ကျေးရွာနှစ်ရွာအား အုပ်ချုပ်ရသည့် အုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူတို့ကို PDF အဖွဲ့က သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့

7011

ကျော် (NP News) - ဒီဇင်ဘာ ၂၈
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာနှစ်ရွာအားအုပ်ချုပ်ရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူတို့အား PDF အဖွဲ့ဝင်များက ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြ ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် ၅ နာရီ ၃ဝ မိနစ်ခန့်က PDF အဖွဲ့ဝင်များသည် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၏ ရေတာ ကျေးရွာ နှင့် ကျေးပင်အင်ကျေးရွာတို့အား အုပ်ချုပ်ရသည့် ကျေးပင်အင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၏ နေအိမ်သို့ ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာပြီးနောက် နေအိမ်၌ရှိနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့်ဇနီးဖြစ်သူ ဒေါ်ခင်ဌေးမြင့် တို့အား သေနတ်ဖြင့် (၁ဝ)ချက်ခန့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
"အုပ်ချုပ်ရေးမှူးနဲ့ သူ့အမျိုးသမီးကို မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဝင်ပစ်သွားတာလို့သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတင်ထားတာတွေ့တယ်။ နောက်ပြီး အိမ်ထဲကနေ လက်နက်/ခဲယမ်းတွေလည်း တွေ့လို့ယူသွားတယ်ဆိုပြီးတော့လည်း တွေ့ပါတယ်။ လတ်တလော ရုပ်အလောင်းတွေက ဆေးရုံမှာပါ" ဟု အုတ်ဖိုမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦး က ပြောသည်။
PDF အဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းနိုင် နှင့် ၎င်း၏ ဇနီးဖြစ်သူဒေါ်ခင်ဌေးမြင့်တို့အား ပစ်ခတ် သတ်ဖြတ်ပြီးနောက် နေအိမ်အတွင်း မွှေနှောက်ရှာဖွေမှုများပြုလုပ်ရာ လက်ပစ် ဗုံး ၂ လုံး၊ အီနာဂါ ၁ လုံး၊ အီနာဂါပို့ ကျည် ၁ လုံး၊ ၅.၅၆ ကျည် ၆ တောင့်၊ စကားပြောစက် ၁ လုံးတို့ကို ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်

Zawgyi Version;
ေက်း႐ြာႏွစ္႐ြာအား အုပ္ခ်ဳပ္ရသည့္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ဇနီးျဖစ္သူတို႔ကို PDF အဖြဲ႕က ေသနတ္ျဖင့္ အခ်က္ေပါင္း မ်ားစြာ ပစ္ခတ္သတ္ျဖတ္ခဲ့
ေက်ာ္ (NP News) - ဒီဇင္ဘာ ၂၈
ပဲခူးတိုင္း၊ အုတ္ဖိုၿမိဳ႕နယ္ရွိ ေက်း႐ြာႏွစ္႐ြာအားအုပ္ခ်ဳပ္ရသည့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ဇနီးျဖစ္သူတို႔အား PDF အဖြဲ႕ဝင္မ်ားက ယေန႔ ဒီဇင္ဘာ ၂၈ ရက္ နံနက္ပိုင္းက ေသနတ္ျဖင့္ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္သတ္ျဖတ္ခဲ့ၾက ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယေန႔နံနက္ ၅ နာရီ ၃ဝ မိနစ္ခန္႔က PDF အဖြဲ႕ဝင္မ်ားသည္ အုတ္ဖိုၿမိဳ႕နယ္၊ ဝိုင္းေက်း႐ြာအုပ္စု၏ ေရတာ ေက်း႐ြာ ႏွင့္ ေက်းပင္အင္ေက်း႐ြာတို႔အား အုပ္ခ်ဳပ္ရသည့္ ေက်းပင္အင္ေက်း႐ြာေန ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးသန္းႏိုင္၏ ေနအိမ္သို႔ ေရာက္ရွိလာခဲ့ၾကေၾကာင္း သိရသည္။
ထိုသို႔ေရာက္ရွိလာၿပီးေနာက္ ေနအိမ္၌ရွိေနသည့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးသန္းႏိုင္ႏွင့္ဇနီးျဖစ္သူ ေဒၚခင္ေဌးျမင့္ တို႔အား ေသနတ္ျဖင့္ (၁ဝ)ခ်က္ခန္႔ ဝိုင္းဝန္းပစ္ခတ္ခဲ့ၾကသျဖင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ ဇနီးျဖစ္သူတို႔မွာ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိၿပီး အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
"အုပ္ခ်ဳပ္ေရးမႉးနဲ႔ သူ႔အမ်ိဳးသမီးကို ေျမေအာက္ေျပာက္က်ားတပ္ဖြဲ႕-အုတ္ဖိုက ဝင္ပစ္သြားတာလို႔သူတို႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာတင္ထားတာေတြ႕တယ္။ ေနာက္ၿပီး အိမ္ထဲကေန လက္နက္/ခဲယမ္းေတြလည္း ေတြ႕လို႔ယူသြားတယ္ဆိုၿပီးေတာ့လည္း ေတြ႕ပါတယ္။ လတ္တေလာ ႐ုပ္အေလာင္းေတြက ေဆး႐ုံမွာပါ" ဟု အုတ္ဖိုၿမိဳ႕နယ္အေျခစိုက္လူမႈကူညီေရးအသင္းဝင္တစ္ဦး က ေျပာသည္။
PDF အဖြဲ႕ဝင္မ်ားသည္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဦးသန္းႏိုင္ ႏွင့္ ၎၏ ဇနီးျဖစ္သူေဒၚခင္ေဌးျမင့္တို႔အား ပစ္ခတ္ သတ္ျဖတ္ၿပီးေနာက္ ေနအိမ္အတြင္း ေမႊေႏွာက္ရွာေဖြမႈမ်ားျပဳလုပ္ရာ လက္ပစ္ ဗုံး ၂ လုံး၊ အီနာဂါ ၁ လုံး၊ အီနာဂါပို႔ က်ည္ ၁ လုံး၊ ၅.၅၆ က်ည္ ၆ ေတာင့္၊ စကားေျပာစက္ ၁ လုံးတို႔ကို ယူေဆာင္သြားခဲ့ၾကေၾကာင္း သိရသည္။
ျဖစ္စဥ္မွ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးႏွင့္ဥပေဒအရ ထိေရာက္စြာအေရးယူႏိုင္ေရးတို႔အတြက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္