲ႔ အလုပ္သမားအျဖစ္ လုပ္ကိုင္ေပးၾက ရပါတယ္။

၁၈၆၁-၁၈၆၅ ခုႏွစ္ အေမရိကန္ေတာင္ပိုင္း ေျမာက္ပိုင္းတိုက္ခိုက္ၾကတဲ့ ျပည္တြင္းစစ္ကာလအတြင္း စစ္သား အျဖစ္ ကူညီတိုက္ခိုက္ေပးဖို႔ ကြၽန္အျဖစ္မွ လြတ္ေျမာက္ခြင့္ဟာ မက္လုံးတစ္ခုျဖစ္လာခဲ့ပါတယ္။ ေသဆုံးခဲ့လွ်င္ ကြၽန္ပိုင္ရွင္တို႔က ေလ်ာ္ေၾကးေပးမယ္လို႔ ဆြဲေဆာင္ခဲ့ၾကပါတယ္။ လူမည္းကြၽန္မ်ားခ်ည့္ ပါဝင္တဲ့ စစ္တပ္မ်ား လည္း ေပၚေပါက္လာၿပီး ျပည္တြင္းစစ္ကာလ ေျမာက္ပိုင္းစစ္တပ္ရဲ႕ ငါးပုံတစ္ပုံဟာ လူမည္းမ်ားျဖစ္ေနခဲ့ပါတယ္။ ကြၽန္ျဖစ္ခဲ့ဖူးသူတို႔ဟာ ေတာင္ေျမာက္ ႏွစ္ဖက္စစ္တပ္တို႔ရဲ႕ ေလးပုံတစ္ပုံအထိ ပါရွိခဲ့ၿပီး စစ္အၿပီး အေမရိကန္ ႏိုင္ငံမွာ ကြၽန္စနစ္ တရား၀င္ခ်ဳပ္ၿငိမ္းသြားပါတယ္။ ဒါေပမယ့္ ၁၈၄ဝ ျပည့္ႏွစ္မတိုင္မီ ေမြးဖြားလာတဲ့ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္အမတ္မ်ားရဲ႕ ၃ဝ ရာခိုင္ႏႈန္း (အခ်ိဳ႕ ၂ဝ ရာစုအထိ ဆက္လက္ထမ္းေဆာင္ခဲ့) တို႔ရဲ႕ ဘဝ သက္တမ္းတေလွ်ာက္လုံးဟာ ကြၽန္ပိုင္ရွင္မ်ားျဖစ္ၾကပါတယ္။

မူလဖြဲ႕စည္းပုံဥပေဒမွာ ကြၽန္စနစ္ကိုတားျမစ္ေၾကာင္း အတိအလင္း ပါဝင္ျခင္းမရွိဘဲ ၁၈၆၄ ခုႏွစ္ ၁၃ ႀကိမ္ေျမာက္ ျပင္ဆင္ခ်က္ေရာက္ရွိမွသာ “ေက်းကြၽန္” “ကြၽန္စနစ္” “ကြၽန္ျပဳျခင္း” စသည္တို႔ကို အဓိပၸါယ္ဖြင့္ဆိုခ်က္နဲ႔တကြ တားဆီးခဲ့ပါတယ္။ အေမရိကန္လႊတ္ေတာ္ႏွစ္ရပ္ရွိရာ ကက္ပီတိုေဟးလ္အေဆာက္အအုံ ဧည့္ခန္းမရွိ ေၾကးဝါ ကမၸည္းျပားပါ မီးသင့္ေက်ာက္တုံးတစ္တုံးဟာ အတိတ္ကာလ လႊတ္ေတာ္အေဆာက္အအုံတည္ေဆာက္ရာမွာ လူမည္းကြၽန္မ်ားလည္း ပါဝင္ခဲ့ေၾကာင္း သတိေပးခ်က္တစ္ခုျဖစ္ေနပါတယ္။

အေမရိကန္သမိုင္းမွာ ရက္စက္ၾကမ္းၾကဳတ္စြာ ဖိႏွိပ္မႈစနစ္ျဖစ္တဲ့ (လူကိုလူခ်င္း) ကြၽန္ျပဳျခင္းမွာ အေသအေပ်ာက္ အမ်ားဆုံး ပဋိပကၡကို ျဖစ္ေပၚေစခဲ့ပါတယ္။ ပါ၀င္ပတ္သက္ခဲ့သူတို႔နဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာဆက္ႏြယ္လ်က္ရွိတဲ့ၾကတဲ့ ကြန္ဂရက္အမတ္ေတာ္မ်ားမ်ားတို႔ကေတာ့ သူတို႔ရဲ႕မိသားစုသမိုင္းမ်ားကို ေယာင္လို႔ေတာင္ မၾကည့္ခ်င္ၾကပါဘူး။

အေမရိကန္ႏိုင္ငံေရး အထက္တန္းလႊာမ်ားရဲ႕ မ်ိဳး႐ိုးစဥ္ဆက္မ်ားကို ႐ိုက္တာသတင္းေအဂ်င္စီက ေလ့လာခဲ့ပါ တယ္။ လႊတ္ေတာ္အမတ္မ်ား၊ အသက္ရွင္လ်က္ရွိဆဲ သမၼတမ်ား၊ တရား႐ုံးခ်ဳပ္ တရားသူႀကီးမ်ားနဲ႔ အုပ္ခ်ဳပ္ေရးမႉး မ်ားရဲ႕ ငါးပုံတစ္ပုံဟာ လူမည္းမ်ားကို ကြၽန္ျပဳခဲ့သူ ဘိုးေဘးမ်ားရဲ႕ တိုက္႐ိုက္မ်ိဳးဆက္မ်ားျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ပါ တယ္။

ေအာက္လႊတ္ေတာ္ အမတ္ ၅၃၆ ဦးအနက္ အမတ္ ၁ဝဝ ထက္မနည္းတို႔ဟာ ကြၽန္ပိုင္ရွင္မ်ိဳး႐ိုးမွ ဆင္းသက္လာသူ မ်ားျဖစ္ေၾကာင္း၊ အထက္လႊတ္ေတာ္ အမတ္ ၁ဝဝ အနက္ ေလးပုံတစ္ပုံေက်ာ္ျဖစ္တဲ့ ၂၈ ဦးတို႔ရဲ႕ မိသားစုမ်ိဳးႏြယ္ မ်ားအတြင္း အနည္းဆုံး ကြၽန္တစ္ဦးကို ပိုင္ဆိုင္ခဲ့သူမ်ားျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။

လက္ရွိ အေမရိကန္ဖက္ဒရယ္အစိုးရ ၁၁၇ ႀကိမ္ေျမာက္ ကြန္ဂရက္လႊတ္ေတာ္မွ အမတ္မ်ားဟာ လူမည္း ၃ဝ ရာခိုင္ႏႈန္းေက်ာ္ပါဝင္တဲ့ ဒီမိုကရက္တစ္မ်ားနဲ႔ ရီပတ္ဘလစ္ကန္မ်ားျဖစ္ၾကၿပီး ႏိုင္ငံမွာ ၾသဇာအရွိဆုံး ႏိုင္ငံေရး သမားအခ်ိဳ႕ ပါဝင္ေနပါတယ္။ ဒါေပမဲ့ သမၼတေဟာင္း ေဒၚနယ္ထရန႔္မွလြဲၿပီး လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒင္နဲ႔ ဂ်င္မီကာတာ၊ ေဂ်ာ့ဂ္်ဒဗလ်ဴဘုရွ္၊ ဘီလ္ကလင္တန္တို႔လို အသက္ရွင္ေနဆဲ ႏိုင္ငံ့ေခါင္းေဆာင္ေဟာင္းတို႔ဟာ ကြၽန္ပိုင္ရွင္မ်ိဳး႐ိုးမ်ား ျဖစ္ၾကပါတယ္။ အဲဒီအခ်က္ကို ႀကိဳတင္သိရွိခဲ့ရင္ မဲမေပးဘူးလို႔ ဆိုသူမ်ားဟာ ႐ိုက္တာ စစ္တမ္းရဲ႕ ၂၃ ရာခိုင္ႏႈန္း ရွိပါတယ္

ရွားရွားပါးပါး လူမည္းကေန သမၼတျဖစ္ခဲ့တဲ့ ဘားရက္အိုဘားမားကိုယ္တိုင္ပင္လွ်င္ လူျဖဴမိခင္ဘက္မ်ိဳး႐ိုးမွာ ကြၽန္ပိုင္ရွင္ျဖစ္ေနပါတယ္။ သမၼတေဟာင္းေဒၚနယ္ထရမ့္ကေတာ့ သူ႔ရဲ႕ဘိုးေဘးေတြက အေမရိကန္ႏိုင္ငံမွာ ကြၽန္စနစ္ဖ်က္သိမ္းၿပီးမွ ေရာက္ရွိလာသူမ်ားျဖစ္ခဲ့လို႔ပါ။ ကြၽန္စနစ္နဲ႔ ကြၽန္ပိုင္ရွင္မ်ိဳး႐ိုးအေၾကာင္း ေျပာဆိုရျခင္းဟာ အျပစ္တင္ဖို႔အတြက္ မရည္႐ြယ္ပါဘူး။ ဘိုးေဘးတို႔ရဲ႕ ခါးသီးလွတဲ့လုပ္ရပ္က သမိုင္းဘီးတစ္ပတ္ ျပန္လည္မလာေစေရးပဲျဖစ္ပါတယ္။

(အေမရိကန္ႏိုင္ငံရဲ႕ ခ်ဳပ္ၿငိမ္းသြားၿပီဆိုတဲ့ကြၽန္စနစ္မွာ အစားထိုးေခါင္းေထာင္လာတာက ႏိုင္ငံအတြင္းေရာက္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားနဲ႔ အသားအေရာင္ရွိသူမ်ားအေပၚ လူျဖဴလူမ်ိဳးႀကီးဝါဒနဲ႔ အာရွတိုက္သားမုန္းတီးေရး အျမင္မ်ား ျဖစ္ပါတယ္။ ရာစုႏွစ္ေပါင္းမ်ားစြာ ကြၽန္စနစ္ထြန္းကားခဲ့ဖူးတဲ့တိုင္းျပည္မွာ လူမည္း ဘားရက္ဟူစိန္ အိုဘားမား က သမၼတေတာင္ျဖစ္ေသးတာ တကယ့္ ဒီမိုကေရစီပါလား မထင္လိုက္ပါနဲ႔။
အိုဘားမားရဲ႕မိခင္ အန္းဒြန္ဟန္ဟာ အဂၤလိပ္အမ်ားစု မ်ိဳး႐ိုးျဖစ္ပါတယ္။ လူမည္းဖခင္ဟာ အာဖရိကန္တစ္ဦး ျဖစ္ေပမယ့္ ကင္ညာအစိုးရအႀကီးတန္း ေဘာဂေဗဒပညာရွင္ျဖစ္ၿပီး ကြၽန္မ်ိဳး႐ိုး မဟုတ္ပါဘူး။ အေမရိကန္မွာ ကြၽန္မ်ိဳး႐ိုးလူမည္းက ႏိုင္ငံ့ထိပ္တန္းေခါင္းေဆာင္ျဖစ္ဖို႔ဆိုတာ အိပ္မက္အဆင့္သာ ရွိပါလိမ့္မယ္။ ။သတင္းဘာသာျပန္သူ)

(Reuters., 27 June 2023,” America's Family Secret” ) ကို #HtayOung, #OungMraune ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာ ျပန္ဆိုသည္။

Related news

© 2021. All rights reserved.