မမြစိမ်းနဲ့ ကိုဘုန်းကြွယ်တို့ ဘယ်ရောက်နေပါလိမ့် (ဆောင်းပါး)

 3201

Htay Oung (NP News) - ဒီဇင်ဘာ ၁၆

၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဟာ ကမ္ဘာ့မူးယစ်ဆေးဝါးအများဆုံး ထွက်ရှိတဲ့ နိုင်ငံဖြစ်လာပြီး အတိုက်အခံတို့ရဲ့ စစ်မက်ပြုခြင်းဟာ မူးယစ်ဆေးကုန်သွယ်မှု ငွေကြေးအထောက်အပံ့တို့နဲ့ ဆက်စပ်နေတယ်လို့ UNODC ခေါ် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုခင်းဆိုင်ရာအဖွဲ့ရဲ့ အစီရင်ခံစာကို နိုင်ငံတကာ မီဒီယာကြီးများက သတင်းအဖြစ် ရေးသားနေကြပါတယ်။

စိုက်ပျိုးမှု၊ ထုတ်လုပ်မှုနဲ့ ဆက်စပ်ဂယက်ရိုက်ခတ်မှုများအတွက် “၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်း“ ခေါင်းစဉ်နဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်မှာ UNODC က အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ စစ်တပ်က အာဏာရယူပြီးနောက်ပိုင်း ဒုတိယဘိန်းစိုက်ရာသီအတွင်း မြန်မာနိုင်ငံမှာ စုဆောင်းရရှိခဲ့တဲ့ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာထားတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်ပျိုးမြေ ၄၀,၁၀၀ မှ ၄၇,၁၀၀ ဟက်တာအထိ ၁၈ ရာခိုင်နှုန်းတိုးလာကာ အထွက်နှုန်းကလည်း ၁၀၈၀ မက်ထရစ်တန်အထိ တိုးမြင့်လာတဲ့အတွက် ၂၀၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း၊ မကြာသေးမီက အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ကျဆင်းလာပြီးနောက်ပိုင်း လက်ရှိမြန်မာနိုင်ငံ ဟာ ကမ္ဘာ့ဘိန်းအများဆုံးထွက်ရှိရာ အရင်းအမြစ် ဖြစ်လာခဲ့ကြောင်း၊ အမေရိကန်ကျူးကျော်ပြီး နောက်ပိုင်း အာဖဂန်နစ္စတန်ဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဘိန်းအများဆုံး ထွက်ရှိခဲ့တဲ့ တိုင်းပြည်ဖြစ်ခဲ့ပြီး ယခုမြန်မာနိုင်ငံက ကျော်လွန်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။

UNODC မှ မီးမောင်းထိုးပြလိုက်တဲ့ နောက်ထပ်စိုးရိမ်ဖွယ်ရာအချက်တစ်ခုမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ crystal meth ခေါ် မက်သာဖက်တမင်းပုံဆောင်ခဲ (စိတ်ကြွဆေး) အများဆုံးထုတ်လုပ်တဲ့ နိုင်ငံလည်းဖြစ်နေတယ်လို ပါရှိနေခြင်းပဲ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် အမေရိကန်ရဲ့ အကူအညီနဲ့ အစိုးရတက်လာပြီးနောက်ပိုင်း အာဖဂန်နစ္စတန်ပုံစံမျိုး လက်ရှိ မြန်မာနိုင်ငံမှာလည်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က တိုက်ပွဲတွေကို ဦးဆောင်ဆင်နွှဲလျက်ရှိ ကြောင်း၊ တရုတ်နဲ့ ဆက်စပ်နေတဲ့ဒေသတွေဟာ မူးယစ်ဆေးဝါးထုတ်လုပ်ရာ ဒုတိယနယ်မြေဖြစ်လာ တယ်လို့ ဆိုပါတယ်။

လက်ရှိ မြောက်ပိုင်းမဟာမိတ် ညီနောင်များအဖွဲ့မှာ မြန်မာနိုင်ငံမွေး တရုတ်နွယ်ဖွား (ကိုးကန့်) အခြေစိုက် MNDAA၊ ပလောင် (တအာင်း) အခြေစိုက် TNLA နဲ့ ရခိုင် (ရခိုင်) အခြေစိုက် AA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့ ပါဝင်ပါတယ်။ သီးခြားလွတ်လပ်သော (ကွန်ဖက်ဒရိတ်) အုပ်ချုပ်ရေး အဖြစ် လူသိများပြီးမူးယစ်ဆေးထုတ်လုပ်သူ အခြားလက်နက်ကိုင်စစ်တပ်များဖြစ်တဲ့ ဝမျိုးနွယ်စုအခြေ စိုက် UWSA နဲ့ အာခါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ NDAA တို့မှ မူးယစ်ဂိုဏ်းများက အဲဒီမြောက်ပိုင်း မဟာမိတ်ညီနောင်များအဖွဲ့ကို ရန်ပုံငွေထောက်ပံ့ပါတယ်။

မြန်မာစစ်တပ်ကို ပုန်ကန်တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ MNDAA၊ AA၊ TNLA၊ KIA နဲ့ SSA (မြောက်ပိုင်း) ဆိုပြီး မတူညီတဲ့ လက်နက်ကိုင်အဖွဲ့ငါးဖွဲ့တို့က ပူးပေါင်းပါဝင်နေကြပါတယ်။ UWSA နဲ့ NDAA အဖွဲ့နှစ်ခုတို့ဟာ နစကအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလို့ ပြောဆိုခြင်းကို ဆက်လက်ထိန်းသိမ်းထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့အတွက် ရုပ်ပိုင်းဆိုင်ရာအရ စစ်ပွဲများမှာ ပံ့ပိုးကူညီနေပါတယ်။

အတိုက်အခံတို့ရဲ့ စစ်မက်ပြုခြင်းဟာ မူးယစ်ဆေးကုန်သွယ်မှုကို ငွေကြေးအထောက်အပံ့ပြုနေပါတယ်။

အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံ နစက အစိုးရအပေါ် ဆန့်ကျင်ပုန်ကန်နေတဲ့ NUG နဲ့ PDFs တို့ကို ငွေကြေးထောက်ပံရန် “အမျိုးသားကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေ” NDAA ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဝါရှင်တန်ကတော့ PDFs တို့ကို အကြမ်း ဖက်သမားများအဖြစ် သတ်မှတ်လာတယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။

အာဏာမသိမ်းမီ ရက်သတ္တပတ်အတွင်း မြန်မာ NLD အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တို့အကြား တင်းမာမှုအကြောင်း၊ ထိန်းသိမ်းမခံရမီ နာရီပိုင်းအလိုမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လက်ကိုင် ဖုန်းကို ဖျက်ဆီးလိုက်ကြောင်း အတွင်းရေးသတင်းမြစ်များကို ကိုးကားရေးသားတဲ့ Reuters သတင်းအေဂျင်စီတို့ဟာ အဲဒီနောက်ပိုင်း မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှုများမှာ သိပ်ပြီး တက်တက်ကြွကြွ မရှိတော့ကြောင်း ကျွန်တော်သတိပြုမိပါတယ်။ ရိုက်တာရဲ့ ရှည်လျားတဲ့ မြန်မာနိုင်ငံအာဏာသိမ်းမှုမတိုင်မီ နောက်ကွယ်ဖြစ်စဉ်များအကြောင်းကို နှစ်ပိုင်းခွဲပြီး မြန်မာဘာသာပြန်ဆိုခဲ့ရာ ပထမတစ်ပိုင်းနဲ့တင် (၇)နှစ်ကျော် သုံးစွဲလာတဲ့ ကျွန်တော့်အကောင့်ကို Facebook က အပြီးတိုင်ဖျက်သိမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဆီးရီးယားနဲ့ ကိုလံဘီယာတို့ ပေါင်းစပ်ထားတဲ့ နိုင်ငံအသွင် ပြောင်းလဲသွားနိုင်ကြောင်း မြောက် ၃-ဖွဲ့ရဲ့ 1027 စစ်ရေးလှုပ်ရှားမှု စတင်ပြီး နောက်တစ်နေ့မှာ ကျွန်တော် ရေးသားခဲ့ဖူးပါတယ်။

၂၀၁၁ ခုနှစ် ဆီးရီးယားနိုင်ငံ အာရပ်နွေဦး အာဏာရှင် ဖယ်ရှားရေး လူထုအုံကြွမှုကို လက်နက်နဲ့ ပစ်ခတ်နှိမ်နင်းတယ်လို့ပြောဆို အံ့တုရာမှ ပြည်တွင်းစစ် ဖြစ်ပွားနေတာ ယခုဆို ၁၃ နှစ်နီးပါး ရှိပါပြီ။ ပထမပိုင်း အာဆတ်အစိုးရနဲ့ ဆန့်ကျင်ရေးအရပ်သားလူထုတို့ တိုက်ပွဲဟာ နောက်ပိုင်းမှာ ဒေသတွင်းနိုင်ငံများပါ၀င်တဲ့ ကိုယ်စားပြုစစ် Proxy war ဖြစ်လာပါတယ်။ နောက်တစ်ခါ အယ်လ်ကိုင်ဒါ အိုင်အက်စ်တို့လို ဘာသာရေး အစွန်းရောက်များလည်း ပါ၀င်လာပြီး သုံးဖွဲ့အပြန်အလှန်တိုက်ခိုက် ကြပါတယ်။ အာဆတ်အစိုးရဘက်မှ ရုရှားနိုင်ငံက စစ်ရေးအရ ပါ၀င်တိုက်ခိုက်ပေးခဲ့ပြီး ဝါရှင်တန် လေ့ကျင့်လက်နက်တပ်ဆင်ပေးထားတဲ့ ကာ့ဒ် သူပုန်များက နိုင်ငံနယ်မြေ ၃၀ % ခန့်ဒေသများကို သိမ်းယူထားပါတယ်။ အမေရိကန်တပ်အချို့ဟာ အီရတ်နယ်စပ် ဆီးရီးယားအရှေ့မြောက်ပိုင်းမှာ တပ်စွဲထားပြီး ရေနံများကို ခိုးထုတ်နေပါတယ်။ အိမ်နီးချင်း တူရကီနဲ့ အစ္စရေးတို့က ဆီးရီးယားနိုင်ငံ မြိုကြီးများနဲ့ လေယာဉ်ကွင်းများကို ဒုံးကျည်များနဲ့ ပစ်ခတ်နေပေမယ့် ထီးကျိုးစည်ပေါက်ဖြစ်နေတဲ့ တိုင်းပြည်ဟာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနေပါပြီ။

မြောက်အမေရိကတိုက် ကိုလံဘီယာနိုင်ငံဟာ ၁၉၆၄ ခုနှစ်မှာ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ပါတယ်။ ၁၉၄၈-ခုနှစ် လစ်ဘရယ်နိုင်ငံရေးခေါင်းဆောင် လုပ်ကြံခံရခြင်းမှ တအုံ့နွေးနွေးရှိနေခဲ့တဲ့ ပဋိပက္ခဟာ ပြည်တွင်းစစ်အသွင် အတိအလင်း ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။

စစ်ပွဲမှာ
(၁) ကိုလံဘီယာအစိုးရ
(၂) လက်ဝဲပြောက်ကျားများ
(၃) လက်ျာတော်လှန်ရေးသမားများနဲ့
(၄) ကိုယ်ပိုင်စစ်တပ်ထူထောင်ပြီး ဆင်းရဲသားလူ့အခွင့်အရေးနဲ့ လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့် အယောင်ပြ မူးယစ်ဂိုဏ်းများတို့ဟာ အချင်းချင်း အပြန်အလှန်တိုက်ခိုက်ခဲ့ပါတယ်။

အဖွဲ့ပေါင်း ၁၅ ဖွဲ့ထက်မနည်းတို့ အသီးသီးပါ၀င်တဲ့ ဆန့်ကျင်ရေး အဖွဲ့အစည်း ၃-ခုတို့ဟာ ရည်မှန်းများ အသီးသီး ကွဲပြားနေပေမယ့် မူးယစ်ဆေးထုတ်လုပ်ကုန်ကူးရာမှာတော့ အားလုံးဘုံတူညီယုံမက ကိုလံဘီယာ စစ်တပ်နဲ့ အစိုးရအရာ ရှိများ ကိုယ်တိုင် ပါ၀င်ပတ်သက်နေကြောင်း တွေ့ရှိရပါတယ်။

လူဦးရေ သန်း ၅၀ နီးပါးရှိတဲ့ တိုင်းပြည်ဟာ အရပ်သားချည့်သက်သက် ၂-သိန်းကျော်သေဆုံးပြီး ပြန်ပေးဆွဲခံရသူ ၃-သောင်းနီးပါး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅-သန်းခန့်ရှိပါတယ်။ လုံခြုံရေးပျက်ပြားပြီး နိုင်ငံရေး မတည်ငြိမ်ခြင်းကြောင့် တိုင်းပြည်စီးပွားရေး ပျက်ပြားလာခဲ့ပါတယ်။ စားသောက်ကုန်စျေးနှုန်မြင့်မားသလောက် အလျဉ်မီတဲ့ အလုပ်အကိုင် ရှားပါးတဲ့အတွက် လူငယ်နဲ့ အရွယ်ကောင်း ကိုလံဘီယာနိုင်ငံသားများဟာ တိုင်းပြည်ကို စွန့်ခွာပြီး ဒေသတွင်းနဲ့ ကမ္ဘာအရပ်ရပ်မှာ ရွေ့ပြောင်းအလုပ်သမားများ ဖြစ်သွားခဲ့ကြပါတယ်။

ဒေသတွင်း နိုင်ငံများ ကြား၀င် စေ့စပ်မှုနဲ့ နှစ် ၂၀ ကျော်ကြာဆွေးနွေးပြီး ၂၀၁၆-ခုနှစ်မှာ အင်အားအကြီးဆုံး လက်ဝဲစွန်း သူပုန်အဖွဲ့ဖြစ်တဲ့ FARC-EP တို့က လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့ပါတယ်။ ကုလသမဂ္ဂ၊ နော် ဝေနဲ့ နိုင်ငံတကာ ကိုယ်စားလှယ်များရှေ့မှောက်မှာ FARC-EP သူပုန် တပ်သား ၇၀၀၀ ကျော်တို့က လက်နက်ချပြီး အရပ်သားအဖြစ် ခံယူခဲ့ကြခြင်းဟာ နိုင်ငံတကာမှာ ၀မ်းမြောက်ဖွယ် ထိပ်တန်း သတင်းဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ကိုလံဘီယာပြည်တွင်းစစ်ကတော့ နိဂုံးချုပ်သွားခြင်း ယနေ့တိုင် မရှိခဲ့ပါဘူး။ မူးယစ်ဆေးနဲ့ စုမိဆောင်းမိပြီးသား အလင်း၀င်ရောက်သူတွေဟာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြေပေါ် သူဌေးကြီးများဖြစ်သွားကြပါတယ်။ သူတို့ကို အားကျနေတဲ့ သူပုန် ၂၅ ရာခိုင်နှုန်းကျော်ကတော့ လက်နက်ကိုင် အရသာနဲ့ ငွေရလွယ်တဲ့ မူးယစ်ဆေးလောကို မစွန့်လွှတ်နိုင်ပဲ အကြောင်းအမျိုးမျိုးပြပြီး ဆက်လက်ပုန်ကန်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆိုတာ အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါတွေနဲ့ ဘယ်အချိန်မှာ အပစ်အခတ်ရပ်စဲမယ် ငြိမ်းချမ်းရေးယူကြမယ်ဆိုတာ အရေးကြီးပါလိမ့်မယ်။ ငြိမ်းချမ်းရေးယူကြမယ့်သူ တွေကိုယ်တိုင်လည်း တိုင်းပြည်မျက်နှာကို ထောက်ထားပြီး အတတ်နိုင်ဆုံး ကိုယ်ကျိုးစီးပွား မပါ၀င်ဖို့ ပိုပြီး အရေးကြီးပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် မြေပေါ် မြေအောက် လက်နက်ကိုင်ထားသူ အချင်းချင်း လက်ကုပ်ပြီး ပေါင်းစားကြသလို ဖြစ်ပါလိမ့်မယ်။ အများလူထုမှာတော့ ဘာမှ ထူးခြားမလာပဲ ဆင်းရဲဒုက္ခတွင်းမှာ မပြီးနိုင် မစီးနိုင် နစ်မွန်းရပါလိမ့်မယ်။

ပြည်တွင်းစစ် အဆုံးသတ်ပြီး ငြိမ်းချမ်းနိုးနိုးနဲ့ လုပ်ကိုင်ခဲ့ကြရာမှာ ကိုယ့်ဥစ္စာသိုက်ကို တူးမယ့် သိုက်ဆရာကိုမှ လှေပေါ်တင်မိတဲ့ ကိုဘုန်းကြွယ်နဲ့ မမြစိမ်းတို့လိုလည်း ဖြစ်တတ်ပါတယ်။

zawgyi version
မျမစိမ္းနဲ႔ ကိုဘုန္းႂကြယ္တို႔ ဘယ္ေရာက္ေနပါလိမ့္ (ေဆာင္းပါး)
Htay Oung (NP News) - ဒီဇင္ဘာ ၁၆
၂၀၂၃ ခုႏွစ္ ျမန္မာႏိုင္ငံဟာ ကမာၻ႔မူးယစ္ေဆးဝါးအမ်ားဆုံး ထြက္ရွိတဲ့ ႏိုင္ငံျဖစ္လာၿပီး အတိုက္အခံတို႔ရဲ႕ စစ္မက္ျပဳျခင္းဟာ မူးယစ္ေဆးကုန္သြယ္မႈ ေငြေၾကးအေထာက္အပံ့တို႔နဲ႔ ဆက္စပ္ေနတယ္လို႔ UNODC ေခၚ ကမာၻ႔ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇ၀တ္မႈခင္းဆိုင္ရာအဖြဲ႕ရဲ႕ အစီရင္ခံစာကို ႏိုင္ငံတကာ မီဒီယာႀကီးမ်ားက သတင္းအျဖစ္ ေရးသားေနၾကပါတယ္။

စိုက္ပ်ိဳးမႈ၊ ထုတ္လုပ္မႈနဲ႔ ဆက္စပ္ဂယက္႐ိုက္ခတ္မႈမ်ားအတြက္ “၂၀၂၃ ခုႏွစ္ အေရွ႕ေတာင္အာရွ ဘိန္းစစ္တမ္း“ ေခါင္းစဥ္နဲ႔ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္မွာ UNODC က အစီရင္ခံစာကို ထုတ္ျပန္လိုက္ျခင္းျဖစ္ပါတယ္။ စစ္တပ္က အာဏာရယူၿပီးေနာက္ပိုင္း ဒုတိယဘိန္းစိုက္ရာသီအတြင္း ျမန္မာႏိုင္ငံမွာ စုေဆာင္းရရွိခဲ့တဲ့ အခ်က္အလက္မ်ားကို ခြဲျခမ္းစိတ္ျဖာထားတယ္လို႔ ဆိုပါတယ္။

ဘိန္းစိုက္ပ်ိဳးေျမ ၄၀,၁၀၀ မွ ၄၇,၁၀၀ ဟက္တာအထိ ၁၈ ရာခိုင္ႏႈန္းတိုးလာကာ အထြက္ႏႈန္းကလည္း ၁၀၈၀ မက္ထရစ္တန္အထိ တိုးျမင့္လာတဲ့အတြက္ ၂၀၀၁ ခုႏွစ္ေနာက္ပိုင္း အျမင့္ဆုံးျဖစ္ေၾကာင္း၊ မၾကာေသးမီက အာဖဂန္နစၥတန္ႏိုင္ငံမွာ ဘိန္းစိုက္ပ်ိဳးမႈ က်ဆင္းလာၿပီးေနာက္ပိုင္း လက္ရွိျမန္မာႏိုင္ငံ ဟာ ကမာၻ႔ဘိန္းအမ်ားဆုံးထြက္ရွိရာ အရင္းအျမစ္ ျဖစ္လာခဲ့ေၾကာင္း၊ အေမရိကန္က်ဴးေက်ာ္ၿပီး ေနာက္ပိုင္း အာဖဂန္နစၥတန္ဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း ဘိန္းအမ်ားဆုံး ထြက္ရွိခဲ့တဲ့ တိုင္းျပည္ျဖစ္ခဲ့ၿပီး ယခုျမန္မာႏိုင္ငံက ေက်ာ္လြန္သြားၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

UNODC မွ မီးေမာင္းထိုးျပလိုက္တဲ့ ေနာက္ထပ္စိုးရိမ္ဖြယ္ရာအခ်က္တစ္ခုမွာ ျမန္မာႏိုင္ငံဟာ ကမာၻေပၚမွာ crystal meth ေခၚ မက္သာဖက္တမင္းပုံေဆာင္ခဲ (စိတ္ႂကြေဆး) အမ်ားဆုံးထုတ္လုပ္တဲ့ ႏိုင္ငံလည္းျဖစ္ေနတယ္လို ပါရွိေနျခင္းပဲ ျဖစ္ပါတယ္။

၂၀၀၁ ခုႏွစ္ အေမရိကန္ရဲ႕ အကူအညီနဲ႔ အစိုးရတက္လာၿပီးေနာက္ပိုင္း အာဖဂန္နစၥတန္ပုံစံမ်ိဳး လက္ရွိ ျမန္မာႏိုင္ငံမွာလည္း ေျမာက္ပိုင္းညီေနာင္မဟာမိတ္အဖြဲ႕က တိုက္ပြဲေတြကို ဦးေဆာင္ဆင္ႏႊဲလ်က္ရွိ ေၾကာင္း၊ တ႐ုတ္နဲ႔ ဆက္စပ္ေနတဲ့ေဒသေတြဟာ မူးယစ္ေဆးဝါးထုတ္လုပ္ရာ ဒုတိယနယ္ေျမျဖစ္လာ တယ္လို႔ ဆိုပါတယ္။

လက္ရွိ ေျမာက္ပိုင္းမဟာမိတ္ ညီေနာင္မ်ားအဖြဲ႕မွာ ျမန္မာႏိုင္ငံေမြး တ႐ုတ္ႏြယ္ဖြား (ကိုးကန႔္) အေျခစိုက္ MNDAA၊ ပေလာင္ (တအာင္း) အေျခစိုက္ TNLA နဲ႔ ရခိုင္ (ရခိုင္) အေျခစိုက္ AA တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္း ၃ ဖြဲ႕ ပါဝင္ပါတယ္။ သီးျခားလြတ္လပ္ေသာ (ကြန္ဖက္ဒရိတ္) အုပ္ခ်ဳပ္ေရး အျဖစ္ လူသိမ်ားၿပီးမူးယစ္ေဆးထုတ္လုပ္သူ အျခားလက္နက္ကိုင္စစ္တပ္မ်ားျဖစ္တဲ့ ဝမ်ိဳးႏြယ္စုအေျခ စိုက္ UWSA နဲ႔ အာခါတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ NDAA တို႔မွ မူးယစ္ဂိုဏ္းမ်ားက အဲဒီေျမာက္ပိုင္း မဟာမိတ္ညီေနာင္မ်ားအဖြဲ႕ကို ရန္ပုံေငြေထာက္ပံ့ပါတယ္။

ျမန္မာစစ္တပ္ကို ပုန္ကန္တိုက္ခိုက္ေနတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕မွာ MNDAA၊ AA၊ TNLA၊ KIA နဲ႔ SSA (ေျမာက္ပိုင္း) ဆိုၿပီး မတူညီတဲ့ လက္နက္ကိုင္အဖြဲ႕ငါးဖြဲ႕တို႔က ပူးေပါင္းပါဝင္ေနၾကပါတယ္။ UWSA နဲ႔ NDAA အဖြဲ႕ႏွစ္ခုတို႔ဟာ နစကအစိုးရနဲ႔ အပစ္အခတ္ရပ္စဲေရးလို႔ ေျပာဆိုျခင္းကို ဆက္လက္ထိန္းသိမ္းထားၿပီး ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕အတြက္ ႐ုပ္ပိုင္းဆိုင္ရာအရ စစ္ပြဲမ်ားမွာ ပံ့ပိုးကူညီေနပါတယ္။

အတိုက္အခံတို႔ရဲ႕ စစ္မက္ျပဳျခင္းဟာ မူးယစ္ေဆးကုန္သြယ္မႈကို ေငြေၾကးအေထာက္အပံ့ျပဳေနပါတယ္။

အေမရိကန္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးနဲ႔ဆက္စပ္ၿပီး ျမန္မာႏိုင္ငံ နစက အစိုးရအေပၚ ဆန္႔က်င္ပုန္ကန္ေနတဲ့ NUG နဲ႔ PDFs တို႔ကို ေငြေၾကးေထာက္ပံရန္ “အမ်ိဳးသားကာကြယ္ေရးဆိုင္ရာ လုပ္ပိုင္ခြင့္မ်ား အပ္ႏွင္းသည့္ ဥပေဒ” NDAA ေရးဆြဲျပ႒ာန္းခဲ့တဲ့ ဝါရွင္တန္ကေတာ့ PDFs တို႔ကို အၾကမ္း ဖက္သမားမ်ားအျဖစ္ သတ္မွတ္လာတယ္လို႔ သတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။

အာဏာမသိမ္းမီ ရက္သတၱပတ္အတြင္း ျမန္မာ NLD အစိုးရနဲ႔ တပ္မေတာ္ေခါင္းေဆာင္တို႔အၾကား တင္းမာမႈအေၾကာင္း၊ ထိန္းသိမ္းမခံရမီ နာရီပိုင္းအလိုမွာ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕ လက္ကိုင္ ဖုန္းကို ဖ်က္ဆီးလိုက္ေၾကာင္း အတြင္းေရးသတင္းျမစ္မ်ားကို ကိုးကားေရးသားတဲ့ Reuters သတင္းေအဂ်င္စီတို႔ဟာ အဲဒီေနာက္ပိုင္း ျမန္မာႏိုင္ငံ ဒီမိုကေရစီအေရး လႈပ္ရွားမႈမ်ားမွာ သိပ္ၿပီး တက္တက္ႂကြႂကြ မရွိေတာ့ေၾကာင္း ကြၽန္ေတာ္သတိျပဳမိပါတယ္။ ႐ိုက္တာရဲ႕ ရွည္လ်ားတဲ့ ျမန္မာႏိုင္ငံအာဏာသိမ္းမႈမတိုင္မီ ေနာက္ကြယ္ျဖစ္စဥ္မ်ားအေၾကာင္းကို ႏွစ္ပိုင္းခြဲၿပီး ျမန္မာဘာသာျပန္ဆိုခဲ့ရာ ပထမတစ္ပိုင္းနဲ႔တင္ (၇)ႏွစ္ေက်ာ္ သုံးစြဲလာတဲ့ ကြၽန္ေတာ့္အေကာင့္ကို Facebook က အၿပီးတိုင္ဖ်က္သိမ္းခဲ့ပါတယ္။

ျမန္မာႏိုင္ငံဟာ ဆီးရီးယားနဲ႔ ကိုလံဘီယာတို႔ ေပါင္းစပ္ထားတဲ့ ႏိုင္ငံအသြင္ ေျပာင္းလဲသြားႏိုင္ေၾကာင္း ေျမာက္ ၃-ဖြဲ႕ရဲ႕ 1027 စစ္ေရးလႈပ္ရွားမႈ စတင္ၿပီး ေနာက္တစ္ေန႔မွာ ကြၽန္ေတာ္ ေရးသားခဲ့ဖူးပါတယ္။

၂၀၁၁ ခုႏွစ္ ဆီးရီးယားႏိုင္ငံ အာရပ္ေႏြဦး အာဏာရွင္ ဖယ္ရွားေရး လူထုအုံႂကြမႈကို လက္နက္နဲ႔ ပစ္ခတ္ႏွိမ္နင္းတယ္လို႔ေျပာဆို အံ့တုရာမွ ျပည္တြင္းစစ္ ျဖစ္ပြားေနတာ ယခုဆို ၁၃ ႏွစ္နီးပါး ရွိပါၿပီ။ ပထမပိုင္း အာဆတ္အစိုးရနဲ႔ ဆန္႔က်င္ေရးအရပ္သားလူထုတို႔ တိုက္ပြဲဟာ ေနာက္ပိုင္းမွာ ေဒသတြင္းႏိုင္ငံမ်ားပါ၀င္တဲ့ ကိုယ္စားျပဳစစ္ Proxy war ျဖစ္လာပါတယ္။ ေနာက္တစ္ခါ အယ္လ္ကိုင္ဒါ အိုင္အက္စ္တို႔လို ဘာသာေရး အစြန္းေရာက္မ်ားလည္း ပါ၀င္လာၿပီး သုံးဖြဲ႕အျပန္အလွန္တိုက္ခိုက္ ၾကပါတယ္။ အာဆတ္အစိုးရဘက္မွ ႐ုရွားႏိုင္ငံက စစ္ေရးအရ ပါ၀င္တိုက္ခိုက္ေပးခဲ့ၿပီး ဝါရွင္တန္ ေလ့က်င့္လက္နက္တပ္ဆင္ေပးထားတဲ့ ကာ့ဒ္ သူပုန္မ်ားက ႏိုင္ငံနယ္ေျမ ၃၀ % ခန္႔ေဒသမ်ားကို သိမ္းယူထားပါတယ္။ အေမရိကန္တပ္အခ်ိဳ႕ဟာ အီရတ္နယ္စပ္ ဆီးရီးယားအေရွ႕ေျမာက္ပိုင္းမွာ တပ္စြဲထားၿပီး ေရနံမ်ားကို ခိုးထုတ္ေနပါတယ္။ အိမ္နီးခ်င္း တူရကီနဲ႔ အစၥေရးတို႔က ဆီးရီးယားႏိုင္ငံ ၿမိဳႀကီးမ်ားနဲ႔ ေလယာဥ္ကြင္းမ်ားကို ဒုံးက်ည္မ်ားနဲ႔ ပစ္ခတ္ေနေပမယ့္ ထီးက်ိဳးစည္ေပါက္ျဖစ္ေနတဲ့ တိုင္းျပည္ဟာ ေျခသုတ္ပုဆိုး ေႁမြစြယ္က်ိဳးေနပါၿပီ။

ေျမာက္အေမရိကတိုက္ ကိုလံဘီယာႏိုင္ငံဟာ ၁၉၆၄ ခုႏွစ္မွာ ျပည္တြင္းစစ္ စတင္ျဖစ္ပြားခဲ့ပါတယ္။ ၁၉၄၈-ခုႏွစ္ လစ္ဘရယ္ႏိုင္ငံေရးေခါင္းေဆာင္ လုပ္ႀကံခံရျခင္းမွ တအုံ႔ေႏြးေႏြးရွိေနခဲ့တဲ့ ပဋိပကၡဟာ ျပည္တြင္းစစ္အသြင္ အတိအလင္း ေျပာင္းလဲသြားျခင္းျဖစ္ပါတယ္။

စစ္ပြဲမွာ
(၁) ကိုလံဘီယာအစိုးရ
(၂) လက္ဝဲေျပာက္က်ားမ်ား
(၃) လက္်ာေတာ္လွန္ေရးသမားမ်ားနဲ႔
(၄) ကိုယ္ပိုင္စစ္တပ္ထူေထာင္ၿပီး ဆင္းရဲသားလူ႔အခြင့္အေရးနဲ႔ လူမ်ိဳးစုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ အေယာင္ျပ မူးယစ္ဂိုဏ္းမ်ားတို႔ဟာ အခ်င္းခ်င္း အျပန္အလွန္တိုက္ခိုက္ခဲ့ပါတယ္။

အဖြဲ႕ေပါင္း ၁၅ ဖြဲ႕ထက္မနည္းတို႔ အသီးသီးပါ၀င္တဲ့ ဆန္႔က်င္ေရး အဖြဲ႕အစည္း ၃-ခုတို႔ဟာ ရည္မွန္းမ်ား အသီးသီး ကြဲျပားေနေပမယ့္ မူးယစ္ေဆးထုတ္လုပ္ကုန္ကူးရာမွာေတာ့ အားလုံးဘုံတူညီယုံမက ကိုလံဘီယာ စစ္တပ္နဲ႔ အစိုးရအရာ ရွိမ်ား ကိုယ္တိုင္ ပါ၀င္ပတ္သက္ေနေၾကာင္း ေတြ႕ရွိရပါတယ္။

လူဦးေရ သန္း ၅၀ နီးပါးရွိတဲ့ တိုင္းျပည္ဟာ အရပ္သားခ်ည့္သက္သက္ ၂-သိန္းေက်ာ္ေသဆုံးၿပီး ျပန္ေပးဆြဲခံရသူ ၃-ေသာင္းနီးပါး၊ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရသူ ၅-သန္းခန္႔ရွိပါတယ္။ လုံၿခဳံေရးပ်က္ျပားၿပီး ႏိုင္ငံေရး မတည္ၿငိမ္ျခင္းေၾကာင့္ တိုင္းျပည္စီးပြားေရး ပ်က္ျပားလာခဲ့ပါတယ္။ စားေသာက္ကုန္ေစ်းႏႈန္ျမင့္မားသေလာက္ အလ်ဥ္မီတဲ့ အလုပ္အကိုင္ ရွားပါးတဲ့အတြက္ လူငယ္နဲ႔ အ႐ြယ္ေကာင္း ကိုလံဘီယာႏိုင္ငံသားမ်ားဟာ တိုင္းျပည္ကို စြန္႔ခြာၿပီး ေဒသတြင္းနဲ႔ ကမာၻအရပ္ရပ္မွာ ေ႐ြ႕ေျပာင္းအလုပ္သမားမ်ား ျဖစ္သြားခဲ့ၾကပါတယ္။

ေဒသတြင္း ႏိုင္ငံမ်ား ၾကား၀င္ ေစ့စပ္မႈနဲ႔ ႏွစ္ ၂၀ ေက်ာ္ၾကာေဆြးေႏြးၿပီး ၂၀၁၆-ခုႏွစ္မွာ အင္အားအႀကီးဆုံး လက္ဝဲစြန္း သူပုန္အဖြဲ႕ျဖစ္တဲ့ FARC-EP တို႔က လက္နက္နဲ႔ ၿငိမ္းခ်မ္းေရး လဲလွယ္ခဲ့ပါတယ္။ ကုလသမဂၢ၊ ေနာ္ ေဝနဲ႔ ႏိုင္ငံတကာ ကိုယ္စားလွယ္မ်ားေရွ႕ေမွာက္မွာ FARC-EP သူပုန္ တပ္သား ၇၀၀၀ ေက်ာ္တို႔က လက္နက္ခ်ၿပီး အရပ္သားအျဖစ္ ခံယူခဲ့ၾကျခင္းဟာ ႏိုင္ငံတကာမွာ ၀မ္းေျမာက္ဖြယ္ ထိပ္တန္း သတင္းျဖစ္ခဲ့ပါတယ္။

ဒါေပမဲ့ ကိုလံဘီယာျပည္တြင္းစစ္ကေတာ့ နိဂုံးခ်ဳပ္သြားျခင္း ယေန႔တိုင္ မရွိခဲ့ပါဘူး။ မူးယစ္ေဆးနဲ႔ စုမိေဆာင္းမိၿပီးသား အလင္း၀င္ေရာက္သူေတြဟာ အေထြေထြ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ေျမေပၚ သူေဌးႀကီးမ်ားျဖစ္သြားၾကပါတယ္။ သူတို႔ကို အားက်ေနတဲ့ သူပုန္ ၂၅ ရာခိုင္ႏႈန္းေက်ာ္ကေတာ့ လက္နက္ကိုင္ အရသာနဲ႔ ေငြရလြယ္တဲ့ မူးယစ္ေဆးေလာကို မစြန္႔လႊတ္ႏိုင္ပဲ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ဆက္လက္ပုန္ကန္တိုက္ခိုက္ေနဆဲျဖစ္ပါတယ္။

အပစ္အခတ္ရပ္စဲေရး ၿငိမ္းခ်မ္းေရးဆိုတာ အလြန္ေကာင္းပါတယ္။ ဒါေပမယ့္ ဘယ္သူဘယ္ဝါေတြနဲ႔ ဘယ္အခ်ိန္မွာ အပစ္အခတ္ရပ္စဲမယ္ ၿငိမ္းခ်မ္းေရးယူၾကမယ္ဆိုတာ အေရးႀကီးပါလိမ့္မယ္။ ၿငိမ္းခ်မ္းေရးယူၾကမယ့္သူ ေတြကိုယ္တိုင္လည္း တိုင္းျပည္မ်က္ႏွာကို ေထာက္ထားၿပီး အတတ္ႏိုင္ဆုံး ကိုယ္က်ိဳးစီးပြား မပါ၀င္ဖို႔ ပိုၿပီး အေရးႀကီးပါလိမ့္မယ္။ ဒီလိုမွ မဟုတ္ရင္ ေျမေပၚ ေျမေအာက္ လက္နက္ကိုင္ထားသူ အခ်င္းခ်င္း လက္ကုပ္ၿပီး ေပါင္းစားၾကသလို ျဖစ္ပါလိမ့္မယ္။ အမ်ားလူထုမွာေတာ့ ဘာမွ ထူးျခားမလာပဲ ဆင္းရဲဒုကၡတြင္းမွာ မၿပီးႏိုင္ မစီးႏိုင္ နစ္မြန္းရပါလိမ့္မယ္။

ျပည္တြင္းစစ္ အဆုံးသတ္ၿပီး ၿငိမ္းခ်မ္းႏိုးႏိုးနဲ႔ လုပ္ကိုင္ခဲ့ၾကရာမွာ ကိုယ့္ဥစၥာသိုက္ကို တူးမယ့္ သိုက္ဆရာကိုမွ ေလွေပၚတင္မိတဲ့ ကိုဘုန္းႂကြယ္နဲ႔ မျမစိမ္းတို႔လိုလည္း ျဖစ္တတ္ပါတယ္။

Related news

© 2021. All rights reserved.