မြန်မာ-တရုတ်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံထားသော ပထမဆုံးအကြီးစားအခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်မည်

4166
ယွန်း (NP News) - ဒီဇင်ဘာ ၂၇
မြန်မာ-တရုတ်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံထားသော ပထမဆုံးအကြီးစားအခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက အသိပေးပြောကြားသည်။

မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယမန်နေ့ (ဒီဇင်ဘာလ ၂၆ ရက်)တွင် နေပြည်တော်ရှိ Horizon Lake View Hotel တွင် ကျင်းပခဲ့သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စပ်လျဥ်းသည့် နောက် ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနား တွင်အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံ ကိန်းဟာ မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် ပထမဦးဆုံးအကြီးစားအခြေခံအဆောက်အအုံစီမံကိန်းဖြစ်ပါတယ်။ စီမံကိန်းမှာ မြန်မာနိုင်ငံဘက်က အစုရှယ်ယာ(၃၀)ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံဘက်က အစုရှယ်ယာ(၇၀)ရာခိုင်နှုန်းထည့်ဝင်ကြမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော နိုင်ငံတကာအဆင့်မီရေနက်ဆိပ်ကမ်းအဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
စီမံကိန်းတွင် တရုတ်နိုင်ငံမှ အစုရှယ်ယာ(၇၀)ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံဘက်မှ အစုရှယ်ယာ(၃၀)ရာခိုင်နှုန်း ထည့်ဝင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်ကြောင်း သိရသည်။
၎င်းရေနက်ဆိပ်ကမ်းစီမံကိန်းသည် ကျောက်ဖြူဒေသ အပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရန်နှင့် အလုပ်အကိုင် အခွင့် အလမ်းများကို ဖန်တီးပေးနိုင်သော စီမံကိန်းတစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ဖော်ဆောင်ပေးနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် အာရှ- အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခုဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်း၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်ကြောင်း သိရသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အဆင့်(၄)ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိပ်ခံတံတား (၁ဝ)ခုပါဝင်မည်ဖြစ်၍ စီမံကိန်းလုပ်ငန်းများ ပြီးစီးပါက နှစ်စဥ် ပေ(၂ဝ)ကွန်တိန်နာအလုံးရေ (၇)သန်းခန့် ကုန်တင်ကုန်ချပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာ- တရုတ်ပူးပေါင်း၍ ဖက်စပ်ဖွဲ့စည်းထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီတို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ တွင်ချုပ်ဆိုခဲ့ကြသည်။

zawgyi version
ျမန္မာ-တ႐ုတ္ပူးေပါင္း၍ ရင္းႏွီးျမႇဳပ္ႏွံထားသော ပထမဆုံးအႀကီးစားအေျခခံအေဆာက္အအုံ စီမံကိန္းျဖစ္သည့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းကို အျမန္ဆုံးအေကာင္အထည္ေဖာ္မည္
ယြန္း (NP News) - ဒီဇင္ဘာ ၂၇
ျမန္မာ-တ႐ုတ္ပူးေပါင္း၍ ရင္းႏွီးျမႇဳပ္ႏွံထားသောည့္ ပထမဆုံးအႀကီးစားအေျခခံအေဆာက္အအုံ စီမံကိန္းျဖစ္သည့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းကို အျမန္ဆုံးအေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးဦးေအာင္ႏိုင္ဦးက အသိေပးေျပာၾကားသည္။
ျမန္မာအထူးစီးပြားေရးဇုန္ ဗဟိုလုပ္ငန္းအဖြဲ႕ ဥကၠ႒၊ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက ယမန္ေန႔ (ဒီဇင္ဘာလ ၂၆ ရက္)တြင္ ေနျပည္ေတာ္ရွိ Horizon Lake View Hotel တြင္ က်င္းပခဲ့သည့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းႏွင့္ စပ္လ်ဥ္းသည့္ ေနာက္ ဆက္တြဲစာခ်ဳပ္ လက္မွတ္ေရးထိုးျခင္း အခမ္းအနား တြင္အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းစီမံ ကိန္းဟာ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မယ့္ ပထမဦးဆုံးအႀကီးစားအေျခခံအေဆာက္အအုံစီမံကိန္းျဖစ္ပါတယ္။ စီမံကိန္းမွာ ျမန္မာႏိုင္ငံဘက္က အစုရွယ္ယာ(၃၀)ရာခိုင္ႏႈန္းနဲ႔ တ႐ုတ္ႏိုင္ငံဘက္က အစုရွယ္ယာ(၇၀)ရာခိုင္ႏႈန္းထည့္ဝင္ၾကမွာ ျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးေသာ ႏိုင္ငံတကာအဆင့္မီေရနက္ဆိပ္ကမ္းအျဖစ္ရပ္တည္ႏိုင္မွာျဖစ္ပါတယ္” ဟု ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
စီမံကိန္းတြင္ တ႐ုတ္ႏိုင္ငံမွ အစုရွယ္ယာ(၇၀)ရာခိုင္ႏႈန္းႏွင့္ ျမန္မာႏိုင္ငံဘက္မွ အစုရွယ္ယာ(၃၀)ရာခိုင္ႏႈန္း ထည့္ဝင္သြားမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာ ႏိုင္ငံတကာ အဆင့္မီေရနက္ဆိပ္ကမ္းအျဖစ္ ရပ္တည္ႏိုင္ေၾကာင္း သိရသည္။
၎ေရနက္ဆိပ္ကမ္းစီမံကိန္းသည္ ေက်ာက္ျဖဴေဒသ အပါအဝင္ ရခိုင္ျပည္နယ္ရွိ ျပည္သူမ်ား၏ လူေနမႈ အဆင့္အတန္းကို ျမႇင့္တင္ရန္ႏွင့္ အလုပ္အကိုင္ အခြင့္ အလမ္းမ်ားကို ဖန္တီးေပးႏိုင္ေသာ စီမံကိန္းတစ္ခုျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းေပါင္းမ်ားစြာ ေဖာ္ေဆာင္ေပးႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ထို႔ျပင္ အာရွ- အာဖရိကႏွင့္ ဥေရာပတိုက္ႀကီးမ်ားႏွင့္ ဆက္သြယ္မည့္ ကုန္သြယ္မႈအခ်က္အခ်ာေနရာတစ္ခုျဖစ္လာႏိုင္ၿပီး ျမန္မာႏိုင္ငံႏွင့္ ေဒသတြင္း၏ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးကို ျမႇင့္တင္ေပးႏိုင္ေၾကာင္း သိရသည္။
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းကို အဆင့္(၄)ဆင့္ျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဆိပ္ခံတံတား (၁ဝ)ခုပါဝင္မည္ျဖစ္၍ စီမံကိန္းလုပ္ငန္းမ်ား ၿပီးစီးပါက ႏွစ္စဥ္ ေပ(၂ဝ)ကြန္တိန္နာအလုံးေရ (၇)သန္းခန႔္ ကုန္တင္ကုန္ခ်ျပဳလုပ္ႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။
အဆိုပါစီမံကိန္း အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီႏွင့္ ျမန္မာ- တ႐ုတ္ပူးေပါင္း၍ ဖက္စပ္ဖြဲ႕စည္းထားသည့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းကုမၸဏီတို႔အၾကား လုပ္ငန္းလုပ္ကိုင္ခြင့္ သေဘာတူစာခ်ဳပ္ကို ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ တြင္ခ်ဳပ္ဆိုခဲ့ၾကသည္။