မန္တလေးမြို့တွင် အသက်(၄)နှစ်အရွယ်ကလေးငယ်တစ်ဦး အပေါ့သွားရာမှ ရေမြောင်းထဲပြုတ်ကျသေဆုံး

970
သန့်ဇင်(NP News) - ဒီဇင်ဘာ ၂၆
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် အသက် (၄) နှစ်အရွယ်ကလေးငယ်တစ်ဦး အပေါ့သွားရာမှ ရေမြောင်းထဲပြုတ်ကျ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၂၅ ရက်)၊ ည ၉ နာရီခွဲအချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်ရှိ၊ ရေမြောင်းအတွင်း၌ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကလေးက ပထမတော့ပျောက်နေတာ။ သိသိချင်း မီးသတ် တပ်ဖွဲ့ဝင်တွေနဲ့ ကျွန်တော်တို့လူမှုကူညီရေးအသင်းတွေပေါင်းပြီး ရှာဖွေရေးတွေ လုပ်ခဲ့တယ်။ ဖြစ်စဉ်နေရာနားမှာ ရေဆိုးမြောင်းရှိတယ်။သူ့ရဲ့အဆုံးမှာက တံတားတစ်ခုရှိတယ်။ ရှာရင်းနဲ့ ရေဆိုးမြောင်းရဲ့ အမှိုက်တွေထဲမှာ ပြန်တွေ့တာပေါ့။ ကလေးက အသက်မရှိတော့ဘူး။ သိရသလောက်ဆိုရင် ကလေးက အပေါ့ သွားရင်းနဲ့ ရေမြောင်းထဲ ပြုတ်ကျသွားတာပါ” ဟု နန်း တော်ရှေ့လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူ ကလေးငယ်သည် အသက်(၄) နှစ်အရွယ်ခန့်ရှိ မလွန်းပိုးအိမ်(ခ)ပိုးအိဖြစ်ပြီး ရေမြောင်းအတွင်းပြုတ်ကျပြီး တစ်နာရီခွဲခန့်အကြာတွင် သေဆုံးလျက်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူကလေးငယ်အား နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
မႏၲေလးၿမိဳ႕တြင္ အသက္(၄)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး အေပါ့သြားရာမွ ေရေျမာင္းထဲျပဳတ္က်ေသဆုံး
သန႔္ဇင္(NP News) - ဒီဇင္ဘာ ၂၆
မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ အသက္ (၄) ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး အေပါ့သြားရာမွ ေရေျမာင္းထဲျပဳတ္က် ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၂၅ ရက္)၊ ည ၉ နာရီခြဲအခ်ိန္ခန႔္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ သီရိမာလာအေနာက္ရပ္ကြက္ရွိ၊ ေရေျမာင္းအတြင္း၌ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ကေလးက ပထမေတာ့ေပ်ာက္ေနတာ။ သိသိခ်င္း မီးသတ္ တပ္ဖြဲ႕ဝင္ေတြနဲ႔ ကြၽန္ေတာ္တို႔လူမႈကူညီေရးအသင္းေတြေပါင္းၿပီး ရွာေဖြေရးေတြ လုပ္ခဲ့တယ္။ ျဖစ္စဥ္ေနရာနားမွာ ေရဆိုးေျမာင္းရွိတယ္။သူ႔ရဲ႕အဆုံးမွာက တံတားတစ္ခုရွိတယ္။ ရွာရင္းနဲ႔ ေရဆိုးေျမာင္းရဲ႕ အမႈိက္ေတြထဲမွာ ျပန္ေတြ႕တာေပါ့။ ကေလးက အသက္မရွိေတာ့ဘူး။ သိရသေလာက္ဆိုရင္ ကေလးက အေပါ့ သြားရင္းနဲ႔ ေရေျမာင္းထဲ ျပဳတ္က်သြားတာပါ” ဟု နန္း ေတာ္ေရွ႕လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါေရနစ္ေသဆုံးသူ ကေလးငယ္သည္ အသက္(၄) ႏွစ္အ႐ြယ္ခန႔္ရွိ မလြန္းပိုးအိမ္(ခ)ပိုးအိျဖစ္ၿပီး ေရေျမာင္းအတြင္းျပဳတ္က်ၿပီး တစ္နာရီခြဲခန႔္အၾကာတြင္ ေသဆုံးလ်က္ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးသူကေလးငယ္အား နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းမွ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။