KIA အဖွဲ့ဝင်များအနေဖြင့် တာလောကြီးကျေးရွာရှိ ရှမ်းနီလူမျိုးများကို စစ်ဘေးရှောင်ခွင့်မပေးဘဲ ဖိနှိပ်ကန့်သတ်နေဟု SNUA ပြော

 2864

ကျော် (NP News) - ဒီဇင်ဘာ ၁၉

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာတွင် KIO / KIA အဖွဲ့ဝင်များစခန်းချနေထိုင်လျက်ရှိပြီး ကျေးရွာနေကချင်လူမျိုးများကို ဒီဇင်ဘာလ ၁၇ ရက်မှစတင်၍ ဝိုင်းမော်မြို့ဘက်သို့ ထွက်ခွာခွင့်ပြုခဲ့ကြောင်း ရှမ်းနီအမျိုး သားများညီညွတ်ရေးအစည်းအရုံး (SNUA)ထံမှ သိရသည်။

KIO/KIA အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၅ ရက်မှစ တင်ကာ တာလောကြီးကျေးရွာအတွင်းသို့ဝင်ရောက်စီးနင်းပြီး ရှမ်းနီလူမျိုးများအား လူသားတံတိုင်းအဖြစ်အသုံးပြုကာ အင်အားထပ်မံဖြည့်တင်းလျက်ရှိကြောင်း SNUA က အသိပေးထားသည်။

KIO / KIA အဖွဲ့သည် ကချင်လူမျိုးများကို ကျေးရွာမှ ထွက်ခွါခွင့်ပြုသော်လည်း ရှမ်းနီလူမျိုးများကို ကျေးရွာမှ ထွက်ခွါခွင့်မပြုကြောင်း SNUA က ပြောသည်။

ထို့ကြောင့် ကျေးရွာအတွင်း ကျန်ရှိခဲ့ရသည့် ရှမ်းနီလူမျိုးများသည် တိုက်ပွဲဖြစ်ပွားနေ၍ ထိခိုက်မှုမရှိစေရန် ကျေး ရွာအနီးတစ်ဝိုက်ရှိ လယ်ကွင်းများ၊ ခြုံများနှင့်တောအုပ်အတွင်းတို့၌ တိမ်းရှောင်နေကြရကြောင်း သိရသည်။

"ကျွန်တော်ရွာက မိသားစုနဲ့ဖုန်းအဆက်အသွယ်ရတယ်။ ဖုန်းလိုင်းကတော့အဆင်ပြေသေးတယ်လို့သိရတယ်။ သူတို့အတွက်စိတ် အရမ်းပူနေရတယ်။ ရွာထဲကိုရောက်နေတဲ့အဖွဲ့တွေက ရွာကလူတွေကိုအပြင်မထွက်ခိုင်းဘူး။ လူသားတံတိုင်းလုပ်ထားတယ်တဲ့။ ရွာအနီးအ နားမှာရှောင်နေရင်ရတယ်။ ထွက်တော့မသွားခိုင်းဘူး ရွာထဲကအိမ်တွေထဲမှာ သက်ကြီးရွယ်အိုတွေကျန်ခဲ့တယ်"ဟု ရန်ကုန်မြို့တွင်ရောက်ရှိနေသည့် ရှမ်းနီလူမျိုးတစ်ဦးက NP News ကိုပြောသည်။

လက်ရှိအချိန်၌ တာလောကြီးကျေးရွာတွင် တိုက်ပွဲဖြစ် ပွားလျက်ရှိရာ လက်နက်ကြီးပစ်ခတ်မှုများလည်းရှိပြီး လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်းပေါက်ကွဲပြီး ဘုန်းတော်ကြီးကျောင်း၊ စေတီနှင့်နေအိမ်အချို့ပျက် စီးမှုများရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာနေ ရှမ်းနီလူမျိုးများသည်လည်း လက် နက်ကြီးကျည်ကျရောက်ပေါက်ကွဲခြင်း နှင့် သေနတ်ပစ် ခတ်ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရသူများလည်းရှိနေကြောင်း သိရသည်။

ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံး(SNUA)မှ လည်း ရှမ်းနီလူမျိုးများအား လူသားတံတိုင်းအဖြစ်အသုံး ချခြင်းမပြုရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တောင်းဆိုထားသည်။

zawgyi version
KIA အဖြဲ႕ဝင္မ်ားအေနျဖင့္ တာေလာႀကီးေက်း႐ြာရွိ ရွမ္းနီလူမ်ိဳးမ်ားကို စစ္ေဘးေရွာင္ခြင့္မေပးဘဲ ဖိႏွိပ္ကန႔္သတ္ေနဟု SNUA ေျပာ

ေက်ာ္(NP News) - ဒီဇင္ဘာ ၁၉

ျမစ္ႀကီးနားၿမိဳ႕နယ္၊ တာေလာႀကီးေက်း႐ြာတြင္ KIO / KIA အဖြဲ႕ဝင္မ်ားစခန္းခ်ေနထိုင္လ်က္ရွိၿပီး ေက်း႐ြာေနကခ်င္လူမ်ိဳးမ်ားကို ဒီဇင္ဘာလ ၁၇ ရက္မွစတင္၍ ဝိုင္းေမာ္ၿမိဳ႕ဘက္သို႔ ထြက္ခြာခြင့္ျပဳခဲ့ေၾကာင္း ရွမ္းနီအမ်ိဳး သားမ်ားညီၫြတ္ေရးအစည္းအ႐ုံး (SNUA)ထံမွ သိရသည္။

KIO/KIA အဖြဲ႕ဝင္မ်ားသည္ ဒီဇင္ဘာလ ၁၅ ရက္မွစ တင္ကာ တာေလာႀကီးေက်း႐ြာအတြင္းသို႔ဝင္ေရာက္စီးနင္းၿပီး ရွမ္းနီလူမ်ိဳးမ်ားအား လူသားတံတိုင္းအျဖစ္အသုံးျပဳကာ အင္အားထပ္မံျဖည့္တင္းလ်က္ရွိေၾကာင္း SNUA က အသိေပးထားသည္။

KIO / KIA အဖြဲ႕သည္ ကခ်င္လူမ်ိဳးမ်ားကို ေက်း႐ြာမွ ထြက္ခြါခြင့္ျပဳေသာ္လည္း ရွမ္းနီလူမ်ိဳးမ်ားကို ေက်း႐ြာမွ ထြက္ခြါခြင့္မျပဳေၾကာင္း SNUA က ေျပာသည္။

ထို႔ေၾကာင့္ ေက်း႐ြာအတြင္း က်န္ရွိခဲ့ရသည့္ ရွမ္းနီလူမ်ိဳးမ်ားသည္ တိုက္ပြဲျဖစ္ပြားေန၍ ထိခိုက္မႈမရွိေစရန္ ေက်း ႐ြာအနီးတစ္ဝိုက္ရွိ လယ္ကြင္းမ်ား၊ ၿခဳံမ်ားႏွင့္ေတာအုပ္အတြင္းတို႔၌ တိမ္းေရွာင္ေနၾကရေၾကာင္း သိရသည္။

"ကြၽန္ေတာ္႐ြာက မိသားစုနဲ႔ဖုန္းအဆက္အသြယ္ရတယ္။ ဖုန္းလိုင္းကေတာ့အဆင္ေျပေသးတယ္လို႔သိရတယ္။ သူတို႔အတြက္စိတ္ အရမ္းပူေနရတယ္။ ႐ြာထဲကိုေရာက္ေနတဲ့အဖြဲ႕ေတြက ႐ြာကလူေတြကိုအျပင္မထြက္ခိုင္းဘူး။ လူသားတံတိုင္းလုပ္ထားတယ္တဲ့။ ႐ြာအနီးအ နားမွာေရွာင္ေနရင္ရတယ္။ ထြက္ေတာ့မသြားခိုင္းဘူး ႐ြာထဲကအိမ္ေတြထဲမွာ သက္ႀကီး႐ြယ္အိုေတြက်န္ခဲ့တယ္"ဟု ရန္ကုန္ၿမိဳ႕တြင္ေရာက္ရွိေနသည့္ ရွမ္းနီလူမ်ိဳးတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိအခ်ိန္၌ တာေလာႀကီးေက်း႐ြာတြင္ တိုက္ပြဲျဖစ္ ပြားလ်က္ရွိရာ လက္နက္ႀကီးပစ္ခတ္မႈမ်ားလည္းရွိၿပီး လက္နက္ႀကီးက်ည္မ်ားသည္ ေက်း႐ြာအတြင္းေပါက္ကြဲၿပီး ဘုန္းေတာ္ႀကီးေက်ာင္း၊ ေစတီႏွင့္ေနအိမ္အခ်ိဳ႕ပ်က္ စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေက်း႐ြာေန ရွမ္းနီလူမ်ိဳးမ်ားသည္လည္း လက္ နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲျခင္း ႏွင့္ ေသနတ္ပစ္ ခတ္ျခင္းတို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရသူမ်ားလည္းရွိေနေၾကာင္း သိရသည္။

ရွမ္းနီအမ်ိဳးသားမ်ားညီၫြတ္ေရးအစည္းအ႐ုံး(SNUA)မွ လည္း ရွမ္းနီလူမ်ိဳးမ်ားအား လူသားတံတိုင္းအျဖစ္အသုံး ခ်ျခင္းမျပဳရန္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားကို ေတာင္းဆိုထားသည္။

Related news

© 2021. All rights reserved.