နမ္မတူမြို့ရှိ အ.ထ.က(၁)ကျောင်းအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များ နှင့် TNLA အဖွဲ့တို့ မိနစ်ပိုင်းကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်

1081
ကျော် (NP News) - ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့၊ ရပ်ကွက် (၃)ရှိ အ.ထ.က (၁) ကျောင်းအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များနှင့် တအာင်းလက် နက်ကိုင်အဖွဲ့ TNLA တို့အကြား မိနစ်ပိုင်းကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့(ဒီဇင်ဘာလ ၁၅ ရက်) ၊ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က နမ္မတူမြို့၊ ရပ်ကွက်(၃)ရှိ အ.ထ.က(၁)ကျောင်းအနီးရှိ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအဖွဲ့ဝင်များက ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား(၃)ဦးအား စစ်ဆေးရန်ရပ်တန့်ခိုင်းရာမှတဆင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ပစ်ခတ်မှုဖြစ်တဲ့နေရာက လမ်းဆုံစစ်ဆေးရေးဂိတ်ရှိတဲ့နေရာမှာပါ။ အဲဒီနားမှာ အ.ထ.က(၁) ကျောင်းလည်းရှိတယ်။ ဆိုင်ကယ်စီးလာတဲ့ ၃ ယောက်က TNLA အဖွဲ့ကလို့သိရတယ်။ ပစ်ခတ်ချိန်ကခန့်မှန်း ၁၅ မိနစ်လောက်ကြာတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တအာင်းလက်နက် ကိုင်အဖွဲ့မှ အဖွဲ့ဝင်(၂)ဦးသေဆုံးခဲ့ပြီး ဖြစ်စဥ်နေရာအား လုံခြုံ ရေးအဖွဲ့ဝင်များက ဖြတ်သန်းသွား လာခွင့်ပိတ်ကာ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
"တိုက်ပွဲဖြစ်တယ် အသံကြားတာနဲ့ တစ်ချို့မိဘတွေက စိတ်ပူပြီးလာခေါ်ကြတယ်လို့ပြောတယ်။ သေချာတာတစ်ခုကတော့ ကျောင်းပိတ်ထားတာတွေ့တယ်"ဟု ဒေသခံတစ်ဦးကပြော သည်။
တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ပါဝင်သော မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ လုံခြုံရေးစခန်းများအား ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ ကြားဝင်ကူညီမှုကြောင့် NSPNC နှင့်မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့မှတာဝန်ရှိသူများတွေ့ဆုံ၍ လက်ရှိပဋိပက္ခများကို စစ်ရေးအစား နိုင်ငံရေးဖြင့်ဖြေရှင်းရန် ဆွေးနွေးခဲ့ကြသည်။
zawgyi version
နမၼတူၿမိဳ႕ရှိ အ.ထ.က(၁)ေက်ာင္းအနီးတြင္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား ႏွင့္ TNLA အဖြဲ႕တို႔ မိနစ္ပိုင္းၾကာအျပန္အလွန္ပစ္ခတ္မႈျဖစ္
ေက်ာ္ (NP News) - ဒီဇင္ဘာ ၁၅
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ နမၼတူၿမိဳ႕၊ ရပ္ကြက္ (၃)ရွိ အ.ထ.က (၁) ေက်ာင္းအနီးတြင္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ တအာင္းလက္ နက္ကိုင္အဖြဲ႕ TNLA တို႔အၾကား မိနစ္ပိုင္းၾကာအျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ယေန႔(ဒီဇင္ဘာလ ၁၅ ရက္) ၊ နံနက္ ၉ နာရီ ၄၅ မိနစ္ခန္႔က နမၼတူၿမိဳ႕၊ ရပ္ကြက္(၃)ရွိ အ.ထ.က(၁)ေက်ာင္းအနီးရွိ စစ္ေဆးေရးဂိတ္တြင္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသား(၃)ဦးအား စစ္ေဆးရန္ရပ္တန္႔ခိုင္းရာမွတဆင့္ ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ပစ္ခတ္မႈျဖစ္တဲ့ေနရာက လမ္းဆုံစစ္ေဆးေရးဂိတ္ရွိတဲ့ေနရာမွာပါ။ အဲဒီနားမွာ အ.ထ.က(၁) ေက်ာင္းလည္းရွိတယ္။ ဆိုင္ကယ္စီးလာတဲ့ ၃ ေယာက္က TNLA အဖြဲ႕ကလို႔သိရတယ္။ ပစ္ခတ္ခ်ိန္ကခန္႔မွန္း ၁၅ မိနစ္ေလာက္ၾကာတယ္"ဟု ေဒသခံတစ္ဦးက ေျပာသည္။
အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ တအာင္းလက္နက္ ကိုင္အဖြဲ႕မွ အဖြဲ႕ဝင္(၂)ဦးေသဆုံးခဲ့ၿပီး ျဖစ္စဥ္ေနရာအား လုံၿခဳံ ေရးအဖြဲ႕ဝင္မ်ားက ျဖတ္သန္းသြား လာခြင့္ပိတ္ကာ စစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
"တိုက္ပြဲျဖစ္တယ္ အသံၾကားတာနဲ႔ တစ္ခ်ိဳ႕မိဘေတြက စိတ္ပူၿပီးလာေခၚၾကတယ္လို႔ေျပာတယ္။ ေသခ်ာတာတစ္ခုကေတာ့ ေက်ာင္းပိတ္ထားတာေတြ႕တယ္"ဟု ေဒသခံတစ္ဦးကေျပာ သည္။
တအာင္းလက္နက္ကိုင္အဖြဲ႕ (TNLA) ပါဝင္ေသာ ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ရွိ လုံၿခဳံေရးစခန္းမ်ားအား ဝင္ေရာက္တိုက္ခိုက္မႈမ်ားျပဳလုပ္လ်က္ရွိၾကသည္။
လက္ရွိအခ်ိန္တြင္ တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ကူညီမႈေၾကာင့္ NSPNC ႏွင့္ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕မွတာဝန္ရွိသူမ်ားေတြ႕ဆုံ၍ လက္ရွိပဋိပကၡမ်ားကို စစ္ေရးအစား ႏိုင္ငံေရးျဖင့္ေျဖရွင္းရန္ ေဆြးေႏြးခဲ့ၾကသည္။