ဂျပန်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်နေသည့် ပဲခူးမြစ်ကူး (သန်လျင်တံတားအမှတ်-၃)ကို တပ်ချုပ်သွားရောက်၊ (၉၄) ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေ

 9939

ယွန်း (NP News) - ဒီဇင်ဘာ ၁၈

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်)က ကျင်းပခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း နစကမှ သိရသည်။

ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေးသဘောတူညီချက်အရ ၂၀၁၃ ခုနှစ်တွင်စတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားတည်ဆောက်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလမှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ (၄)နှစ်ကျော်ကာလအ တွင်း လုပ်ငန်းပြီးစီးမှု ၉၄ ရာခိုင်နှုန်းရှိနေပြီး ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းပြီးစီးရေးလျာထားကြောင်း သိရသည်။

အဆိုပါတံတားသည် စုစုပေါင်းအရှည် (၈၆၃၈) ပေရှိကာ (၄) လမ်းသွားတံတားဖြစ်ပြီး တံတားအမျိုးအစားသည် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်၍ တံတားခံနိုင်ဝန်သည် ယာဉ်တစ်စီးချင်း (၇၅) တန်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းဆောင်ရွက်မှုများပြီးစီးပါက သန်လျင်တံတားအမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဥ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထား သည်။

တံတားပြီးစီးပါက သီလဝါအထူးစီးပွားရေးဇုန် နှင့် သန်လျင်ဒေသဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အလားတူ သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည် တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာနိုင်ပြီး ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာနိုင်ကြောင်း သိရသည်။

တံတားတည်ဆောက်ရေးစီမံကိန်းအတွက် JICA က သက်သာသော အတိုးနှုန်း ODA ချေးငွေ ဂျပန်ယန်း(၃၁)ဘီလီယံဖြင့်တည်ဆောက်နေပြီး ပြန်ဆပ်ကာလကို နှစ်(၄ဝ) သတ်မှတ်ထားကြောင်း သိရသည်။

zawgyi version
ဂ်ပန္ႏိုင္ငံ၏အကူအညီျဖင့္ တည္ေဆာက္ေနသည့္ ပဲခူးျမစ္ကူး (သန္လ်င္တံတားအမွတ္-၃)ကို တပ္ခ်ဳပ္သြားေရာက္၊ (၉၄) ရာခိုင္ႏႈန္းခန႔္ တည္ေဆာက္ၿပီးစီးေန

ယြန္း (NP News) - ဒီဇင္ဘာ ၁၈

ပဲခူးျမစ္ကူးတံတား(သန္လ်င္တံတားအမွတ္-၃) တံတားဆက္ျခင္း အထိမ္းအမွတ္ ေ႐ႊမူလီတပ္ဆင္ျခင္းအခမ္းအနားကို ယမန္ေန႔ (ဒီဇင္ဘာလ ၁၇ ရက္)က က်င္းပခဲ့ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ခဲ့ေၾကာင္း နစကမွ သိရသည္။

ပဲခူးျမစ္ကူးတံတား တည္ေဆာက္ေရးစီမံကိန္းကို ဂ်ပန္ႏိုင္ငံ၊ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ(JICA)ႏွင့္ ျမန္မာႏိုင္ငံရွိ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ စီမံကိန္းအေကာင္အထည္ေဖာ္ေရးသေဘာတူညီခ်က္အရ ၂၀၁၃ ခုႏွစ္တြင္စတင္၍ စီမံကိန္းလုပ္ငန္းအဆင့္အလိုက္ အဆင့္ဆင့္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

တံတားတည္ေဆာက္ေရးလုပ္ငန္းမ်ားကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ေမလမွ လုပ္ငန္းစတင္ေဆာင္႐ြက္ခဲ့ရာ (၄)ႏွစ္ေက်ာ္ကာလအ တြင္း လုပ္ငန္းၿပီးစီးမႈ ၉၄ ရာခိုင္ႏႈန္းရွိေနၿပီး ၂၀၂၄ ခုႏွစ္တြင္ လုပ္ငန္းၿပီးစီးေရးလ်ာထားေၾကာင္း သိရသည္။

အဆိုပါတံတားသည္ စုစုေပါင္းအရွည္ (၈၆၃၈) ေပရွိကာ (၄) လမ္းသြားတံတားျဖစ္ၿပီး တံတားအမ်ိဳးအစားသည္ သံမဏိႀကိဳးဆိုင္းတံတား (Cable Stayed Bridge)၊ Steel Box ႏွင့္ PC Box အမ်ိဳးအစားျဖစ္၍ တံတားခံႏိုင္ဝန္သည္ ယာဥ္တစ္စီးခ်င္း (၇၅) တန္ျဖစ္ေၾကာင္း သိရသည္။

လုပ္ငန္းေဆာင္႐ြက္မႈမ်ားၿပီးစီးပါက သန္လ်င္တံတားအမွတ္-၁ တြင္ ျဖစ္ေပၚလ်က္ရွိသည့္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားအား ေျဖရွင္းေပးႏိုင္ေၾကာင္း နစကဥကၠ႒က အသိေပးေျပာၾကားထား သည္။

တံတားၿပီးစီးပါက သီလဝါအထူးစီးပြားေရးဇုန္ ႏွင့္ သန္လ်င္ေဒသဖြံ႕ၿဖိဳးတိုးတက္လာမည္သာမက အေရွ႕-အေနာက္စီးပြားေရးစႀကႍလမ္းမႀကီးကို အသုံးျပဳ၍ ဘားအံ-ျမဝတီအထိ ဆက္စပ္သြားလာႏိုင္ၿပီး မြန္ျပည္နယ္၊ ကရင္ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္မႈကိုလည္း အက်ိဳးျပဳႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

အလားတူ သီလဝါအထူးစီးပြားေရးဇုန္ကို အေၾကာင္းျပဳ၍ ျပည္ တြင္း၊ ျပည္ပစီးပြားေရးလုပ္ငန္းမ်ား တိုးပြားလာႏိုင္ၿပီး ရန္ကုန္ၿမိဳ႕အပါအဝင္ ရန္ကုန္ေတာင္ပိုင္းခ႐ိုင္ၿမိဳ႕နယ္မ်ားျဖစ္သည့္ သန္လ်င္၊ ေက်ာက္တန္း၊ ခရမ္း၊ သုံးခြေဒသရွိ ျပည္သူမ်ား၏ လူမႈစီးပြားဘဝတိုးတက္လာႏိုင္ေၾကာင္း သိရသည္။

တံတားတည္ေဆာက္ေရးစီမံကိန္းအတြက္ JICA က သက္သာေသာ အတိုးႏႈန္း ODA ေခ်းေငြ ဂ်ပန္ယန္း(၃၁)ဘီလီယံျဖင့္တည္ေဆာက္ေနၿပီး ျပန္ဆပ္ကာလကို ႏွစ္(၄ဝ) သတ္မွတ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.