ရန်ကုန်မြို့၌ AA လက်နက်ကိုင်အဖွဲ့ ပါဝင်ပတ်သက်နေသော မူးယစ်မှောင်ခိုဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီး၊ ကျပ်ဘီလျံ (၅၀)ကျော်တန် မူးယစ်ဆေးများကို စံချိန်တင်သိမ်းဆည်းရရှိ

22625
မျိုးကြီး (NP News) - ဒီဇင်ဘာ ၁၉
ရန်ကုန်မြို့၌ AA လက်နက်ကိုင်အဖွဲ့မှ ပါဝင်ပတ်သက်နေသည့် မူးယစ်မှောင်ခိုဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ငွေကျပ်ဘီလျံ (၅၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို စံချိန်တင်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော မူးယစ်မှောင်ခိုဂိုဏ်း၏ အခြေအနေနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးတားဆီးနှိပ်နင်းရေးရဲတပ်ဖွဲ့က ယမန်နေ့(ဒီဇင်ဘာလ ၁၈ ရက်)ညပိုင်းတွင် အသိ ပေးထုတ်ပြန်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ လ ၃ ရက်၊ မွန်းလွဲ ၁ နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ရန်နိုင်စိုး၊ မအိအိခင် နှင့် မမေဦးကိုကိုတို့ မောင်းနှင်လိုက်ပါလာသော ALPHARD ကားကို သတင်းအရ ရှာဖွေစစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆို သည်။
ထိုသို့ ရှာဖွေစစ်ဆေးရာတွင် ကားပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) (၆၅)ကီလိုကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့အား ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၄ ရက်၊ နေ့လည် ၁၂ နာရီအချိန်တွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်း၌ အထက်ပါအိုက်စ်မူးယစ်ဆေးဝါးများကို သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သော AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိသူများဖြစ်သည့် နေလင်းထွန်းနှင့် စိုးထွန်းတို့ကို ALPHARD ကားနှင့်အတူ ထပ်မံဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွှေပြည်သာမြို့နယ် (၁)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းရှိ ဂိုဒေါင်တစ်ခု၌ AA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ထွန်းလင်းကို အိုက်စ် (၈၆၅)ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဆက်လက်ပြီး ဒီဇင်ဘာလ ၄ ရက်၊ ည ၇ နာရီအချိန်တွင်လည်း အထက်ပါမူးယစ်ဆေးဝါးများနှင့်ပတ်သက်နေသူ ဇော်မင်းထွေးနှင့် မသင်းမြတ်ဆွေတို့ကိုလည်း အောင်မင်္ဂလာအဝေးပြေးကားဝင်း၌ အသီးသီးဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့သူများ၏ ဖော်ထုတ်ချက်အရ ဒီဇင်ဘာ လ ၆ ရက်တွင် အိုက်စ်များကို ရန်ကုန်မြို့၌ လက်ခံ၍ ပြည်ပသို့ ရေကြောင်းမှ သယ်ဆောင်ရာတွင် စီမံခန့်ခွဲနေသူဖြစ်သော ဦးလှဝင်းကို ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဟိုတယ် ၌ ဆက်လက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒီဇင်ဘာလ ၇ ရက်တွင် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ မေတ္တာလမ်း၌ ဦးလှဝင်း ပိုင်ဆိုင် သော CANTER BOX ကားပေါ်မှ အိုက်စ် (၁၁၄၀)ကီလို၊ ထိန်း ချုပ်ဓာတုပစ္စည်းကဖင်း (၈၀၀)ကီလိုတို့ကိုလည်း ထပ်မံသိမ်းနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဆက်လက်ပြီး ဒီဇင်ဘာလ ၉ ရက်တွင် ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်း၌ စိုးပိုင်၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး နှင့် AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သားအဆင့်ရှိ ကျော်လင်းဆန်း နှင့် ဦးထွန်းနုတို့ (၆)ဦးတို့ကိုလည်း ပြည်ပသို့ မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် အသုံးပြုသော တနင်္သာရီ (၁)အမည်ရှိ သံခွံကုန်တင်သင်္ဘောတစ်စီးနှင့်အတူ ထပ်မံဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သော အိုက်စ်စုစုပေါင်း ၂ ဒသမ ၀၇ တန်သည် မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ ရန်ကုန်သို့ သယ်ဆောင်ကာ ပင်လယ်ရေကြောင်းဖြင့် ပြည်ပသို့ သယ် ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်အသိ ပေးထားသည်။
ထိုသို့ သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော် မြတ်ဦး(ခ)ဝေသာထွန်း၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
လက်ရှိတွင် အထက်ပါမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ကျူးလွန်နေသူများကို ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် ရရှိခဲ့သော ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူရန် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်းတွင်လည်း ငွေကျပ် (၁၀)ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သယ်ဆောင်ရောင်းဝယ်ရန်ပြင် ဆင်နေသည့် မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုကိုလည်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးထားသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ AA လက္နက္ကိုင္အဖြဲ႕ ပါဝင္ပတ္သက္ေနေသာ မူးယစ္ေမွာင္ခိုဂိုဏ္းကို ေဖာ္ထုတ္ဖမ္းဆီး၊ က်ပ္ဘီလ်ံ (၅၀) ေက်ာ္တန္ မူးယစ္ေဆးမ်ားကို စံခ်ိန္တင္သိမ္းဆည္းရရွိ
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၁၉
ရန္ကုန္ၿမိဳ႕၌ AA လက္နက္ကိုင္အဖြဲ႕မွ ပါဝင္ပတ္သက္ေနသည့္ မူးယစ္ေမွာင္ခိုဂိုဏ္းကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ၿပီး ေငြက်ပ္ဘီလ်ံ (၅၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးမ်ားကို စံခ်ိန္တင္သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။
ယင္းကဲ့သို႔ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ေသာ မူးယစ္ေမွာင္ခိုဂိုဏ္း၏ အေျခအေနႏွင့္ပတ္သက္၍ မူးယစ္ေဆးဝါးတားဆီးႏွိပ္နင္းေရးရဲတပ္ဖြဲ႕က ယမန္ေန႔(ဒီဇင္ဘာလ ၁၈ ရက္)ညပိုင္းတြင္ အသိ ေပးထုတ္ျပန္ခဲ့သည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာ လ ၃ ရက္၊ မြန္းလြဲ ၁ နာရီအခ်ိန္တြင္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ႐ြာငံၿမိဳ႕နယ္၊ ၿမိဳ႕ႀကီးေက်း႐ြာအနီးတြင္ ရန္ႏိုင္စိုး၊ မအိအိခင္ ႏွင့္ မေမဦးကိုကိုတို႔ ေမာင္းႏွင္လိုက္ပါလာေသာ ALPHARD ကားကို သတင္းအရ ရွာေဖြစစ္ေဆးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆို သည္။
ထိုသို႔ ရွာေဖြစစ္ေဆးရာတြင္ ကားေပၚမွ အိုက္စ္(မက္သ္အဖက္တမင္း) (၆၅)ကီလိုကို သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔အား ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဒီဇင္ဘာလ ၄ ရက္၊ ေန႔လည္ ၁၂ နာရီအခ်ိန္တြင္ ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၁)ရပ္ကြက္၊ ပုလဲလမ္း၌ အထက္ပါအိုက္စ္မူးယစ္ေဆးဝါးမ်ားကို သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္ေသာ AA အဖြဲ႕မွ ဒုဗိုလ္အဆင့္ရွိသူမ်ားျဖစ္သည့္ ေနလင္းထြန္းႏွင့္ စိုးထြန္းတို႔ကို ALPHARD ကားႏွင့္အတူ ထပ္မံဖမ္းဆီးရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေ႐ႊျပည္သာၿမိဳ႕နယ္ (၁)ရပ္ကြက္၊ ကေနာင္မင္းသားႀကီးလမ္းရွိ ဂိုေဒါင္တစ္ခု၌ AA အဖြဲ႕မွ ဗိုလ္အဆင့္ရွိ ထြန္းလင္းကို အိုက္စ္ (၈၆၅)ကီလိုႏွင့္အတူ ဆက္လက္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
ဆက္လက္ၿပီး ဒီဇင္ဘာလ ၄ ရက္၊ ည ၇ နာရီအခ်ိန္တြင္လည္း အထက္ပါမူးယစ္ေဆးဝါးမ်ားႏွင့္ပတ္သက္ေနသူ ေဇာ္မင္းေထြးႏွင့္ မသင္းျမတ္ေဆြတို႔ကိုလည္း ေအာင္မဂၤလာအေဝးေျပးကားဝင္း၌ အသီးသီးဖမ္းဆီးရရွိခဲ့ေၾကာင္း သိရသည္။
ယင္းကဲ့သို႔ ဖမ္းဆီးရမိခဲ့သူမ်ား၏ ေဖာ္ထုတ္ခ်က္အရ ဒီဇင္ဘာ လ ၆ ရက္တြင္ အိုက္စ္မ်ားကို ရန္ကုန္ၿမိဳ႕၌ လက္ခံ၍ ျပည္ပသို႔ ေရေၾကာင္းမွ သယ္ေဆာင္ရာတြင္ စီမံခန႔္ခြဲေနသူျဖစ္ေသာ ဦးလွဝင္းကို ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕၊ အမွတ္(၁၁)ရပ္ကြက္ရွိ ဟိုတယ္ ၌ ဆက္လက္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဒီဇင္ဘာလ ၇ ရက္တြင္ ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၉)ရပ္ကြက္၊ ေမတၱာလမ္း၌ ဦးလွဝင္း ပိုင္ဆိုင္ ေသာ CANTER BOX ကားေပၚမွ အိုက္စ္ (၁၁၄၀)ကီလို၊ ထိန္း ခ်ဳပ္ဓာတုပစၥည္းကဖင္း (၈၀၀)ကီလိုတို႔ကိုလည္း ထပ္မံသိမ္းႏိုင္ခဲ့သည္ဟု ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
ဆက္လက္ၿပီး ဒီဇင္ဘာလ ၉ ရက္တြင္ ကမာ႐ြတ္ၿမိဳ႕နယ္၊ ဆင္မလိုက္သေဘၤာက်င္း၌ စိုးပိုင္၊ ေဌးလင္းေဇာ္၊ ေက်ာ္ေဌးစိုး ႏွင့္ AA အဖြဲ႕မွ တပ္ၾကပ္ႀကီးအဆင့္ရွိ ဦးေက်ာ္ဟန္၊ တပ္သားအဆင့္ရွိ ေက်ာ္လင္းဆန္း ႏွင့္ ဦးထြန္းႏုတို႔ (၆)ဦးတို႔ကိုလည္း ျပည္ပသို႔ မူးယစ္ေဆးဝါးမ်ားသယ္ေဆာင္ရာတြင္ အသုံးျပဳေသာ တနသၤာရီ (၁)အမည္ရွိ သံခြံကုန္တင္သေဘၤာတစ္စီးႏွင့္အတူ ထပ္မံေဖာ္ ထုတ္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။
ယခုကဲ့သို႔ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ေသာ အိုက္စ္စုစုေပါင္း ၂ ဒသမ ၀၇ တန္သည္ မူးယစ္ေမွာင္ခိုဂိုဏ္းဖြဲ႕၍ ရွမ္းျပည္နယ္မွ ရန္ကုန္သို႔ သယ္ေဆာင္ကာ ပင္လယ္ေရေၾကာင္းျဖင့္ ျပည္ပသို႔ သယ္ ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ေဖာ္အသိ ေပးထားသည္။
ထိုသို႔ သိမ္းဆည္းရမိခဲ့ေသာ မူးယစ္ေဆးဝါးမ်ားႏွင့္ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားကို AA အဖြဲ႕မွ ဗိုလ္မႉးႀကီးအဆင့္ရွိသူ ေက်ာ္ ျမတ္ဦး(ခ)ေဝသာထြန္း၏ ဦးစီးစီမံခန႔္ခြဲမႈျဖင့္ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။
လက္ရွိတြင္ အထက္ပါမူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕ကို ဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္က်ဴးလြန္ေနသူမ်ားကို ဆက္လက္စစ္ေဆးေဖာ္ထုတ္ေနေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္ရာတြင္ ရရွိခဲ့ေသာ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ထပ္မံအေရးယူရန္ ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းတြင္လည္း ေငြက်ပ္ (၁၀)ဘီလ်ံေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို သယ္ေဆာင္ေရာင္းဝယ္ရန္ျပင္ ဆင္ေနသည့္ မူးယစ္ေမွာင္ခိုဂိုဏ္းတစ္ခုကိုလည္း ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးထားသည္။