ကမ္ဘာကျော်ဘီလျံနာဇူကာဘတ်က အမေရိကန်ဒေါ်လာသန်း(၁ဝဝ)တန်ဖိုးရှိ အဆောက်အဦးနှင့် ဘန်ကာကို တည်ဆောက်နေပြီဖြစ်ကြောင်း Wired မဂ္ဂဇင်းဖော်ပြ

 5553

Pika (NP News) - ဒီဇင်ဘာ ၁၇

ဖေ့စ်ဘုတ်တည်ထောင်သူ ကမ္ဘာကျော်ဘီလျံနာ ဇူကာဘတ်သည် စတုရန်းပေ(၅ဝဝဝ)ရှိသည့် မြေအောက် ဘန်ကာတစ်ခု နှင့် အိမ်နှစ်လုံးကို ဆက်သွယ်ထားသည့် ဥမင်လှိုဏ်ခေါင်းတစ်ခုပါဝင်သော အမေရိကန်ဒေါ်လာ သန်း(၁ဝဝ)တန် အဆောက်အဦးတစ်ခုကို ဟာဝိုင်အီကျွန်းပေါ်ရှိ မိသားစုခြံဝန်းထဲတွင် စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါပရောဂျက်သည် ဟာဝိုင်အီကျွန်းပေါ်ရှိ Kauai တွင် တည်ရှိပြီး အလွန်လျှို့ဝှက်ထားသောကြောင့် လက်သမားများ၊ လျှပ်စစ်သမားများ နှင့် အခြားကန်ထရိုက်တာများသည် ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိသော သဘောတူညီချက်များဖြင့် နှုတ်ပိတ်ခံထားရကြောင်း အမေရိကန်မဂ္ဂဇင်း Wired က ယခုသီတင်းပတ်တွင် ဖော်ပြခဲ့သည်။

၂ဝ၁၄ ခုနှစ် ဩဂုတ်လတွင် ဇူကာဘတ်ဝယ်ယူခဲ့သော အဆိုပါမြေကွက်သည် ဧက(၁၄ဝဝ)ခန့် ကျယ်ဝန်းကြောင်း လည်း သိရသည်။ ဇူကာဘတ် နှင့် ၎င်း၏ ဇနီးဖြစ်သူ Priscilla Chan တို့သည် အဆိုပါခြံဝန်းကို ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာသန်း(၁၇ဝ) သုံးစွဲခဲ့ကြောင်း ဇူကာဘတ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Wired မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

Koolau Ranch ဟု လူသိများသော အဆိုပါခြံဝန်းသည် ၎င်း၏ ကိုယ်ပိုင်စွမ်းအင် နှင့် ရေထောက်ပံ့မှုများကို ထုတ်လုပ်ပေးနိုင်ပြီး အိမ်တွင်းမွေးမြူရေးလုပ်ငန်း နှင့် စိုက်ပျိုးရေးလုပ်ငန်းတို့က စားနပ်ရိက္ခာထောက်ပံ့မှုများကို လုပ်ဆောင်နိုင်ကြောင်း သတင်းများအရ သိရသည်။

အဆိုပါခြံဝန်းထဲတွင် အနည်းဆုံး အိပ်ခန်းပေါင်း(၃ဝ) နှင့် ရေချိုးခန်းပေါင်း(၃ဝ) ဖြင့် ပေါင်းစပ်ထားသည့် အဆောက်အဦး တစ်ဒါဇင်ကျော် ပါဝင်မည်ဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများ၊ အမည်မသိ ကန်ထရိုက်တာများ နှင့် တွေ့ဆုံမေးမြန်းမှုများကို ကိုးကားပြီး Wired မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ခြံဝန်းအလယ်ရှိ နေအိမ်နှစ်ခုတွင် နေထိုင်ရန်နေရာအတွက် အကျယ်အဝန်း စုစုပေါင်း စတုရန်းပေ (၅၇ဝဝဝ) ရှိမည်ဖြစ်ပြီး disk-shaped treehouses (၁၁)လုံးကို ကြိုးတံတားများဖြင့် ဆက်သွယ်ထားမည်ဖြစ်ကြောင်း သိရသည်။

ခြံဝန်းထဲတွင် ဧည့်ရိပ်သာများအပြင် အားကစားခန်းမ၊ ရေကူးကန်များ၊ ရေနွေးငွေ့အခန်းများ၊ ရေပူကန်များ နှင့် တင်းနစ်အားကစားတို့ ပါရှိသည့် အဆောက်အဦးကြီးတစ်ခု ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါခြံဝန်းပတ်ပတ်လည်တွင် ဒါဇင်နှင့်ချီသော ကင်မရာများကို တပ်ဆင်ထားမည်ဖြစ်ပြီး အဆောက်အဦးတစ်ခု လျှင်ပင် ကင်မရာအလုံးရေ (၂ဝ)ကျော် တပ်ဆင်ထားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတည်ဆောက်မှုများ အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာသန်း(၁ဝဝ) ရှိမည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ကုန်ကျစရိတ်မှာ ပိုမိုများပြားနိုင်ကြောင်း Wired မဂ္ဂဇင်း က ဖော်ပြခဲ့သည်။

Zawgyi Version;
ကမာၻေက်ာ္ဘီလ်ံနာဇူကာဘတ္က အေမရိကန္ေဒၚလာသန္း(၁ဝဝ)တန္ဖိုးရွိ အေဆာက္အဦးႏွင့္ ဘန္ကာကို တည္ေဆာက္ေနၿပီျဖစ္ေၾကာင္း Wired မဂၢဇင္းေဖာ္ျပ
Pika (NP News) - ဒီဇင္ဘာ ၁၇

ေဖ့စ္ဘုတ္တည္ေထာင္သူ ကမာၻေက်ာ္ဘီလ်ံနာ ဇူကာဘတ္သည္ စတုရန္းေပ(၅ဝဝဝ)ရွိသည့္ ေျမေအာက္ ဘန္ကာတစ္ခု ႏွင့္ အိမ္ႏွစ္လုံးကို ဆက္သြယ္ထားသည့္ ဥမင္လႈိဏ္ေခါင္းတစ္ခုပါဝင္ေသာ အေမရိကန္ေဒၚလာ သန္း(၁ဝဝ)တန္ အေဆာက္အဦးတစ္ခုကို ဟာဝိုင္အီကြၽန္းေပၚရွိ မိသားစုၿခံဝန္းထဲတြင္ စတင္တည္ေဆာက္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါပေရာဂ်က္သည္ ဟာဝိုင္အီကြၽန္းေပၚရွိ Kauai တြင္ တည္ရွိၿပီး အလြန္လွ်ိဳ႕ဝွက္ထားေသာေၾကာင့္ လက္သမားမ်ား၊ လွ်ပ္စစ္သမားမ်ား ႏွင့္ အျခားကန္ထ႐ိုက္တာမ်ားသည္ ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳးမရွိေသာ သေဘာတူညီခ်က္မ်ားျဖင့္ ႏႈတ္ပိတ္ခံထားရေၾကာင္း အေမရိကန္မဂၢဇင္း Wired က ယခုသီတင္းပတ္တြင္ ေဖာ္ျပခဲ့သည္။

၂ဝ၁၄ ခုႏွစ္ ဩဂုတ္လတြင္ ဇူကာဘတ္ဝယ္ယူခဲ့ေသာ အဆိုပါေျမကြက္သည္ ဧက(၁၄ဝဝ)ခန႔္ က်ယ္ဝန္းေၾကာင္း လည္း သိရသည္။ ဇူကာဘတ္ ႏွင့္ ၎၏ ဇနီးျဖစ္သူ Priscilla Chan တို႔သည္ အဆိုပါၿခံဝန္းကို ဝယ္ယူရန္အတြက္ အေမရိကန္ေဒၚလာသန္း(၁၇ဝ) သုံးစြဲခဲ့ေၾကာင္း ဇူကာဘတ္၏ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက Wired မဂၢဇင္းသို႔ ေျပာၾကားခဲ့သည္။

Koolau Ranch ဟု လူသိမ်ားေသာ အဆိုပါၿခံဝန္းသည္ ၎၏ ကိုယ္ပိုင္စြမ္းအင္ ႏွင့္ ေရေထာက္ပံ့မႈမ်ားကို ထုတ္လုပ္ေပးႏိုင္ၿပီး အိမ္တြင္းေမြးျမဴေရးလုပ္ငန္း ႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းတို႔က စားနပ္ရိကၡာေထာက္ပံ့မႈမ်ားကို လုပ္ေဆာင္ႏိုင္ေၾကာင္း သတင္းမ်ားအရ သိရသည္။

အဆိုပါၿခံဝန္းထဲတြင္ အနည္းဆုံး အိပ္ခန္းေပါင္း(၃ဝ) ႏွင့္ ေရခ်ိဳးခန္းေပါင္း(၃ဝ) ျဖင့္ ေပါင္းစပ္ထားသည့္ အေဆာက္အဦး တစ္ဒါဇင္ေက်ာ္ ပါဝင္မည္ျဖစ္ေၾကာင္း အိမ္ၿခံေျမမွတ္တမ္းမ်ား၊ အမည္မသိ ကန္ထ႐ိုက္တာမ်ား ႏွင့္ ေတြ႕ဆုံေမးျမန္းမႈမ်ားကို ကိုးကားၿပီး Wired မဂၢဇင္းက ေဖာ္ျပခဲ့သည္။

ၿခံဝန္းအလယ္ရွိ ေနအိမ္ႏွစ္ခုတြင္ ေနထိုင္ရန္ေနရာအတြက္ အက်ယ္အဝန္း စုစုေပါင္း စတုရန္းေပ (၅၇ဝဝဝ) ရွိမည္ျဖစ္ၿပီး disk-shaped treehouses (၁၁)လုံးကို ႀကိဳးတံတားမ်ားျဖင့္ ဆက္သြယ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

ၿခံဝန္းထဲတြင္ ဧည့္ရိပ္သာမ်ားအျပင္ အားကစားခန္းမ၊ ေရကူးကန္မ်ား၊ ေရေႏြးေငြ႕အခန္းမ်ား၊ ေရပူကန္မ်ား ႏွင့္ တင္းနစ္အားကစားတို႔ ပါရွိသည့္ အေဆာက္အဦးႀကီးတစ္ခု ပါဝင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါၿခံဝန္းပတ္ပတ္လည္တြင္ ဒါဇင္ႏွင့္ခ်ီေသာ ကင္မရာမ်ားကို တပ္ဆင္ထားမည္ျဖစ္ၿပီး အေဆာက္အဦးတစ္ခု လွ်င္ပင္ ကင္မရာအလုံးေရ (၂ဝ)ေက်ာ္ တပ္ဆင္ထားမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါတည္ေဆာက္မႈမ်ား အတြက္ ကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာသန္း(၁ဝဝ) ရွိမည္ဟု ခန႔္မွန္းထားေသာ္လည္း လက္ေတြ႕တြင္ ကုန္က်စရိတ္မွာ ပိုမိုမ်ားျပားႏိုင္ေၾကာင္း Wired မဂၢဇင္း က ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.