မဟာချိုင်မြို့၌ တရားမဝင်နေထိုင်သည့် မြန်မာမိန်းကလေးငယ် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံရ

 2890

ကျော် (NP News) - ဒီဇင်ဘာ ၂၇

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊မဟာချိုင်မြို့၌ တရားမဝင်နေထိုင်သည့် မြန်မာမိန်းကလေးငယ်တစ်ဦး မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက် နေ့လည်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာအလုပ်သမားများ အရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

အဆိုပါနေ့ နေ့လည်ပိုင်းက စမွတ်စခေါင်ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုရှိနေကြောင်း သတင်းအရ မဟာချိုင်မြို့၊ မဟာချိုင်စျေးအတွင်းရှိ တိုက်ခန်းတစ်ခု၏ ၄ လွှာရှိ အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာ တိုက်ခန်းအတွင်း၌ အသက် (၁၉)နှစ်အရွယ်ရှိ မြန်မာမိန်းကလေးငယ်တစ်ဦးအား စိတ်ကြွ ဆေးပြား ၁ဝဝဝဝ ပြားကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်းစိတ်ကြွဆေးပြားများအား အရောင်းအဝယ်ပြုလုပ်နေ သူဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

"ကျွန်တော်တို့ မြန်မာမိန်းကလေးတစ်ယောက် မူးယစ်ဆေးဝါးမှုနဲ့ဖမ်းခံထားရတယ်။ သတင်းကြားတာနဲ့ ရဲစခန်းကို လိုက်သွားခဲ့ပါတယ်။ ဖမ်းခံထားရတဲ့ကောင်မလေးနဲ့တော့ တွေ့ခွင့်မရသေးပါဘူး။ ရဲတွေပြောပုံအရ ဆိုရင် ကောင်မလေးက မူးယစ်ဆေးဝါးရောင်းတယ်လို့ ဝန်ခံထားတယ်တဲ့။ နောက်ပြီး ကောင်မလေးက ဒီမှာ တရားမဝင်နေထိုင်နေတာလို့လည်း သိရတယ်။ အခုအဖမ်းခံရတဲ့ မဟာချိုင်စျေးတစ်ဝိုက်က မူးယစ်ဆေးအများဆုံး သုံးပြီး အရောင်းအဝယ်လုပ်တဲ့နေရာပါ" ဟု မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်ကျော် က ပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာမိန်းကလေးငယ်အား ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေ၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုကြောင့် လူဝင်မှုကြီးကြပ်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူနိုင် ရန် စမွတ်စခေါင်ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ည ၈ နာရီ ၃ဝ မိနစ်ခန့်ကလည်း မဲဆောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ မြန်မာ နိုင်ငံသားနှစ်ဦး အရက်အတူသောက်နေစဥ် စကားများရန်ဖြစ်ရာမှ အသက်(၃၈)နှစ်အရွယ်သူက အသက်(၃၃)နှစ် အရွယ်ရှိသူ၏ လည်ပင်းအားချွန်ထက်သည့်အရာဖြင့်ထိုးခဲ့ရာ သေဆုံးသွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအား မဲဆောက်မြို့ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

Zawgyi Version;
မဟာခ်ိဳင္ၿမိဳ႕၌ တရားမဝင္ေနထိုင္သည့္ ျမန္မာမိန္းကေလးငယ္ မူးယစ္ေဆးဝါးေရာင္းဝယ္မႈျဖင့္ ဖမ္းဆီးခံရ
ေက်ာ္ (NP News) - ဒီဇင္ဘာ ၂၇

ထိုင္းႏိုင္ငံ၊ စမြတ္စခြန္ခ႐ိုင္၊မဟာခ်ိဳင္ၿမိဳ႕၌ တရားမဝင္ေနထိုင္သည့္ ျမန္မာမိန္းကေလးငယ္တစ္ဦး မူးယစ္ေဆးဝါး ေရာင္းဝယ္မႈျဖင့္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၅ ရက္ ေန႔လည္ပိုင္းက ဖမ္းဆီးခံခဲ့ရေၾကာင္း ျမန္မာအလုပ္သမားမ်ား အေရးကူညီေဆာင္႐ြက္ေပးေနသူမ်ားထံမွ သိရသည္။

အဆိုပါေန႔ ေန႔လည္ပိုင္းက စမြတ္စေခါင္ရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားသည္ မူးယစ္ေဆးဝါးေရာင္းဝယ္မႈရွိေနေၾကာင္း သတင္းအရ မဟာခ်ိဳင္ၿမိဳ႕၊ မဟာခ်ိဳင္ေစ်းအတြင္းရွိ တိုက္ခန္းတစ္ခု၏ ၄ လႊာရွိ အခန္းတစ္ခုအတြင္းသို႔ ဝင္ေရာက္ရွာေဖြ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။

ထိုသို႔စစ္ေဆးရာ တိုက္ခန္းအတြင္း၌ အသက္ (၁၉)ႏွစ္အ႐ြယ္ရွိ ျမန္မာမိန္းကေလးငယ္တစ္ဦးအား စိတ္ႂကြ ေဆးျပား ၁ဝဝဝဝ ျပားေက်ာ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ယင္းစိတ္ႂကြေဆးျပားမ်ားအား အေရာင္းအဝယ္ျပဳလုပ္ေန သူျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိခဲ့ရသည္။

"ကြၽန္ေတာ္တို႔ ျမန္မာမိန္းကေလးတစ္ေယာက္ မူးယစ္ေဆးဝါးမႈနဲ႔ဖမ္းခံထားရတယ္။ သတင္းၾကားတာနဲ႔ ရဲစခန္းကို လိုက္သြားခဲ့ပါတယ္။ ဖမ္းခံထားရတဲ့ေကာင္မေလးနဲ႔ေတာ့ ေတြ႕ခြင့္မရေသးပါဘူး။ ရဲေတြေျပာပုံအရ ဆိုရင္ ေကာင္မေလးက မူးယစ္ေဆးဝါးေရာင္းတယ္လို႔ ဝန္ခံထားတယ္တဲ့။ ေနာက္ၿပီး ေကာင္မေလးက ဒီမွာ တရားမဝင္ေနထိုင္ေနတာလို႔လည္း သိရတယ္။ အခုအဖမ္းခံရတဲ့ မဟာခ်ိဳင္ေစ်းတစ္ဝိုက္က မူးယစ္ေဆးအမ်ားဆုံး သုံးၿပီး အေရာင္းအဝယ္လုပ္တဲ့ေနရာပါ" ဟု ျမန္မာအလုပ္သမားမ်ားအေရး ကူညီေဆာင္႐ြက္ေပးေနသူ ကိုေက်ာ္ေက်ာ္ က ေျပာသည္။

မူးယစ္ေဆးဝါးေရာင္းဝယ္မႈျဖင့္ ဖမ္းဆီးခံခဲ့ရသည့္ ျမန္မာမိန္းကေလးငယ္အား ထိုင္းႏိုင္ငံ၏ မူးယစ္ေဆးဝါးဥပေဒ၊ ထိုင္းႏိုင္ငံအတြင္း တရားမဝင္ ဝင္ေရာက္ေနထိုင္မႈေၾကာင့္ လူဝင္မႈႀကီးၾကပ္ေရးဥပေဒတို႔ျဖင့္ အမႈဖြင့္အေရးယူႏိုင္ ရန္ စမြတ္စေခါင္ရဲစခန္း၌ ထိန္းသိမ္းထားေၾကာင္း သိရသည္။

ထို႔ျပင္ ယင္းေန႔ည ၈ နာရီ ၃ဝ မိနစ္ခန္႔ကလည္း မဲေဆာက္ၿမိဳ႕ရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခု၌ ျမန္မာ ႏိုင္ငံသားႏွစ္ဦး အရက္အတူေသာက္ေနစဥ္ စကားမ်ားရန္ျဖစ္ရာမွ အသက္(၃၈)ႏွစ္အ႐ြယ္သူက အသက္(၃၃)ႏွစ္ အ႐ြယ္ရွိသူ၏ လည္ပင္းအားခြၽန္ထက္သည့္အရာျဖင့္ထိုးခဲ့ရာ ေသဆုံးသြားခဲ့သျဖင့္ ျပစ္မႈက်ဴးလြန္သူအား မဲေဆာက္ၿမိဳ႕ရဲစခန္းတြင္ ဖမ္းဆီးထားေၾကာင္း သိရသည္။

© 2021. All rights reserved.