ဆိုင်ကယ်မောင်းလာသည့် မြန်မာနိုင်ငံသားတစ်ဦး ကားနှစ်စီးဖြင့်တိုက်မိခဲ့၍ သေဆုံးခဲ့မှု ထိုင်းနိုင်ငံတွင်ဖြစ်ပွား

670
ကျော်(NP News) - ဒီဇင်ဘာ ၂၃
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၂၀ ရက်မွန်းလွဲပိုင်းက ဆိုင်ကယ်မောင်းလာသည့် မြန်မာနိုင်ငံသားတစ်ဦး ကားနှစ်စီးဖြင့်တိုက်မိခဲ့၍ သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

အဆိုပါနေ့၊ မွန်းလွဲ ၂ နာရီခွဲခန့်က စမွတ်ဆာခွန်ခရိုင်ရှိ ခေါင်ခဲရမ်မြစ်ကမ်း-ဗန်နမ်းကြွူတ်သွားကားလမ်းတွင်ရပ်တန့်ထားသည့် ပစ်ကပ်ကားအား မြန်မာနိုင်ငံသား ကိုရွှေသိန်း(၃၀)နှစ်မောင်းနှင်လာသည့်ဆိုင်ကယ်မှနောက်ကဝင်တိုက်မိခဲ့ကြောင်း သိရသည်။
"ပစ်ကပ်ကားက လမ်းသွယ်ထဲကိုဝင်ဖို့စောင့်နေတဲ့အချိန် နောက်ကနေဝင်တိုက်မိတာ။ အဲဒီလိုတိုက်မိတော့ ဆိုင်ကယ်ကို မထိန်းနိုင်တော့ဘဲ တစ်ဖက်ကလာတဲ့ ၁၀ ဘီးကားနဲ့ထပ်တိုက်မိတာ ကားသမားနှစ်ယောက်လုံးက အခင်းဖြစ်နေရာမှာပဲရှိနေပါတယ်။ ထွက်ပြေးတာမျိုးမရှိပါဘူး"ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသွားခဲ့သည့် မြန်မာနိုင်ငံသား၏ ရုပ်အလောင်းအား စမွတ်ဆာခွန်ခရိုင်အခြေစိုက် လူမှုကူညီရေးအ သင်းကားဖြင့် ကထွန်ဘဲန်မြို့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယာဥ်တိုက်မှုဖြစ်စဥ်မှ ပစ်ကပ်ကားမောင်းသူနှင့် ၁၀ ဘီးကားမောင်းသူတို့အား ဥပဒေအရအရေးယူရန် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်၊ ည ၁၀ နာရီကျော်ခန့်ကလည်း ပထုံဌာနီခရိုင်တွင် လမ်းလျှောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးအား ပစ်ကပ်ကားတစ်စီးမှဝင်တိုက်မိခဲ့သဖြင့် မြန်မာနိုင်ငံသားသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းနေရာ၌ပင် ဒီဇင်ဘာလ ၇ ရက်နံနက်ပိုင်းကလည်း ပထုံဌာနီခရိုင်၌ စက်ဘီးစီးနင်းကာလမ်း ဖြတ်ကူးသည့် မြန်မာနိုင်ငံသားအား Taxi တစ်စီးမှဝင်တိုက်မိပြီး မြန်မာနိုင်ငံသားမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့မှုဖြစ်ပွားခဲ့သည်။

zawgyi version
ဆိုင္ကယ္ေမာင္းလာသည့္ ျမန္မာႏိုင္ငံသားတစ္ဦး ကားႏွစ္စီးျဖင့္တိုက္မိခဲ့၍ ေသဆုံးခဲ့မႈ ထိုင္းႏိုင္ငံတြင္ျဖစ္ပြား
ေက်ာ္(NP News) - ဒီဇင္ဘာ ၂၃
ထိုင္းႏိုင္ငံ၊ စမြတ္ဆာခြန္ခ႐ိုင္တြင္ ၿပီးခဲ့သည့္ ဒီဇင္ဘာ လ ၂၀ ရက္မြန္းလြဲပိုင္းက ဆိုင္ကယ္ေမာင္းလာသည့္ ျမန္မာႏိုင္ငံသားတစ္ဦး ကားႏွစ္စီးျဖင့္တိုက္မိခဲ့၍ ေသဆုံးခဲ့ေၾကာင္း ထိုင္းႏိုင္ငံေရာက္ျမန္မာအလုပ္သမားမ်ားအေရးကူညီေဆာင္႐ြက္ေပးေနသူမ်ားထံမွ သိရသည္။
အဆိုပါေန႔၊ မြန္းလြဲ ၂ နာရီခြဲခန္႔က စမြတ္ဆာခြန္ခ႐ိုင္ရွိ ေခါင္ခဲရမ္ျမစ္ကမ္း-ဗန္နမ္းႂကြဴတ္သြားကားလမ္းတြင္ရပ္တန္႔ထားသည့္ ပစ္ကပ္ကားအား ျမန္မာႏိုင္ငံသား ကိုေ႐ႊသိန္း(၃၀)ႏွစ္ေမာင္းႏွင္လာသည့္ဆိုင္ကယ္မွေနာက္ကဝင္တိုက္မိခဲ့ေၾကာင္း သိရသည္။
"ပစ္ကပ္ကားက လမ္းသြယ္ထဲကိုဝင္ဖို႔ေစာင့္ေနတဲ့အခ်ိန္ ေနာက္ကေနဝင္တိုက္မိတာ။ အဲဒီလိုတိုက္မိေတာ့ ဆိုင္ကယ္ကို မထိန္းႏိုင္ေတာ့ဘဲ တစ္ဖက္ကလာတဲ့ ၁၀ ဘီးကားနဲ႔ထပ္တိုက္မိတာ ကားသမားႏွစ္ေယာက္လုံးက အခင္းျဖစ္ေနရာမွာပဲရွိေနပါတယ္။ ထြက္ေျပးတာမ်ိဳးမရွိပါဘူး"ဟု ထိုင္းႏိုင္ငံေရာက္ျမန္မာအလုပ္သမားမ်ားအေရးကူညီေဆာင္႐ြက္ေပးေနသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသြားခဲ့သည့္ ျမန္မာႏိုင္ငံသား၏ ႐ုပ္အေလာင္းအား စမြတ္ဆာခြန္ခ႐ိုင္အေျခစိုက္ လူမႈကူညီေရးအ သင္းကားျဖင့္ ကထြန္ဘဲန္ၿမိဳ႕ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။
ထို႔ျပင္ ယာဥ္တိုက္မႈျဖစ္စဥ္မွ ပစ္ကပ္ကားေမာင္းသူႏွင့္ ၁၀ ဘီးကားေမာင္းသူတို႔အား ဥပေဒအရအေရးယူရန္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၈ ရက္၊ ည ၁၀ နာရီေက်ာ္ခန္႔ကလည္း ပထုံဌာနီခ႐ိုင္တြင္ လမ္းေလွ်ာက္လာသည့္ ျမန္မာႏိုင္ငံသားတစ္ဦးအား ပစ္ကပ္ကားတစ္စီးမွဝင္တိုက္မိခဲ့သျဖင့္ ျမန္မာႏိုင္ငံသားသည္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ယင္းေနရာ၌ပင္ ဒီဇင္ဘာလ ၇ ရက္နံနက္ပိုင္းကလည္း ပထုံဌာနီခ႐ိုင္၌ စက္ဘီးစီးနင္းကာလမ္း ျဖတ္ကူးသည့္ ျမန္မာႏိုင္ငံသားအား Taxi တစ္စီးမွဝင္တိုက္မိၿပီး ျမန္မာႏိုင္ငံသားမွာ အခင္းျဖစ္ေနရာတြင္ေသဆုံးသြားခဲ့မႈျဖစ္ပြားခဲ့သည္။