စဉ့်ကိုင်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ ၊ ဆရာမများကို အကြမ်းဖက်အဖွဲ့က စာ(၇)စောင်ပေးပို့ကာ ခြိမ်းခြောက်

 5173

NP News -ဒီဇင်ဘာ ၂၅

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ဆရာများ နှင့် ပညာရေးဝန်ထမ်းများကို အကြမ်းဖက်အဖွဲ့က စာ(၇)စောင်ပို့ကာ ခြိမ်းခြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ခြိမ်းခြောက်စာတစ်စောင်ကို ပြီးခဲ့သော(ဒီဇင်ဘာလ ၂၂ ရက်)၊ နံနက် ၉နီခွဲအချိန်တွင် စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာ၊ အခြေခံပညာ အထက် တန်းကျောင်း၏ ကျောင်းရှေ့ဆိုင်းဘုတ်၌ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါခြိမ်းခြောက်စာနှင့်ပုံစံတူ နောက်ထပ်စာ(၆)စောင်ကို ကျောင်း၏အဝင်ပေါက်အနီးရှိ လမ်းပေါ်တွင်ချထားကာ ခြိမ်းခြောက်ခဲ့သည်ဟု တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းခြိမ်းခြောက်စာများတွင် “Mandalay People Rescue MDY CDF သတိပေးသည့် ခေါင်းစဉ်ဖြင့် ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများအားလုံး CDM ဝင်ပေးကြရန် နောက်ဆုံးအကြိမ်သတိပေးအပ်ပါသည်။ မလိုက်နာပါက နောင်ဖြစ်လာမည့် အကျိုးဆက်များမှာ လုံးဝကောင်းမွန်နိုင်မည်မဟုတ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံ Cham Min၊ အဖွဲ့တာဝန်ခံ Htet Aung” ဟု ရေးသားဖော်ပြထားကြောင်း သိရသည်။

ဘယ်လင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆရာ၊ဆရာမ (၃၈)ဦးက ကျောင်းသား၊ ကျောင်းသူ(၇၂၂) ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ခြိမ်းခြောက်စာပေးပို့ခဲ့သည့် အကြမ်းဖက်သမားအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
စဥ့္ကိုင္ရွိ အေျခခံပညာအထက္တန္းေက်ာင္းမွ ဆရာ ၊ ဆရာမမ်ားကို အၾကမ္းဖက္အဖြဲ႕က စာ(၇)ေစာင္ေပးပို႔ကာ ၿခိမ္းေျခာက္

NP News -ဒီဇင္ဘာ ၂၅

မႏၲေလးတိုင္း၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ အေျခခံပညာအထက္တန္းေက်ာင္းရွိ ဆရာ၊ဆရာမ်ား ႏွင့္ ပညာေရးဝန္ထမ္းမ်ားကို အၾကမ္းဖက္အဖြဲ႕က စာ(၇)ေစာင္ပို႔ကာ ၿခိမ္းေျခာက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ၿခိမ္းေျခာက္စာတစ္ေစာင္ကို ၿပီးခဲ့ေသာ(ဒီဇင္ဘာလ ၂၂ ရက္)၊ နံနက္ ၉နီခြဲအခ်ိန္တြင္ စဥ့္ကိုင္ၿမိဳ႕နယ္၊ ဘယ္လင္းေက်း႐ြာ၊ အေျခခံပညာ အထက္ တန္းေက်ာင္း၏ ေက်ာင္းေရွ႕ဆိုင္းဘုတ္၌ စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါၿခိမ္းေျခာက္စာႏွင့္ပုံစံတူ ေနာက္ထပ္စာ(၆)ေစာင္ကို ေက်ာင္း၏အဝင္ေပါက္အနီးရွိ လမ္းေပၚတြင္ခ်ထားကာ ၿခိမ္းေျခာက္ခဲ့သည္ဟု ေတြ႕ရွိခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

၎ၿခိမ္းေျခာက္စာမ်ားတြင္ “Mandalay People Rescue MDY CDF သတိေပးသည့္ ေခါင္းစဥ္ျဖင့္ ဆရာ၊ ဆရာမမ်ား၊ ပညာေရး ဝန္ထမ္းမ်ားအားလုံး CDM ဝင္ေပးၾကရန္ ေနာက္ဆုံးအႀကိမ္သတိေပးအပ္ပါသည္။ မလိုက္နာပါက ေနာင္ျဖစ္လာမည့္ အက်ိဳးဆက္မ်ားမွာ လုံးဝေကာင္းမြန္ႏိုင္မည္မဟုတ္ေၾကာင္း၊ ျပည္သူ႔ဆက္ဆံေရးႏွင့္ ျပန္ၾကားေရးတာဝန္ခံ Cham Min၊ အဖြဲ႕တာဝန္ခံ Htet Aung” ဟု ေရးသားေဖာ္ျပထားေၾကာင္း သိရသည္။

ဘယ္လင္းေက်း႐ြာအေျခခံပညာအထက္တန္းေက်ာင္းတြင္ ေက်ာင္းဆရာ၊ဆရာမ (၃၈)ဦးက ေက်ာင္းသား၊ ေက်ာင္းသူ(၇၂၂) ဦးကို ပညာသင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၿခိမ္းေျခာက္စာေပးပို႔ခဲ့သည့္ အၾကမ္းဖက္သမားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာ အျပစ္ေပး အေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.