အမေရိကန်ဒေါ်လာ(၉၂)သန်း ကုန်ကျနိုင်မည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေး နှင့် စက်မှုဇုန်စီမံကိန်းကို မြိတ်မြို့၌ ဖော်ဆောင်ရန် စတင်ပြင်ဆင်
4983
Pearl (NP News) – ဒီဇင်ဘာ ၂၄
အမေရိကန်ဒေါ်လာ (၉၂)သန်း ကုန်ကျနိုင်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေး နှင့် စက်မှုဇုန်စီမံကိန်းကို မြိတ်မြို့၌ဖော်ဆောင်ရန် စတင်ပြင်ဆင်နေကြောင်း သိရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေး နှင့် စက်မှုဇုန်စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာဆန်းစစ်ဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ စာချွန်လွှာကို တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတတို့ကြား ရေးထိုးခဲ့ခြင်းဖြစ်သည်။
မြိတ်မြို့တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးနှင့် စက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအတွင်း ရေထွက်ကုန်ပစ္စည်းများသည် နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်ဝင်ရောက်ကာ ပိုမိုတိုးတတ်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။
" အခုလက်ရှိ မြိတ်ကထွက်တဲ့ ငါးတွေ အားလုံးက ယိုးဒယား၊ ရနောင်းကို သွားရောင်းရတာပေါ့။ ကိုယ့်ဆီမှာ စျေးကွက် မရှိဘူးဖြစ်နေတာ။ ရောင်းစရာနေရာက ရနောင်းတစ်ခုပဲ ရှိတာဆိုတော့ သွားရောင်းတဲ့ အချိန် သူတို့ ပေးချင်တဲ့စျေးပေးတာ ။ ဒီမှာ ငါးလေလံစျေးဖြစ်လာတဲ့ အချိန်ကျရင် ရောင်းသူစျေးကွက်ဖြစ်လာမှာပေါ့။ ကိုယ့်ပြည်တွင်းမှာ တရုတ်ကိုပဲ ရောင်းရောင်း။ ရနောင်းမားကတ် မဟုတ်ဘဲ မဟာချိုင်က စက်ရုံတွေကို မြိတ်-တနင်္သာရီ-မောထောင်လမ်းကနေ ကုန်းလမ်းနဲ့ နေ့ချင်းအရောက် သွားလို့ရတယ်။ အဲဒီလိုမျိုးရောက်သွားရင် ငါးဖမ်းလှေ လုပ်ငန်းရှင်တွေ ၊ ဒီဒေသမှာ ရှိတဲ့ လူထုတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ထွက်ပေါ်လာမယ်။ ဒီရည်ရွယ်ချက်နဲ့ ငါးလေလံစျေးကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်" ဟု မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတတ်မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ၎င်းစီမံကိန်းကိုအကောင်အထည်ဖော်နိုင်ပါက နိုင်ငံတကာမှ နည်းပညာနှင့် ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်နိုင်သကဲ့သို့ နိုင်ငံတော်ဘဏ္ဍာအတွက် နိုင်ငံခြားဝင်ငွေနှင့် အခွန်အခများ ပိုမိုရရှိလာနိုင်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးနှင့် စက်မှုဇုန် စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိလေ့လာ ဆန်းစစ်ဆောင်ရွက်ခြင်းလုပ်ငန်းများသည် (၆)လခန့် ကြာမြင့်နိုင်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
"ဖြစ်မြောက်နိုင်စွမ်း လေ့လာတာကတော့ မြန်ပါတယ်။ (၆)လလောက်ဆို ပြီးပါပြီ။ စီမံကိန်းက ကျွန်တော်တို့ တွက်ထား တာတော့ ဒေါ်လာ ၉၂သန်းလောက် ကုန်မယ် ။ စီမံကိန်းအကောင်အထည် ဖော်ပြီးတဲ့အထိ ဒေါ်လာ (၉၂)သန်းလောက်ကုန်မယ်" ဟု မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောသည်။
အဆိုပါစီမံကိန်း၏ ဧရိယာ သည် ၇၃၈ ဧက ကျယ်ဝန်ပြီး မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် တည်ဆောက်ရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။
Zawgyi Version;
အမေရိကန်ဒေါ်လာ(၉၂)သန်း ကုန်ကျနိုင်မည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး နှင့် စက်မှုဇုန်စီမံကိန်းကို မြိတ်မြို့၌ ဖော်ဆောင်ရန် စတင်ပြင်ဆင်
အမေရိကန်ဒေါ်လာ (၉၂)သန်း ကုန်ကျနိုင်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး နှင့် စက်မှုဇုန်စီမံကိန်းကို မြိတ်မြို့၌ဖော်ဆောင်ရန် စတင်ပြင်ဆင်နေကြောင်း သိရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး နှင့် စက်မှုဇုန်စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာဆန်းစစ်ဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအတွင်း ရေထွက်ကုန်ပစ္စည်းများသည် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ကာ ပိုမိုတိုးတတ်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။
လက်ရှိတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန် စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိလေ့လာ ဆန်းစစ်ဆောင်ရွက်ခြင်းလုပ်ငန်းများသည် (၆)လခန့် ကြာမြင့်နိုင်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။