စစ်မီးမွှေးကာ ကယားဝက်အူချောင်းများကို လက်နက်ခဲယမ်းများဖြင့် ဖိနှိပ်နေခြင်းက တရားသလား (ဆောင်းပါး)

 6056

မြူနစ် (NP News) - ဒီဇင်ဘာ ၁၉

ကယားဝက်အူချောင်း… ကြားမိရုံဖြင့် စားချင်စိတ် တဖွားဖွားဖြစ်သည်။ အလွန်ကြိုက်သော အစားအစာများထဲ၌ ကယား ဝက်အူချောင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။

ကယားပြည်နယ်(ကရင်နီပြည်နယ်)၏ ရိုးရာအစားအစာတစ်ခုဖြစ်သည့် ကယားရိုးရာဝက်အူချောင်းသည် နာမည်ကြီးလူသိများကာ အရသာလေးနက်ကောင်းမွန်သော အစားအစာတစ်ခုဖြစ် သည်။

ကယားဝက်အူချောင်းကို ဒေသထွက် မက်ခါသီး၊ တောင်ပေါ်ငရုတ်သီး၊ တောင်ပေါ်ဝက်သား၊ ဝက်အူတို့ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး လူအများ၏ ကြိုက်နှစ်သက်မှုကို ရရှိထားသော ရိုးရာအစားအစာတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်နယ်ပေါင်းများစွာရှိသည့်အနက် ကယား ပြည်နယ်သည် ဧရိယာအရ အသေးငယ်ဆုံးနှင့် လူဦးရေ အနည်းပါးဆုံး ပြည်နယ်တစ်ခုဖြစ်ကာ ကယား(ကရင်နီ)လူမျိုးနှင့် ကယန်းလူမျိုးအများစု နေထိုင်လျက်ရှိပြီး ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်အပြင် ထိုင်းနိုင်ငံနှင့်ပါ ထိစပ်နေသည်။

ကယားပြည်နယ်၏ မြို့တော်မှာ လွိုင်ကော်ဖြစ်ပြီး ရှေးယခင်က လွိုင်ခေါ်၊ ဆီရိဒေါအဖြစ် ခေါ်ဆိုခဲ့ဖူးသည်။ လွိင်ကော်မြို့သည် အေးချမ်းပြီ လူသူနည်းပါးကာ ပြည်တွင်း၊ ပြည်ပခရီးသွားများ ကြိုက်နှစ်သက်သည့် မြို့လေးတစ်မြို့အဖြစ် ထင်ရှားသည်။
လက်ရှိတွင် နာမည်ကြီးပြီး လူအများကြိုက်နှစ်သက်သည့် ကယားရိုးရာအစားအစာ ဝက်အူချောင်းများထွက်ရှိရာ လွိုင်ကော်မြို့၌ စစ်မီးများ တောက်လောက်နေပါပြီ။

ရိုးရှင်းလွယ်ကူစွာ ငြှိမ်းသတ်၍မရသော မီးများထဲတွင် စစ်မီးပါဝင်သကဲ့သို့ ၎င်းစစ်မီးသည် လွိုင်ကော်မြို့တွင် လောင်စာ အားကောင်းစွာဖြင့် အကြီးအကျယ်လောင်ကျွမ်းနေပါပြီ။
လွိုင်ကော်မြို့ စစ်မီးကို ကရင်နီလက်နက်ကိုင်အဖွဲ့ KNPP နှင့်အတူ KNDF၊ KA၊ KNPLF နှင့်အခြားသော PDF အဖွဲ့များက ပူးပေါင်းကာ စတင်မွှေးခဲ့ခြင်းဖြစ်သည်။

ယခုနှစ်(၂ဝ၂၃ ခုနှစ်) နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များသည် မြောက်ပိုင်းမဟာမိတ်(၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို အားကျကာ ၁၁.၁၁ စစ်ဆင်ရေးအမည်ဖြင့် ကယားရိုးရာအစားအစာ ဝက်အူချောင်းများထွက်ရှိရာ လွိုင်ကော်မြို့လေးကို ဝင်ရောက်တိုက်ခိုက်ခဲ့လေသည်။
၁၁.၁၁ စစ်ဆင်ရေးသည် အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီးနိုင်ရေးအတွက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကြွေးကြော်ထားပြီး လွိုင်ကော်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို အင်အားအများအပြားဖြင့် တိုက်ခိုက်ခဲ့ကြသည်။

ထိုသို့ ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များ လွိုင်ကော်မြို့၌ လာရောက်မွှေးသော စစ်မီးကို တပ်မတော်ကလည်း ပြန်လည်ခုခံကာ စစ်မီးအား အရှိန်ရစေခဲ့ပြီ။ နှစ်ဖက်အကြား နောက်ဆုတ်၍ မရတော့သည့်ပုံစံမျိုးဖြင့် မြို့လေးအား လောင် မြိုက်စေခဲ့ပြီ။

စစ်ပွဲ၊ စစ်မီးများ၏ သဘောသဘာဝအရ စစ်မီးတောက်လောင်ရာ အရပ်ဒေသသည် မည်သို့ပင် လှပစေကာမူ၊ မည်သို့ပင် သမိုင်းအမွေအနှစ်များနှင့်ပြည့်စုံစေကာ၊ မည်သိုပင် ရိုးရာယဉ်ကျေးမှုများနှင့် တင့်တယ်နေစေကာမူ ထိခိုက်ပျက်စီးဆုံး ရှုံးသည် ရှိစမြဲပင်ဖြစ်၏။

၁၁.၁၁ စစ်မီးကြောင့် တိုင်းရင်းသားပြည်သူလူထု အနှစ်နှစ် အလလ ချွေတာစုဆောင်းကာ တည်ဆောက်ထားသည့် အိုးအိမ်၊ စည်းစိမ်ဥစ္စာများသည်လည်း မီးဘေး၊ လက်နက်ကြီးဘေး၊ လက်နက်ငယ်ဘေးမျိုးစုံဖြင့် ဝါးမြိုခံခဲ့ကြလေသည်။

သူ့ချည်သားလော မဟုတ်သေးပါ။ ကျန်ရှိနေပါသေးသည်။ လက်နက်ကြီးဘေး၊ လက်နက်ငယ်ဘေးများကြောင့် ရဟန်း သံဃာ၊ ကိုရင်လေးများသည်လည်း ပျံလွန်တော်မူခဲ့ကြပါပြီ။ အရပ်သားထိသေဆုံးမှုများမှာလည်း များပြားလွန်းလှသည်။
၁၁.၁၁ စစ်မီးကြောင့် အကျိုးဆက်များ ရှိပါသေးလား။ ရှိသေးပါသည်။ ဆက်လက်ရှင်းပြပါမည်။ နိုင်ငံတော်အတွက် မျိုး ဆက်သစ်ခေါင်းဆောင်လူငယ်များ ပေါ်ထွန်းနိုင်မည့် လွိုင်ကော်တက္ကသိုလ်တွင် စစ်မီးလောင်ကျွမ်းခဲ့ပြန်သည်။

ပြည်သူ့ဘဏ္ဍာငွေများဖြင့် တည်ဆောက်ထားသော လွိုင်ကော်တက္ကသိုလ်သည် ၁၁.၁၁ စစ်မီးကြောင့် ပျက်စီးမှုများရှိခဲ့ပြီး ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမ၊ ဝန်ထမ်း စုစုပေါင်း (၂၀၄)ဦးသည် ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပြန်သည်။ စာသင်ကျောင်းသည်လည်း သွေးမြေကျရာ အရပ်ဒေသအဖြစ် သမိုင်းတစ်ရပ်တွင်ကျန်ရစ်ခဲ့ပြီ။

လွိုင်ကော်တက္ကသိုလ်ကို ထိန်းချုပ်သိမ်းပိုက်နိုင်ရုံဖြင့် အောင်သေ အောင်သားစားရပြီဟု မဆိုနိုင်။ သွေးမြေကျခဲ့သော တက္ကသိုလ်၊ လူ့အသက်များ ကြွေလွင့်ခဲ့သည့် တက္ကသိုလ်အဖြစ် ရှုမြင်သင့်သည်။ နိုင်ငံတော်ပညာရေးကဏ္ဍအား လက်နက်ခဲယမ်းများဖြင့် ဖျက်ဆီးနေသည်ဟု မြင်မိသည်။ သည်နေရာ၌ တက္ကသိုလ် ဆရာ၊ ဆရာမ၊ ဝန်ထမ်း (၂၀၀)နီးပါးအား ပြန်လည်လွှတ်ပေးမှုရှိခဲ့သော်လည်း မလွတ်မြောက်သေးသည့် ပညာရေးဝန်ထမ်းများအား ဆက်လက်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။ သို့ပေသည့် ကရင်နီပူးပေါင်းအဖွဲ့သည် တုတ်တုတ်မျှ မလှုပ်သေးပါ။ အာရှင်ဖြုတ်ချရေးနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ရည်ရွယ်ချက်သည် လက်နက်မဲ့ ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်မှု မရှိပေ။

ကယားရိုးရာဝက်အူချောင်းများ ဖန်တီးရာ လွိုင်ကော်မြို့ခံအချို့သည် လွိုင်ကော်မြို့၌ ၁၁.၁၁ စစ်မီးမတောက်လောင်ခင် အချိန် ရက်ပိုင်းအလို၌ စစ်မီး အရိပ်အယောင်ပြမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးသွားမှုရှိခဲ့သည်။

ထို့နောက် စစ်မီးများ စတင်လောင်ကျွမ်းချိန်တွင် ဝက်အူချောင်းဖန်တီးရှင် လွိုင်ကော်မြို့ခံအားလုံးနီးပါးသည် အိုးအိမ်၊ စည်း စိမ်များကို ချန်ရစ်ကာ မြို့ပေါ်မှ ပြေးကြရလေပြီ။ ၁၁.၁၁ စစ်မီးများကြား၌ ကယားဝက်အူချောင်းဖန်တီးရှင်များ၏ အိုးအိမ် များ သည်လည်း အလဲလဲအကွဲကွဲဖြင့် အကျည်းတန်နေလှသည်။
ဂုဏ်သတင်းကျော်ကြားပြီး လူကြိုက်များလှသည် ကယားရိုးရာဝက်အူချောင်းများသည်လည်း ၁၁.၁၁ စစ်မီး၏ ယမ်းငွေ့ များနှင့်အတူ လောင်ကျွမ်းနေမည်ဖြစ်သည်။

အလားတူ ကယားရိုးရာအစားအစာ ဝက်အူချောင်းများ ပျော်မွေ့ရာ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး(တောင်ဈေး)သည် လည်း ၁၁.၁၁ စစ်ဆင်ရေးအတွင်း ဆိုင်ခန်းပေါင်း(၁၂၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီးပြီဖြစ်သည်။

၁၁.၁၁ စစ်မီးကြောင့် လွိုင်ကော်မြို့ပေါ်ရှိ ပြည်သူလူထု၏ နေအိမ်အဆောက်အအုံ၊ လမ်းပိုင်း၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံး၊ ခရိုင်တ ရားရုံးနှင့် ဌာနဆိုင်ရာအဆောက်အအုံများသည် ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။

ယင်းကဲ့သို့သောအခြေအနေများကြောင့် လွိုင်ကော်မြို့ခံ၊ ကယားရိုးရာဝက်အူချောင်းဖန်တီးရှင်များသည် ၁၁.၁၁ စစ်ဆင် ရေးကို လိုလားပါမည်လား။ ကယားဝက် အူချောင်းများသည် အပြစ်ရှိပါသည်လား။ အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးသည် ၎င်းတို့အား ဆင်းရဲဒုက္ခတွင်းသို့ တွန်းပို့နေခြင်းလားဆိုသည်ကို လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ နေဖြင့် စဉ်းစားသင့်သည်။

သည်နေရာတွင် စစ်မီးများကြောင့် ပြည်သူလူထု ဆင်းရဲဒုက္ခများပုံအား ရခိုင်နိုင်ငံရေးခေါင်းဆောင်၊ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်က ယခုကဲ့သို့ ရှု့မြင်ထားသည်။

“ပြည်သူလူထုအတွက် တည်ဆောက်ကြပါတယ်လို့ အစိုးရကလည်း ပြောတယ်။ ပြည်သူလူထုအတွက်ပဲ တော်လှန်တိုက် ပွဲဝင်နေကြတာလို့လည်း ပြောကြတယ်။ ဒါပေမယ့် လူထုရှိတဲ့နေရာမှာ တိုက်ပွဲဖြစ်တဲ့အခါကြတော့ လူထုထိခိုက်မှုအများ ဆုံးဖြစ်တာပေါ့။ အထူးသဖြင့် မြို့ပေါ်မှာဖြစ်ဖြစ်၊ ကျေးရွာမှာဖြစ်ဖြစ် တိုက်ပွဲပေါ်လာတဲ့အခါမှာ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်၊ ကျန်တဲ့လုပ်ငန်းခွင်တွေပါ အကုန်ထိခိုက်ပျက်စီးသွားတာ။ အဓိကတော့ လူထုက စစ်ရဲ့ ဒဏ်ရာဒဏ်ချက်ရဲ့ သားကောင်ဖြစ်တာပေါ့”ဟု ဒေါက်တာအေးမောင်က သုံးသပ်သည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အား အပြည့်အဝ အကာအကွယ်ပေးရန် အဓိကတာဝန်ရှိသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် KNPP အပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်မိုက်တွင်းမနက်ရန် ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ပြောဆိုခဲ့ဖူးသည်။

လက်နက်ကိုင်အဖွဲ့များ၏ မိုက်တွင်းနက်မှုကြောင့် အကျိုးဆက်အား ဒေသခံပြည်သူလူထုသာ အဓိက ခံစားကြရသည်ဟု နစကဥက္ကဋ္ဌက ပြောဆိုဖူးပြီး နိုင်ငံရေးအရသာ ဖြေရှင်းရန်လည်း ဖိတ်ခေါ်ပြောဆိုခဲ့ဖူးသည်။

ခေတ်အဆက်ဆက် အာဏာရှင်များကို လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့သော တိုင်းရင်းသားအဖွဲ့အစည်း အများအပြားရှိခဲ့ပြီး နှစ်ပေါင်း (၇၀)သာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း စစ်မှန်သည့်အဖြေရလာဒ်တစ်ခု မထွက်ရှိသေးပေ။

ဆီရိဒေါ(ခ)လွိုင်ကော်မြို့သည် လက်ရှိတွင် စစ်ဘေးစစ်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှု အများအပြားဖြစ်ပေါ်နေလျက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အလွန်ပင်ခက်ခဲသွားလေပြီ ဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုသာ ထိခိုက်နစ်နာမှု အများဆုံးဖြစ်သော စစ်မီးအပေါ် နှစ်ဖက်တာဝန်ရှိသူများအနေဖြင့် လူထုမျက် နှာကြည့်ကာ စစ်မီးအတွင်းမှ ရုန်းထွက်ရန် အချိန်ကျနေပြီဟု ဒေါက်တာအေးမောင်က သုံးသပ်ထားသည်။

ပြည်သူလူထု ထိခိုက်နစ်နာမှု နည်းပါးသော၊ သွေးမြေကျမှု မရှိသော နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းခြင်းနည်းဖြင့် သာ ဖြေရှင်းပြီး လွိုင်ကော်မြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်း အပ်သည်။ သို့မှသာ ကယားရိုးရာအစားအစာတစ်ခုဖြစ်သော ဝက်အူချောင်းများသည်လည်း ယမ်းငွေ့များကြားမှ တိုးထွက်နိုင်မည်ဖြစ်ပေသည်။

ကယားရိုးရာဝက်အူချောင်းများသည် တိုင်းရင်းသားအားလုံးနှင့်သာ လိုက်ဖက်လှသည်။ စစ်မီး၊ လက်နက်ခဲယမ်း၊ ယမ်းငွေ့ များဖြင့် မလိုက်ဖက်ပေ။

လက်ရှိတွင် ကယားရိုးရာဝက်အူချောင်းလေးများသည် အာဏာရှင်စနစ် အလိုမရှိ၊ အလိုမရှိ။ စစ်ပွဲများ ရပ်တန့်ပေးရေး ဝက်အူချောင်းအရေး၊ ဝက်အူချောင်းအရေးဟုသည်သာ ဆိုနေမည်ဖြစ်သည်။

zawgyi version
စစ္မီးေမႊးကာ ကယားဝက္အူေခ်ာင္းမ်ားကို လက္နက္ခဲယမ္းမ်ားျဖင့္ ဖိႏွိပ္ေနျခင္းက တရားသလား (ေဆာင္းပါး)
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၁၉

ကယားဝက္အူေခ်ာင္း… ၾကားမိ႐ုံျဖင့္ စားခ်င္စိတ္ တဖြားဖြားျဖစ္သည္။ အလြန္ႀကိဳက္ေသာ အစားအစာမ်ားထဲ၌ ကယား ဝက္အူေခ်ာင္းသည္ တစ္ခုအပါအဝင္ျဖစ္သည္။

ကယားျပည္နယ္(ကရင္နီျပည္နယ္)၏ ႐ိုးရာအစားအစာတစ္ခုျဖစ္သည့္ ကယား႐ိုးရာဝက္အူေခ်ာင္းသည္ နာမည္ႀကီးလူသိမ်ားကာ အရသာေလးနက္ေကာင္းမြန္ေသာ အစားအစာတစ္ခုျဖစ္ သည္။

ကယားဝက္အူေခ်ာင္းကို ေဒသထြက္ မက္ခါသီး၊ ေတာင္ေပၚင႐ုတ္သီး၊ ေတာင္ေပၚဝက္သား၊ ဝက္အူတို႔ျဖင့္ ျပဳလုပ္ျခင္းျဖစ္ၿပီး လူအမ်ား၏ ႀကိဳက္ႏွစ္သက္မႈကို ရရွိထားေသာ ႐ိုးရာအစားအစာတစ္ခုျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ျပည္နယ္ေပါင္းမ်ားစြာရွိသည့္အနက္ ကယား ျပည္နယ္သည္ ဧရိယာအရ အေသးငယ္ဆုံးႏွင့္ လူဦးေရ အနည္းပါးဆုံး ျပည္နယ္တစ္ခုျဖစ္ကာ ကယား(ကရင္နီ)လူမ်ိဳးႏွင့္ ကယန္းလူမ်ိဳးအမ်ားစု ေနထိုင္လ်က္ရွိၿပီး ရွမ္းျပည္နယ္၊ ကရင္ ျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္အျပင္ ထိုင္းႏိုင္ငံႏွင့္ပါ ထိစပ္ေနသည္။

ကယားျပည္နယ္၏ ၿမိဳ႕ေတာ္မွာ လြိဳင္ေကာ္ျဖစ္ၿပီး ေရွးယခင္က လြိဳင္ေခၚ၊ ဆီရိေဒါအျဖစ္ ေခၚဆိုခဲ့ဖူးသည္။ လြိင္ေကာ္ၿမိဳ႕သည္ ေအးခ်မ္းၿပီ လူသူနည္းပါးကာ ျပည္တြင္း၊ ျပည္ပခရီးသြားမ်ား ႀကိဳက္ႏွစ္သက္သည့္ ၿမိဳ႕ေလးတစ္ၿမိဳ႕အျဖစ္ ထင္ရွားသည္။
လက္ရွိတြင္ နာမည္ႀကီးၿပီး လူအမ်ားႀကိဳက္ႏွစ္သက္သည့္ ကယား႐ိုးရာအစားအစာ ဝက္အူေခ်ာင္းမ်ားထြက္ရွိရာ လြိဳင္ေကာ္ၿမိဳ႕၌ စစ္မီးမ်ား ေတာက္ေလာက္ေနပါၿပီ။

႐ိုးရွင္းလြယ္ကူစြာ ျငႇိမ္းသတ္၍မရေသာ မီးမ်ားထဲတြင္ စစ္မီးပါဝင္သကဲ့သို႔ ၎စစ္မီးသည္ လြိဳင္ေကာ္ၿမိဳ႕တြင္ ေလာင္စာ အားေကာင္းစြာျဖင့္ အႀကီးအက်ယ္ေလာင္ကြၽမ္းေနပါၿပီ။
လြိဳင္ေကာ္ၿမိဳ႕ စစ္မီးကို ကရင္နီလက္နက္ကိုင္အဖြဲ႕ KNPP ႏွင့္အတူ KNDF၊ KA၊ KNPLF ႏွင့္အျခားေသာ PDF အဖြဲ႕မ်ားက ပူးေပါင္းကာ စတင္ေမႊးခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္(၂ဝ၂၃ ခုႏွစ္) ႏိုဝင္ဘာလ ၁၁ ရက္ေန႔တြင္ ကရင္နီလက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ားသည္ ေျမာက္ပိုင္းမဟာမိတ္(၃) ဖြဲ႕၏ ၁၀၂၇ စစ္ဆင္ေရးကို အားက်ကာ ၁၁.၁၁ စစ္ဆင္ေရးအမည္ျဖင့္ ကယား႐ိုးရာအစားအစာ ဝက္အူေခ်ာင္းမ်ားထြက္ရွိရာ လြိဳင္ေကာ္ၿမိဳ႕ေလးကို ဝင္ေရာက္တိုက္ခိုက္ခဲ့ေလသည္။
၁၁.၁၁ စစ္ဆင္ေရးသည္ အာဏာရွင္ျဖဳတ္ခ်ေရးႏွင့္ ကိုယ့္ကံၾကမၼာ ကိုယ္တိုင္ဖန္တီးႏိုင္ေရးအတြက္ တိုက္ခိုက္ျခင္းျဖစ္သည္ဟု ေႂကြးေၾကာ္ထားၿပီး လြိဳင္ေကာ္ၿမိဳ႕ႏွင့္တစ္ဝိုက္ရွိ လုံၿခဳံေရးစခန္းမ်ားကို အင္အားအမ်ားအျပားျဖင့္ တိုက္ခိုက္ခဲ့ၾကသည္။

ထိုသို႔ ကရင္နီလက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ား လြိဳင္ေကာ္ၿမိဳ႕၌ လာေရာက္ေမႊးေသာ စစ္မီးကို တပ္မေတာ္ကလည္း ျပန္လည္ခုခံကာ စစ္မီးအား အရွိန္ရေစခဲ့ၿပီ။ ႏွစ္ဖက္အၾကား ေနာက္ဆုတ္၍ မရေတာ့သည့္ပုံစံမ်ိဳးျဖင့္ ၿမိဳ႕ေလးအား ေလာင္ ၿမိဳက္ေစခဲ့ၿပီ။

စစ္ပြဲ၊ စစ္မီးမ်ား၏ သေဘာသဘာဝအရ စစ္မီးေတာက္ေလာင္ရာ အရပ္ေဒသသည္ မည္သို႔ပင္ လွပေစကာမူ၊ မည္သို႔ပင္ သမိုင္းအေမြအႏွစ္မ်ားႏွင့္ျပည့္စုံေစကာ၊ မည္သိုပင္ ႐ိုးရာယဥ္ေက်းမႈမ်ားႏွင့္ တင့္တယ္ေနေစကာမူ ထိခိုက္ပ်က္စီးဆုံး ရႈံးသည္ ရွိစၿမဲပင္ျဖစ္၏။

၁၁.၁၁ စစ္မီးေၾကာင့္ တိုင္းရင္းသားျပည္သူလူထု အႏွစ္ႏွစ္ အလလ ေခြၽတာစုေဆာင္းကာ တည္ေဆာက္ထားသည့္ အိုးအိမ္၊ စည္းစိမ္ဥစၥာမ်ားသည္လည္း မီးေဘး၊ လက္နက္ႀကီးေဘး၊ လက္နက္ငယ္ေဘးမ်ိဳးစုံျဖင့္ ဝါးၿမိဳခံခဲ့ၾကေလသည္။

သူ႔ခ်ည္သားေလာ မဟုတ္ေသးပါ။ က်န္ရွိေနပါေသးသည္။ လက္နက္ႀကီးေဘး၊ လက္နက္ငယ္ေဘးမ်ားေၾကာင့္ ရဟန္း သံဃာ၊ ကိုရင္ေလးမ်ားသည္လည္း ပ်ံလြန္ေတာ္မူခဲ့ၾကပါၿပီ။ အရပ္သားထိေသဆုံးမႈမ်ားမွာလည္း မ်ားျပားလြန္းလွသည္။
၁၁.၁၁ စစ္မီးေၾကာင့္ အက်ိဳးဆက္မ်ား ရွိပါေသးလား။ ရွိေသးပါသည္။ ဆက္လက္ရွင္းျပပါမည္။ ႏိုင္ငံေတာ္အတြက္ မ်ိဳး ဆက္သစ္ေခါင္းေဆာင္လူငယ္မ်ား ေပၚထြန္းႏိုင္မည့္ လြိဳင္ေကာ္တကၠသိုလ္တြင္ စစ္မီးေလာင္ကြၽမ္းခဲ့ျပန္သည္။

ျပည္သူ႔ဘ႑ာေငြမ်ားျဖင့္ တည္ေဆာက္ထားေသာ လြိဳင္ေကာ္တကၠသိုလ္သည္ ၁၁.၁၁ စစ္မီးေၾကာင့္ ပ်က္စီးမႈမ်ားရွိခဲ့ၿပီး ပါေမာကၡခ်ဳပ္အပါအဝင္ ဆရာ၊ ဆရာမ၊ ဝန္ထမ္း စုစုေပါင္း (၂၀၄)ဦးသည္ ကရင္နီလက္နက္ကိုင္ပူးေပါင္းအဖြဲ႕၏ ဖမ္းဆီးေခၚေဆာင္ျခင္းကို ခံခဲ့ရျပန္သည္။ စာသင္ေက်ာင္းသည္လည္း ေသြးေျမက်ရာ အရပ္ေဒသအျဖစ္ သမိုင္းတစ္ရပ္တြင္က်န္ရစ္ခဲ့ၿပီ။

လြိဳင္ေကာ္တကၠသိုလ္ကို ထိန္းခ်ဳပ္သိမ္းပိုက္ႏိုင္႐ုံျဖင့္ ေအာင္ေသ ေအာင္သားစားရၿပီဟု မဆိုႏိုင္။ ေသြးေျမက်ခဲ့ေသာ တကၠသိုလ္၊ လူ႔အသက္မ်ား ေႂကြလြင့္ခဲ့သည့္ တကၠသိုလ္အျဖစ္ ရႈျမင္သင့္သည္။ ႏိုင္ငံေတာ္ပညာေရးက႑အား လက္နက္ခဲယမ္းမ်ားျဖင့္ ဖ်က္ဆီးေနသည္ဟု ျမင္မိသည္။ သည္ေနရာ၌ တကၠသိုလ္ ဆရာ၊ ဆရာမ၊ ဝန္ထမ္း (၂၀၀)နီးပါးအား ျပန္လည္လႊတ္ေပးမႈရွိခဲ့ေသာ္လည္း မလြတ္ေျမာက္ေသးသည့္ ပညာေရးဝန္ထမ္းမ်ားအား ဆက္လက္လႊတ္ေပးရန္ မိသားစုဝင္မ်ားက ေတာင္းဆိုေနၾကသည္။ သို႔ေပသည့္ ကရင္နီပူးေပါင္းအဖြဲ႕သည္ တုတ္တုတ္မွ် မလႈပ္ေသးပါ။ အာရွင္ျဖဳတ္ခ်ေရးႏွင့္ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးေရး ရည္႐ြယ္ခ်က္သည္ လက္နက္မဲ့ ပညာေရးဝန္ထမ္းမ်ားႏွင့္ သက္ဆိုင္မႈ မရွိေပ။

ကယား႐ိုးရာဝက္အူေခ်ာင္းမ်ား ဖန္တီးရာ လြိဳင္ေကာ္ၿမိဳ႕ခံအခ်ိဳ႕သည္ လြိဳင္ေကာ္ၿမိဳ႕၌ ၁၁.၁၁ စစ္မီးမေတာက္ေလာင္ခင္ အခ်ိန္ ရက္ပိုင္းအလို၌ စစ္မီး အရိပ္အေယာင္ျပမႈေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးသြားမႈရွိခဲ့သည္။

ထို႔ေနာက္ စစ္မီးမ်ား စတင္ေလာင္ကြၽမ္းခ်ိန္တြင္ ဝက္အူေခ်ာင္းဖန္တီးရွင္ လြိဳင္ေကာ္ၿမိဳ႕ခံအားလုံးနီးပါးသည္ အိုးအိမ္၊ စည္း စိမ္မ်ားကို ခ်န္ရစ္ကာ ၿမိဳ႕ေပၚမွ ေျပးၾကရေလၿပီ။ ၁၁.၁၁ စစ္မီးမ်ားၾကား၌ ကယားဝက္အူေခ်ာင္းဖန္တီးရွင္မ်ား၏ အိုးအိမ္ မ်ား သည္လည္း အလဲလဲအကြဲကြဲျဖင့္ အက်ည္းတန္ေနလွသည္။
ဂုဏ္သတင္းေက်ာ္ၾကားၿပီး လူႀကိဳက္မ်ားလွသည္ ကယား႐ိုးရာဝက္အူေခ်ာင္းမ်ားသည္လည္း ၁၁.၁၁ စစ္မီး၏ ယမ္းေငြ႕ မ်ားႏွင့္အတူ ေလာင္ကြၽမ္းေနမည္ျဖစ္သည္။

အလားတူ ကယား႐ိုးရာအစားအစာ ဝက္အူေခ်ာင္းမ်ား ေပ်ာ္ေမြ႕ရာ လြိဳင္ေကာ္ၿမိဳ႕ရွိ သီရိမဂၤလာေဈး(ေတာင္ေဈး)သည္ လည္း ၁၁.၁၁ စစ္ဆင္ေရးအတြင္း ဆိုင္ခန္းေပါင္း(၁၂၀၀)ေက်ာ္ မီးေလာင္ဆုံးရႈံးခဲ့ၿပီးၿပီျဖစ္သည္။

၁၁.၁၁ စစ္မီးေၾကာင့္ လြိဳင္ေကာ္ၿမိဳ႕ေပၚရွိ ျပည္သူလူထု၏ ေနအိမ္အေဆာက္အအုံ၊ လမ္းပိုင္း၊ ျပည္နယ္ရဲတပ္ဖြဲ႕႐ုံး၊ ခ႐ိုင္တ ရား႐ုံးႏွင့္ ဌာနဆိုင္ရာအေဆာက္အအုံမ်ားသည္ ၿပိဳလဲပ်က္စီးမႈမ်ား ျဖစ္ေပၚေနခဲ့ၿပီျဖစ္သည္။

ယင္းကဲ့သို႔ေသာအေျခအေနမ်ားေၾကာင့္ လြိဳင္ေကာ္ၿမိဳ႕ခံ၊ ကယား႐ိုးရာဝက္အူေခ်ာင္းဖန္တီးရွင္မ်ားသည္ ၁၁.၁၁ စစ္ဆင္ ေရးကို လိုလားပါမည္လား။ ကယားဝက္ အူေခ်ာင္းမ်ားသည္ အျပစ္ရွိပါသည္လား။ အာဏာရွင္ျဖဳတ္ခ်ေရးႏွင့္ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးေရးသည္ ၎တို႔အား ဆင္းရဲဒုကၡတြင္းသို႔ တြန္းပို႔ေနျခင္းလားဆိုသည္ကို လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ား ေနျဖင့္ စဥ္းစားသင့္သည္။

သည္ေနရာတြင္ စစ္မီးမ်ားေၾကာင့္ ျပည္သူလူထု ဆင္းရဲဒုကၡမ်ားပုံအား ရခိုင္ႏိုင္ငံေရးေခါင္းေဆာင္၊ ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ေဒါက္တာေအးေမာင္က ယခုကဲ့သို႔ ရႈ႕ျမင္ထားသည္။

“ျပည္သူလူထုအတြက္ တည္ေဆာက္ၾကပါတယ္လို႔ အစိုးရကလည္း ေျပာတယ္။ ျပည္သူလူထုအတြက္ပဲ ေတာ္လွန္တိုက္ ပြဲဝင္ေနၾကတာလို႔လည္း ေျပာၾကတယ္။ ဒါေပမယ့္ လူထုရွိတဲ့ေနရာမွာ တိုက္ပြဲျဖစ္တဲ့အခါၾကေတာ့ လူထုထိခိုက္မႈအမ်ား ဆုံးျဖစ္တာေပါ့။ အထူးသျဖင့္ ၿမိဳ႕ေပၚမွာျဖစ္ျဖစ္၊ ေက်း႐ြာမွာျဖစ္ျဖစ္ တိုက္ပြဲေပၚလာတဲ့အခါမွာ လူထုရဲ႕ အသက္အိုးအိမ္ စည္းစိမ္၊ က်န္တဲ့လုပ္ငန္းခြင္ေတြပါ အကုန္ထိခိုက္ပ်က္စီးသြားတာ။ အဓိကေတာ့ လူထုက စစ္ရဲ႕ ဒဏ္ရာဒဏ္ခ်က္ရဲ႕ သားေကာင္ျဖစ္တာေပါ့”ဟု ေဒါက္တာေအးေမာင္က သုံးသပ္သည္။

ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္အား အျပည့္အဝ အကာအကြယ္ေပးရန္ အဓိကတာဝန္ရွိသည့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ KNPP အပါအဝင္ လက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ဆက္လက္မိုက္တြင္းမနက္ရန္ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း၌ ေျပာဆိုခဲ့ဖူးသည္။

လက္နက္ကိုင္အဖြဲ႕မ်ား၏ မိုက္တြင္းနက္မႈေၾကာင့္ အက်ိဳးဆက္အား ေဒသခံျပည္သူလူထုသာ အဓိက ခံစားၾကရသည္ဟု နစကဥကၠ႒က ေျပာဆိုဖူးၿပီး ႏိုင္ငံေရးအရသာ ေျဖရွင္းရန္လည္း ဖိတ္ေခၚေျပာဆိုခဲ့ဖူးသည္။

ေခတ္အဆက္ဆက္ အာဏာရွင္မ်ားကို လက္နက္စြဲကိုင္ တိုက္ခိုက္ခဲ့ေသာ တိုင္းရင္းသားအဖြဲ႕အစည္း အမ်ားအျပားရွိခဲ့ၿပီး ႏွစ္ေပါင္း (၇၀)သာ ၾကာျမင့္ခဲ့ၿပီျဖစ္ေသာ္လည္း စစ္မွန္သည့္အေျဖရလာဒ္တစ္ခု မထြက္ရွိေသးေပ။

ဆီရိေဒါ(ခ)လြိဳင္ေကာ္ၿမိဳ႕သည္ လက္ရွိတြင္ စစ္ေဘးစစ္ဒဏ္ေၾကာင့္ ပ်က္စီးထိခိုက္မႈ အမ်ားအျပားျဖစ္ေပၚေနလ်က္ရွိၿပီး ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ အလြန္ပင္ခက္ခဲသြားေလၿပီ ျဖစ္သည္။

ထို႔ေၾကာင့္ ျပည္သူလူထုသာ ထိခိုက္နစ္နာမႈ အမ်ားဆုံးျဖစ္ေသာ စစ္မီးအေပၚ ႏွစ္ဖက္တာဝန္ရွိသူမ်ားအေနျဖင့္ လူထုမ်က္ ႏွာၾကည့္ကာ စစ္မီးအတြင္းမွ ႐ုန္းထြက္ရန္ အခ်ိန္က်ေနၿပီဟု ေဒါက္တာေအးေမာင္က သုံးသပ္ထားသည္။

ျပည္သူလူထု ထိခိုက္နစ္နာမႈ နည္းပါးေသာ၊ ေသြးေျမက်မႈ မရွိေသာ ႏိုင္ငံေရးအရ ေဆြးေႏြးညႇိႏႈိင္းျခင္းနည္းျဖင့္ သာ ေျဖရွင္းၿပီး လြိဳင္ေကာ္ၿမိဳ႕အား ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား အျမန္ဆုံးေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳတိုက္တြန္း အပ္သည္။ သို႔မွသာ ကယား႐ိုးရာအစားအစာတစ္ခုျဖစ္ေသာ ဝက္အူေခ်ာင္းမ်ားသည္လည္း ယမ္းေငြ႕မ်ားၾကားမွ တိုးထြက္ႏိုင္မည္ျဖစ္ေပသည္။

ကယား႐ိုးရာဝက္အူေခ်ာင္းမ်ားသည္ တိုင္းရင္းသားအားလုံးႏွင့္သာ လိုက္ဖက္လွသည္။ စစ္မီး၊ လက္နက္ခဲယမ္း၊ ယမ္းေငြ႕ မ်ားျဖင့္ မလိုက္ဖက္ေပ။

လက္ရွိတြင္ ကယား႐ိုးရာဝက္အူေခ်ာင္းေလးမ်ားသည္ အာဏာရွင္စနစ္ အလိုမရွိ၊ အလိုမရွိ။ စစ္ပြဲမ်ား ရပ္တန႔္ေပးေရး ဝက္အူေခ်ာင္းအေရး၊ ဝက္အူေခ်ာင္းအေရးဟုသည္သာ ဆိုေနမည္ျဖစ္သည္။

Related news

© 2021. All rights reserved.