အမေရိကန်နိုင်ငံ၊ အလာဘားမားမှာ ရှားရှားပါးပါး သားအိမ်နှစ်ထပ်နဲ့ အမျိုးသမီးအမွှာမိန်းကလေး မွေးဖွား

 1952

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၄

အမေရိကန်နိုင်ငံ အလာဘားမားမှာ မွေးရာပါ ပုံမှန်မဟုတ်ဘဲ ရှားရှားပါးပါး သားအိမ်၂ ထပ်နဲ့ အမျိုးသမီးတစ်ဦးဟာ ယခုသီတင်းပတ်အစောပိုင်းက ကျန်းမာတဲ့ အမြွှာမိန်းကလေးကို မွေးဖွားခဲ့ပါတယ်။

သားအိမ်၂ ခုနဲ့မိန်းကလေး ကယ်လ်စလေ ဟက်ချာ နဲ့ ခင်ပွန်း ကလက်ဘ်တို့ဟာ အင်္ဂါနေ့( ဒီဇင်ဘာ ၁၉ ရက်) ညက ရိုဆီလေလာနဲ့ ရီဘယ်လက်ကန်ဆိုတဲ့ အမွှာသမီး ၂ ယောက်ကို မွေးဖွားခဲ့ပါတယ်။ ဒီသတင်းကို ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂ဝ ရက်) နံနက်က Birmingham ဆေးရုံ (UAB) ရှိ University of Alabama မှ ဆိုရှယ်မီဒီယာပေါ်မှာ ကြော်ငြာခဲ့ခြင်းဖြစ်ပါတယ်။ မိခင်ဖြစ်တဲ့ ဟက်ချာမှာ ရှားရှားပါးပါး သားအိမ်နှစ်ထပ်ရှိပြီး တစ်ခုစီမှာ ကိုယ်ဝန်ရခဲ့ တာဖြစ်ပါတယ်။ ဒါဟာ တစ်သန်းမှာ တစ်ယောက်ဖြစ်နိုင်ချေနည်းတဲ့ ကိုယ်ဝန်ဖြစ်ပါတယ်။ မွေးဖွားရာမှာလည်း အန္တရာယ်များတာကြောင့် ဆရာဝန်တွေက နာရီပေါင်း ၂ဝ လုံးလုံး ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

ပထမကလေးကို ရိုးရိုးမွေးလမ်းကြောင်းမှ မွေးဖွားခဲ့ပြီး ဒုတိယမြောက်ကလေးကို ဗိုက်ခွဲမွေးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ အလာဘားမားမွာ ရွားရွားပါးပါး သားအိမ္ႏွစ္ထပ္နဲ႔ အမ်ိဳးသမီးအမႊာမိန္းကေလး ေမြးဖြား
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၄

အေမရိကန္ႏိုင္ငံ အလာဘားမားမွာ ေမြးရာပါ ပုံမွန္မဟုတ္ဘဲ ရွားရွားပါးပါး သားအိမ္၂ ထပ္နဲ႔ အမ်ိဳးသမီးတစ္ဦးဟာ ယခုသီတင္းပတ္အေစာပိုင္းက က်န္းမာတဲ့ အႁမႊာမိန္းကေလးကို ေမြးဖြားခဲ့ပါတယ္။

သားအိမ္၂ ခုနဲ႔မိန္းကေလး ကယ္လ္စေလ ဟက္ခ်ာ နဲ႔ ခင္ပြန္း ကလက္ဘ္တို႔ဟာ အဂၤါေန႔( ဒီဇင္ဘာ ၁၉ ရက္) ညက ႐ိုဆီေလလာနဲ႔ ရီဘယ္လက္ကန္ဆိုတဲ့ အမႊာသမီး ၂ ေယာက္ကို ေမြးဖြားခဲ့ပါတယ္။ ဒီသတင္းကို ဗုဒၶဟူးေန႔ (ဒီဇင္ဘာ ၂ဝ ရက္) နံနက္က Birmingham ေဆး႐ုံ (UAB) ရွိ University of Alabama မွ ဆိုရွယ္မီဒီယာေပၚမွာ ေၾကာ္ျငာခဲ့ျခင္းျဖစ္ပါတယ္။ မိခင္ျဖစ္တဲ့ ဟက္ခ်ာမွာ ရွားရွားပါးပါး သားအိမ္ႏွစ္ထပ္ရွိၿပီး တစ္ခုစီမွာ ကိုယ္ဝန္ရခဲ့ တာျဖစ္ပါတယ္။ ဒါဟာ တစ္သန္းမွာ တစ္ေယာက္ျဖစ္ႏိုင္ေခ်နည္းတဲ့ ကိုယ္ဝန္ျဖစ္ပါတယ္။ ေမြးဖြားရာမွာလည္း အႏၲရာယ္မ်ားတာေၾကာင့္ ဆရာဝန္ေတြက နာရီေပါင္း ၂ဝ လုံးလုံး ႀကိဳးစားခဲ့ရတယ္လို႔ သိရပါတယ္။

ပထမကေလးကို ႐ိုး႐ိုးေမြးလမ္းေၾကာင္းမွ ေမြးဖြားခဲ့ၿပီး ဒုတိယေျမာက္ကေလးကို ဗိုက္ခြဲေမြးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.