စက်ဘီးစီးနေသည့်ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦးကို တွဲကားမှ ဝင်တိုက်မှုဖြစ်ပွား

 1033

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၇

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် စက်ဘီးစီးနေသည့်ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦးကို တွဲကားမှ ဝင်တိုက် မှုဖြစ်ပွားခဲ့ကြောင်း Save The Tree Rescue Team ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၁၇ ရက်)၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ခပေါင်း၊ နတ်စင်ကုန်း ကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးက ပုံမှန်အတိုင်း လမ်းထိပ်မှာ စက်ဘီးစီးနေတာကို တွဲကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ။ တိုက်မိ တဲ့ကားက ကတ္တရာတွေ တင်လာတဲ့ကားပေါ့။ ကားကတိုက်ပြီး ရှေ့ဘီးနဲ့ ခြေထောက်တွေကို တက်ကြိတ်မိသွား တာပေါ့” ဟု Save The Tree Rescue Teamမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၁၁)နှစ်အရွယ်ကလေးငယ်တွင် ယာ/ဝဲခြေထောက်ကြေမွဒဏ်ရာနှင့် မေးစေ့ တွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ကလေးက အခုတော့ စိုးရိမ်စရာမရှိတော့ပါဘူး။ ခြေထောက်တွေကတော့(၂)ဖက်လုံး အကြိတ်ခံလိုက်ရတော့ ကြေသွားတာ။ ဖြတ်ရမှာတော့ သေချာတယ်။ အောက်မေးလဲ ကွဲထားတယ်။ ကားသမားကိုတော့ အုတ်တွင်း ရဲစခန်းက အရေးယူထားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ကလေးငယ်အား နေပြည်တော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လျက်ရှိ ပြီး တွဲကားယာဉ်မောင်းအမျိုးသားအား သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Zawgyi Version;
စက္ဘီးစီးေနသည့္ဆယ္ေက်ာ္သက္အ႐ြယ္ကေလးတစ္ဦးကို တြဲကားမွ ဝင္တိုက္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၇

ပဲခူးတိုင္း၊ အုတ္တြင္းၿမိဳ႕နယ္တြင္ စက္ဘီးစီးေနသည့္ဆယ္ေက်ာ္သက္အ႐ြယ္ကေလးတစ္ဦးကို တြဲကားမွ ဝင္တိုက္ မႈျဖစ္ပြားခဲ့ေၾကာင္း Save The Tree Rescue Team ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာ ၁၇ ရက္)၊ မြန္းလြဲ ၂ နာရီအခ်ိန္ခန႔္တြင္ အုတ္တြင္းၿမိဳ႕နယ္၊ ခေပါင္း၊ နတ္စင္ကုန္း ေက်း႐ြာတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကေလးက ပုံမွန္အတိုင္း လမ္းထိပ္မွာ စက္ဘီးစီးေနတာကို တြဲကားက အရွိန္မထိန္းႏိုင္ဘဲ ဝင္တိုက္မိတာ။ တိုက္မိ တဲ့ကားက ကတၱရာေတြ တင္လာတဲ့ကားေပါ့။ ကားကတိုက္ၿပီး ေရွ႕ဘီးနဲ႔ ေျခေထာက္ေတြကို တက္ႀကိတ္မိသြား တာေပါ့” ဟု Save The Tree Rescue Teamမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ အသက္(၁၁)ႏွစ္အ႐ြယ္ကေလးငယ္တြင္ ယာ/ဝဲေျခေထာက္ေၾကမြဒဏ္ရာႏွင့္ ေမးေစ့ တြင္လည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

“ကေလးက အခုေတာ့ စိုးရိမ္စရာမရွိေတာ့ပါဘူး။ ေျခေထာက္ေတြကေတာ့(၂)ဖက္လုံး အႀကိတ္ခံလိုက္ရေတာ့ ေၾကသြားတာ။ ျဖတ္ရမွာေတာ့ ေသခ်ာတယ္။ ေအာက္ေမးလဲ ကြဲထားတယ္။ ကားသမားကိုေတာ့ အုတ္တြင္း ရဲစခန္းက အေရးယူထားတယ္” ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည့္ ကေလးငယ္အား ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္လ်က္ရွိ ၿပီး တြဲကားယာဥ္ေမာင္းအမ်ိဳးသားအား သက္ဆိုင္ရာမွ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.