မော်လမြိုင်မြို့၌ တွဲကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ

834
စော (NP News) - ဒီဇင်ဘာ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တွဲကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၂၅ ရက်)၊ ညနေ (၃)နာရီဝန်းကျင်အချိန်တွင် မော်လမြိုင်မြို့၊ မြို့ရှောင်လမ်း၊ ဝက်သက်ကုန်းအနီး၌ အထက်ပါကဲ့သို့ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာချမ်းသာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“မန္တလာမင်းက တွဲကားပါ။ သူတို့နေရာက ကွေ့ဖြစ်နေတော့ ဆွဲကွေ့လိုက်တာဖြစ်မယ်။ ပက်လက်တော့ မလန်သွားဘူး။ တစ်ဇောင်းလဲသွားတာပေါ့။ အားလုံးတော့ (၄)ယောက်ပါလာတယ်။ (၂)ယောက်တော့ နည်းနည်း ထိခိုက်ဒဏ်ရာရတယ်။ သိပ်စိုးရိမ်စရာတော့မရှိပါဘူး”ဟု ကျန်းမာချမ်းသာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ တွဲကားပေါ်တွင် အမျိုးသား (၄)ဦး လိုက်ပါစီးနင်းလာခဲ့ပြီး ၎င်းတို့အနက် အမျိုးသား(၂)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ေမာ္လၿမိဳင္ၿမိဳ႕၌ တြဲကားတစ္စီး တိမ္းေမွာက္ခဲ့ရာ အမ်ိဳးသား (၂)ဦး ထိခိုက္ဒဏ္ရာရ
ေစာ (NP News) - ဒီဇင္ဘာ ၂၅
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ တြဲကားတစ္စီး တိမ္းေမွာက္ခဲ့ရာ အမ်ိဳးသား(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၂၅ ရက္)၊ ညေန (၃)နာရီဝန္းက်င္အခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္း၊ ဝက္သက္ကုန္းအနီး၌ အထက္ပါကဲ့သို႔ျဖစ္ ပြားခဲ့ျခင္းျဖစ္ေၾကာင္း က်န္းမာခ်မ္းသာ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
“မႏၲလာမင္းက တြဲကားပါ။ သူတို႔ေနရာက ေကြ႕ျဖစ္ေနေတာ့ ဆြဲေကြ႕လိုက္တာျဖစ္မယ္။ ပက္လက္ေတာ့ မလန္သြားဘူး။ တစ္ေဇာင္းလဲသြားတာေပါ့။ အားလုံးေတာ့ (၄)ေယာက္ပါလာတယ္။ (၂)ေယာက္ေတာ့ နည္းနည္း ထိခိုက္ဒဏ္ရာရတယ္။ သိပ္စိုးရိမ္စရာေတာ့မရွိပါဘူး”ဟု က်န္းမာခ်မ္းသာ အေရးေပၚ ကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ တြဲကားေပၚတြင္ အမ်ိဳးသား (၄)ဦး လိုက္ပါစီးနင္းလာခဲ့ၿပီး ၎တို႔အနက္ အမ်ိဳးသား(၂)ဦးမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီး သို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။