အမှားများမှ ပြန်လည်သင်ယူရန်လိုအပ်ကြောင်း အသင်းကစားသမားများကို ချဲလ်ဆီးနည်းပြ သတိပေး

 301

Pika (NP News) - ဒီဇင်ဘာ ၂၅

ချဲလ်ဆီးအသင်းသည် ဝု့ဖ်အသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို (၂)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကစားသမားများအနေဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်များမှ အမှားများကို ပြန်လည်သင်ယူရန်လိုအပ်ကြောင်း ချဲလ်ဆီးနည်းပြပိုချက်တီနိုက ပြောခဲ့သည်။

ချဲလ်ဆီးအသင်းသည် ဝု့ဖ်အသင်းကို (၂)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိပရီးမီးယားလိဂ်ရာသီတွင် ရှစ်ပွဲ မြောက် ရှုံးပွဲကိုကြုံခဲ့ရကြောင်း သိရသည်။ ထို့အပြင် ချဲလ်ဆီးအသင်းကစားသမားအနေဖြင့် အမှားများမှ သင်ယူကာ ရှေ့ကိုဆက်သွားရန်လိုအပ်ကြောင်း နည်းပြပိုချက်တီနိုက ပြောခဲ့သည်။

"ကျွန်တော်တို့ တကယ်ကို စိတ်ပျက်ခဲ့ပါတယ်။ ကျွန်တော်တို့လက်ရှိရနေတဲ့နေရာထက် အများကြီးပိုကောင်းတဲ့ နေရာက ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်မှာ အကောင်းဆုံးခြေစွမ်းပြ မကစားနိုင်ဘူးဆိုရင် ရလဒ်တွေကို ညည်းတွားပြောဆိုနေလို့မရပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးတော့ မသွင်းယူနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပထမပိုင်းမှာ ဝု့ဖ်အသင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော် တို့ ဝု့ဖ်အသင်းကို သွင်းဂိုး နှစ်ဂိုးတောင်ပေးခဲ့မိပြီး ပြန်လည်ဖိအားပေးကစားတာခံခဲ့ရပါတယ်။ သူတို့က အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီးတော့ ရလဒ်က ဒီလိုဖြစ်တာပါပဲ။ ကျွန်တော်တို့အသင်းဟာ လူငယ်အသင်း တစ်သင်းလို့ ရာသီ အစတည်းက ပြောခဲ့ပါတယ်။ တစ်ချို့ကစားသမားတွေဆိုရင် ပရီးမီးယားလိဂ်မှာ ပထမဆုံး အကြိမ်ကစားဖူးကြတာမျိုးဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေက လိုအပ်နေပါတယ်။ ကျွန်တော်တို့ ဒီလိုရှုံးပွဲ တွေကနေ အမှားတွေကို သင်ယူရပါမယ်။ ကျွန်တော်တို့ဒီထက်ပိုပြီး ကောင်းလာနိုင်တယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ကြိုးစားအားထုတ်ဖို့လိုပါတယ်" ဟု ပိုချက်တီနိုက ပြောခဲ့သည်။

ချဲလ်ဆီးအသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၈)ပွဲကစားထားပြီး ရမှတ်(၂၂)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၁ဝ)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။

Zawgyi Version;
အမွားမ်ားမွ ျပန္လည္သင္ယူရန္လိုအပ္ေၾကာင္း အသင္းကစားသမားမ်ားကို ခ်ဲလ္ဆီးနည္းျပ သတိေပး
Pika (NP News) - ဒီဇင္ဘာ ၂၅

ခ်ဲလ္ဆီးအသင္းသည္ ဝု႔ဖ္အသင္းႏွင့္ကစားခဲ့သည့္ ပရီးမီးယားလိဂ္ပြဲစဥ္ကို (၂)ဂိုး-(၁)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အသင္းကစားသမားမ်ားအေနျဖင့္ ရႈံးနိမ့္ခဲ့သည့္ပြဲစဥ္မ်ားမွ အမွားမ်ားကို ျပန္လည္သင္ယူရန္လိုအပ္ေၾကာင္း ခ်ဲလ္ဆီးနည္းျပပိုခ်က္တီႏိုက ေျပာခဲ့သည္။

ခ်ဲလ္ဆီးအသင္းသည္ ဝု႔ဖ္အသင္းကို (၂)ဂိုး-(၁)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ လက္ရွိပရီးမီးယားလိဂ္ရာသီတြင္ ရွစ္ပြဲ ေျမာက္ ရႈံးပြဲကိုႀကဳံခဲ့ရေၾကာင္း သိရသည္။ ထို႔အျပင္ ခ်ဲလ္ဆီးအသင္းကစားသမားအေနျဖင့္ အမွားမ်ားမွ သင္ယူကာ ေရွ႕ကိုဆက္သြားရန္လိုအပ္ေၾကာင္း နည္းျပပိုခ်က္တီႏိုက ေျပာခဲ့သည္။

"ကြၽန္ေတာ္တို႔ တကယ္ကို စိတ္ပ်က္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔လက္ရွိရေနတဲ့ေနရာထက္ အမ်ားႀကီးပိုေကာင္းတဲ့ ေနရာက ထိုက္တန္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ပရီးမီးယားလိဂ္လို ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့လိဂ္မွာ အေကာင္းဆုံးေျခစြမ္းျပ မကစားႏိုင္ဘူးဆိုရင္ ရလဒ္ေတြကို ညည္းတြားေျပာဆိုေနလို႔မရပါဘူး။ ပထမပိုင္းမွာ ကြၽန္ေတာ္တို႔အခြင့္အေရးေတြ အမ်ားႀကီးဖန္တီးႏိုင္ခဲ့ေပမယ့္ ဂိုးေတာ့ မသြင္းယူႏိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ပထမပိုင္းမွာ ဝု႔ဖ္အသင္းကို အေကာင္းဆုံးဖိအားေပးကစားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာေတာ့ ကြၽန္ေတာ္ တို႔ ဝု႔ဖ္အသင္းကို သြင္းဂိုး ႏွစ္ဂိုးေတာင္ေပးခဲ့မိၿပီး ျပန္လည္ဖိအားေပးကစားတာခံခဲ့ရပါတယ္။ သူတို႔က အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ၿပီးေတာ့ ရလဒ္က ဒီလိုျဖစ္တာပါပဲ။ ကြၽန္ေတာ္တို႔အသင္းဟာ လူငယ္အသင္း တစ္သင္းလို႔ ရာသီ အစတည္းက ေျပာခဲ့ပါတယ္။ တစ္ခ်ိဳ႕ကစားသမားေတြဆိုရင္ ပရီးမီးယားလိဂ္မွာ ပထမဆုံး အႀကိမ္ကစားဖူးၾကတာမ်ိဳးျဖစ္ၿပီး ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေတြက လိုအပ္ေနပါတယ္။ ကြၽန္ေတာ္တို႔ ဒီလိုရႈံးပြဲ ေတြကေန အမွားေတြကို သင္ယူရပါမယ္။ ကြၽန္ေတာ္တို႔ဒီထက္ပိုၿပီး ေကာင္းလာႏိုင္တယ္ဆိုတာ သိပါတယ္။ ကြၽန္ေတာ္တို႔ ႀကိဳးစားအားထုတ္ဖို႔လိုပါတယ္" ဟု ပိုခ်က္တီႏိုက ေျပာခဲ့သည္။

ခ်ဲလ္ဆီးအသင္းသည္ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ(၁၈)ပြဲကစားထားၿပီး ရမွတ္(၂၂)မွတ္ျဖင့္ အမွတ္ေပးဇယားတြင္ အဆင့္(၁ဝ)ေနရာမွာ ရပ္တည္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.