လေယာဉ်ပေါ်မှာ ဗုံးအတုနဲ့ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ထောင်ဒဏ် (၆)လ ချမှတ်ခံရ

1072
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၃
စင်္ကာပူမှာ Scoot flight ပေါ် ဗုံးအတုနဲ့ ခြိမ်းခြောက်ပြီး လေ ယာဉ်ကို U-turn ကွေ့ကာ ပြန်လည်ဆင်းသက်စေခဲ့တဲ့ သြစတြေးလျ အမျိုးသားကို ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ကြောင်းသိရပါတယ်။
ဟော့ကင်းကဲဗင်ဖရန်စစ် အမည်ရှိ အသက် ၃၀ နှစ်အရွယ် သြစတြေးလျ အမျိုးသားဟာ United Nations (Anti-Terrorism Measures) စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး အကြမ်းဖက် လုပ်ရပ်ကို အတုအယောင် ခြိမ်းခြောက်မှုပြုမှုနဲ့ ဒီဇင်ဘာလ ၂၂ ရက်က အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်က သြစတြေးလျနိုင်ငံ၊ Perth ကို ဦးတည်ပျံသန်းတဲ့ Scoot လေယာဉ် TR16 ပေါ်မှာ ၎င်းလိုက်ပါလာခဲ့ပြီး တောင်တရုတ်ပင်လယ်ပြင်ပေါ် ပျံသန်းနေချိန်မှာ ဗုံးအတုနဲ့ ခြိမ်းခြောက်ကာ လေယာဉ်ကို နောက်ကြောင်းပြန်လှည့်စေခဲ့တာ ဖြစ်ပါတယ်။
၎င်းဟာ ဇနီးဖြစ်သူနဲ့အတူ ဖူးခက်မှ စင်ကာပူနိုင်ငံကို ဖြတ်ပြီး သြစတြေးလျနိုင်ငံ ပက်တ်မြို့ကို ခရီးနှင်လာခြင်းဖြစ်ပါတယ်။ လူမှုရေးပြဿနာအချို့ကိုရှောင်ရှားဖို့ အခုလိုလုပ်ရပ်ကို လုပ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၂ ရက်၊ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်မှာ လေယာဉ်ဟာ စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်မှာ ပြန်ဆင်းသက်ခဲ့ပါတယ်။
စင်ကာပူမှာ အကြမ်းဖက်လုပ်ရပ်တွေကို မဟုတ်မမှန် ခြိမ်း ခြောက်မှုတွေပြုလုပ်ခြင်းဟာ ဒဏ်ငွေ ဒေါ်လာ ၅၀၀၀၀၀ အထိ ထောင်ဒဏ် ၁၀ နှစ် (သို့မဟုတ်) နှစ်ခုလုံးအထိ ချမှတ်ခံရနိုင်ပါတယ်။

zawgyi version
ေလယာဥ္ေပၚမွာ ဗုံးအတုနဲ႔ၿခိမ္းေျခာက္ခဲ့တဲ့ အမ်ိဳးသား ေထာင္ ဒဏ္ (၆)လ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၃
စကၤာပူမွာ Scoot flight ေပၚ ဗုံးအတုနဲ႔ ၿခိမ္းေျခာက္ၿပီး ေလ ယာဥ္ကို U-turn ေကြ႕ကာ ျပန္လည္ဆင္းသက္ေစခဲ့တဲ့ ၾသစေၾတးလ် အမ်ိဳးသားကို ေထာင္ဒဏ္ ေျခာက္လ ခ်မွတ္ခဲ့ေၾကာင္းသိရပါတယ္။
ေဟာ့ကင္းကဲဗင္ဖရန္စစ္ အမည္ရွိ အသက္ ၃၀ ႏွစ္အ႐ြယ္ ၾသစေၾတးလ် အမ်ိဳးသားဟာ United Nations (Anti-Terrorism Measures) စည္းမ်ဥ္းေတြကို ဆန႔္က်င္ၿပီး အၾကမ္းဖက္ လုပ္ရပ္ကို အတုအေယာင္ ၿခိမ္းေျခာက္မႈျပဳမႈနဲ႔ ဒီဇင္ဘာလ ၂၂ ရက္က အျပစ္ရွိေၾကာင္း ၀န္ခံခဲ့ပါတယ္။
၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၁၂ ရက္က ၾသစေၾတးလ်ႏိုင္ငံ၊ Perth ကို ဦးတည္ပ်ံသန္းတဲ့ Scoot ေလယာဥ္ TR16 ေပၚမွာ ၎လိုက္ပါလာခဲ့ၿပီး ေတာင္တ႐ုတ္ပင္လယ္ျပင္ေပၚ ပ်ံသန္းေနခ်ိန္မွာ ဗုံးအတုနဲ႔ ၿခိမ္းေျခာက္ကာ ေလယာဥ္ကို ေနာက္ေၾကာင္းျပန္လွည့္ေစခဲ့တာ ျဖစ္ပါတယ္။
၎ဟာ ဇနီးျဖစ္သူနဲ႔အတူ ဖူးခက္မွ စင္ကာပူႏိုင္ငံကို ျဖတ္ၿပီး ၾသစေၾတးလ်ႏိုင္ငံ ပက္တ္ၿမိဳ႕ကို ခရီးႏွင္လာျခင္းျဖစ္ပါတယ္။ လူမႈေရးျပႆနာအခ်ိဳ႕ကိုေရွာင္ရွားဖို႔ အခုလိုလုပ္ရပ္ကို လုပ္ခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
ေအာက္တိုဘာလ ၁၂ ရက္၊ ညေန ၆ နာရီ ၃၀ မိနစ္အခ်ိန္ခန႔္မွာ ေလယာဥ္ဟာ စင္ကာပူႏိုင္ငံ၊ ခ်န္ဂီေလဆိပ္မွာ ျပန္ဆင္းသက္ခဲ့ပါတယ္။
စင္ကာပူမွာ အၾကမ္းဖက္လုပ္ရပ္ေတြကို မဟုတ္မမွန္ ၿခိမ္း ေျခာက္မႈေတြျပဳလုပ္ျခင္းဟာ ဒဏ္ေငြ ေဒၚလာ ၅၀၀၀၀၀ အထိ ေထာင္ဒဏ္ ၁၀ ႏွစ္ (သို႔မဟုတ္) ႏွစ္ခုလုံးအထိ ခ်မွတ္ခံရႏိုင္ပါတယ္။