မြဝတီမြို့အနီးရှိ အွန်လိုင်းလောင်းကစားမှု နှင့် ငွေကြေးလိမ်လည်မှုများကို မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရန် ဆွေးနွေး

606
Pearl (NP News) - ဒီဇင်ဘာ ၂၈
မြဝတီမြို့အနီးရှိ အွန်လိုင်းလောင်းကစားမှု နှင့် ငွေကြေးလိမ်လည်မှုများကို မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်)တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ နစကဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မ တော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားမှု နှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့် ဆက်လက်တိုးမြှင့်ရန်အတွက် ဆွေးနွေးခဲ့သည်။
အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှု နှင့် ငွေကြေးလိမ်လည်မှုများ လုပ် ဆောင်လျက်ရှိသည့်အတွက် နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဆောင်ရွက်ရမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့အဆင် ပြေစေရန် နှစ်နိုင်ငံကြားနိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မည့်အခြေ အနေများ၊ လူသားချင်းစာနာထောက်ထားမှုနှင့် အကူ အညီပေးရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် နှင့် သတင်းအချက်အလက်အပြန်အလှန် ဖလှယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

zawgyi version
ျမဝတီၿမိဳ႕အနီးရွိ အြန္လိုင္းေလာင္းကစားမႈ ႏွင့္ ေငြေၾကးလိမ္လည္မႈမ်ားကို ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ ပူးေပါင္းတိုက္ဖ်က္ရန္ ေဆြးေႏြး
Pearl (NP News) - ဒီဇင္ဘာ ၂၈
ျမဝတီၿမိဳ႕အနီးရွိ အြန္လိုင္းေလာင္းကစားမႈ ႏွင့္ ေငြေၾကးလိမ္လည္မႈမ်ားကို ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ ပူးေပါင္းတိုက္ဖ်က္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ (ဒီဇင္ဘာလ ၂၇ ရက္)တြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ နစကဥကၠ႒ ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ထိုင္းဘုရင့္တပ္မ ေတာ္၊ ပူးေပါင္းစစ္ဆင္ေရး ၫႊန္ၾကားေရးမႉး Lieutenant General Jakkapong Janpengpen ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္ၾကား ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈ ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး၊ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး၊ အြန္လိုင္းေလာင္းကစားမႈ ႏွင့္ ေငြေၾကးလိမ္လည္မႈမ်ား တိုက္ဖ်က္ေရးဆိုင္ရာမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား ႏွင့္ ဆက္လက္တိုးျမႇင့္ရန္အတြက္ ေဆြးေႏြးခဲ့သည္။
အထူးသျဖင့္ ႏွစ္ႏိုင္ငံနယ္စပ္ ျမဝတီၿမိဳ႕အနီး၌ အြန္လိုင္းေလာင္းကစားမႈ ႏွင့္ ေငြေၾကးလိမ္လည္မႈမ်ား လုပ္ ေဆာင္လ်က္ရွိသည့္အတြက္ ႏွစ္ႏိုင္ငံပူးေပါင္းတိုက္ဖ်က္ေဆာင္႐ြက္ရမည့္အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အလားတူ နယ္စပ္ကုန္သြယ္မႈမ်ား လုံၿခဳံေခ်ာေမြ႕အဆင္ ေျပေစရန္ ႏွစ္ႏိုင္ငံၾကားႏိုင္ငံေရးအရ၊ တပ္မေတာ္ႏွစ္ရပ္အၾကား လုံၿခဳံေရးအရ ပူးေပါင္းေဆာင္႐ြက္မည့္အေျခ အေနမ်ား၊ လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ အကူ အညီေပးေရးဆိုင္ရာမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္ရန္ ႏွင့္ သတင္းအခ်က္အလက္အျပန္အလွန္ ဖလွယ္ေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။