MNDAA အနေဖြင့် လောက်ကိုင်မြို့တွင်းရှိ တရုတ်နိုင်ငံသားအချို့ကို လူသားတံတိုင်းသဖွယ် အသုံးပြုနေကြောင်း နစကပြော

5020

မြူနစ် (NP News) - ဒီဇင်ဘာ ၃၁
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အနေဖြင့် လောက်ကိုင်မြို့တွင်းရှိ တရုတ်နိုင်ငံသားအချို့ကို လူသားတံတိုင်း သဖွယ်အသုံးပြုနေကြောင်း နစကပြောခွင့်ရက စွပ်စွဲပြောဆိုထားသည်။
နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် နိုင်ငံအတွင်းဖြစ်ပွားနေသည့်အခြေအနေများနှင့် ပတ်သက်၍ မီဒီယာများကို ရှင်းလင်းပြောဆိုရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အချို့သောသတင်းမီဒီယာများအနေဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားရန် ဦးတည်လုပ်ဆောင်မှု များရှိနေသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံအစိုးရတို့သည် နီးကပ်စွာပူးပေါင်းဆောင်ရွက် လျက်ရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
မြန်မာနိုင်ငံ၊ လောက်ကိုင်ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၁၂၃၁၆)ဦးကို နစကအစိုးရ အနေဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်အပ်နှံပေးထားကြောင်း သိရသည်။
“အားလုံးလည်း သိမြင်တဲ့အတိုင်း လောက်ကိုင်မြို့ မြို့တွင်းမှာဆိုရင် MNDAA ဟာ အရပ်ဝတ်တွေနဲ့ ဝင်ရောက် နေရာယူတာတွေ၊ လူနေအဆောက်အဦးတွေကို စစ်ရေးအရအသုံးပြုပြီး လူနေအဆောက်အဦးတွေကနေပြီး တပ်စခန်းတွေကို နှောင့်ယှက်ပစ်ခတ်တာတွေ နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ မိမိရဲ့တပ်တွေဟာ တပ်စခန်းတွေမှာပဲ ရှိပါတယ်။ မြို့တွင်းမှာတော့ MNDAA တချို့ ယူနီဖောင်းနဲ့ဖြစ်တယ်။ တချို့အရပ်ဝတ်နဲ့ နေထိုင်ပြီးတော့ တရုတ်နိုင်ငံသားတချို့ကို လူသားတံတိုင်းသဖွယ် အသုံးပြုနေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့နှစ်နိုင်ငံလုံးက ဂရုတစိုက်စောင့်ကြည့် တန်ပြန်ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု နစကပြောခွင့်ရက ဆိုသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း လောက်ကိုင်မြို့၊ တုံချိန်ဒေသရှိ Crown ဟိုတယ်ရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တရုတ် နိုင်ငံသားအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
“ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုမှာ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသားတချို့ကို သူတို့ရဲ့ Eao နယ်မြေထဲကို အခကြေးငွေယူပြီး ထွက်ပြေးတိမ်းရှောင် ဖုံးကွယ်ထားတဲ့သတင်းတွေကို ရရှိပါတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာတွေကို သတင်းပေးပို့ပြီး ဖြစ်ပါတယ်။ ဒီအွန်လိုင်းလိမ်လည်မှုကိစ္စဟာ ကျွန်တော်တို့ သိမြင်တာတွေ ထက်၊ ထင်ထားတာထက်အများကြီး ရှုပ်ထွေးတဲ့ နက်နဲတဲ့ ကိစ္စဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လောက်ကိုင်နယ်မြေအတွင်း၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည့်အတွက် တရုတ်လူမျိုးများအနေဖြင့် ဘေးကင်းရာသို့ အမြန်ဆုံးထွက်ခွာနိုင်ရေး ကြော်ငြာစာများ၊ လက်ကမ်းစာများ ဖြန့်ဝေခြင်းအပြင် အသံချဲ့စက်ဖြင့် ပါ လိုက်လံအသိပေးနှိုးဆော်မှုများကို နေ့စဉ်ဆောင်ရွက်နေကြောင်း နစကမှ ဆိုသည်။
လက်ရှိတွင် လောက်ကိုင်ဒေသအတွင်း၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် တပ်မတော်လုံခြုံရေးအဖွဲ့ တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။

Zawgyi Version;
MNDAA အေနျဖင့္ ေလာက္ကိုင္ၿမိဳ႕တြင္းရွိ တ႐ုတ္ႏိုင္ငံသားအခ်ိဳ႕ကို လူသားတံတိုင္းသဖြယ္ အသုံးျပဳေနေၾကာင္း နစကေျပာ
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၃၁
ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA အေနျဖင့္ ေလာက္ကိုင္ၿမိဳ႕တြင္းရွိ တ႐ုတ္ႏိုင္ငံသားအခ်ိဳ႕ကို လူသားတံတိုင္း သဖြယ္အသုံးျပဳေနေၾကာင္း နစကေျပာခြင့္ရက စြပ္စြဲေျပာဆိုထားသည္။
နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔တြင္ ႏိုင္ငံအတြင္းျဖစ္ပြားေနသည့္အေျခအေနမ်ားႏွင့္ ပတ္သက္၍ မီဒီယာမ်ားကို ရွင္းလင္းေျပာဆိုရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အခ်ိဳ႕ေသာသတင္းမီဒီယာမ်ားအေနျဖင့္ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံဆက္ဆံေရး ပ်က္ျပားရန္ ဦးတည္လုပ္ေဆာင္မႈ မ်ားရွိေနေသာ္လည္း လက္ရွိတြင္ ျမန္မာႏိုင္ငံအစိုးရႏွင့္ တ႐ုတ္ႏိုင္ငံအစိုးရတို႔သည္ နီးကပ္စြာပူးေပါင္းေဆာင္႐ြက္ လ်က္ရွိသည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
ျမန္မာႏိုင္ငံ၊ ေလာက္ကိုင္ေဒသသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ တ႐ုတ္ႏိုင္ငံသား (၁၂၃၁၆)ဦးကို နစကအစိုးရ အေနျဖင့္ တ႐ုတ္ႏိုင္ငံသို႔ ျပန္လည္အပ္ႏွံေပးထားေၾကာင္း သိရသည္။
“အားလုံးလည္း သိျမင္တဲ့အတိုင္း ေလာက္ကိုင္ၿမိဳ႕ ၿမိဳ႕တြင္းမွာဆိုရင္ MNDAA ဟာ အရပ္ဝတ္ေတြနဲ႔ ဝင္ေရာက္ ေနရာယူတာေတြ၊ လူေနအေဆာက္အဦးေတြကို စစ္ေရးအရအသုံးျပဳၿပီး လူေနအေဆာက္အဦးေတြကေနၿပီး တပ္စခန္းေတြကို ေႏွာင့္ယွက္ပစ္ခတ္တာေတြ ေန႔စဥ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ ဒီလိုေဆာင္႐ြက္တဲ့ေနရာမွာ ကြၽန္ေတာ္တို႔အေနနဲ႔ မိမိရဲ႕တပ္ေတြဟာ တပ္စခန္းေတြမွာပဲ ရွိပါတယ္။ ၿမိဳ႕တြင္းမွာေတာ့ MNDAA တခ်ိဳ႕ ယူနီေဖာင္းနဲ႔ျဖစ္တယ္။ တခ်ိဳ႕အရပ္ဝတ္နဲ႔ ေနထိုင္ၿပီးေတာ့ တ႐ုတ္ႏိုင္ငံသားတခ်ိဳ႕ကို လူသားတံတိုင္းသဖြယ္ အသုံးျပဳေနတာျဖစ္ပါတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံလုံးက ဂ႐ုတစိုက္ေစာင့္ၾကည့္ တန္ျပန္ပူးေပါင္း ေဆာင္႐ြက္ရမွာျဖစ္ပါတယ္” ဟု နစကေျပာခြင့္ရက ဆိုသည္။
ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း ေလာက္ကိုင္ၿမိဳ႕၊ တုံခ်ိန္ေဒသရွိ Crown ဟိုတယ္ေရွ႕၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ တ႐ုတ္ ႏိုင္ငံသားအခ်ိဳ႕ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
“ဒါ့အျပင္ အြန္လိုင္းလိမ္လည္မႈမွာ ပတ္သက္ေနတဲ့ တ႐ုတ္ႏိုင္ငံသားတခ်ိဳ႕ကို သူတို႔ရဲ႕ Eao နယ္ေျမထဲကို အခေၾကးေငြယူၿပီး ထြက္ေျပးတိမ္းေရွာင္ ဖုံးကြယ္ထားတဲ့သတင္းေတြကို ရရွိပါတယ္။ ကြၽန္ေတာ္တို႔လည္း သက္ဆိုင္ရာေတြကို သတင္းေပးပို႔ၿပီး ျဖစ္ပါတယ္။ ဒီအြန္လိုင္းလိမ္လည္မႈကိစၥဟာ ကြၽန္ေတာ္တို႔ သိျမင္တာေတြ ထက္၊ ထင္ထားတာထက္အမ်ားႀကီး ရႈပ္ေထြးတဲ့ နက္နဲတဲ့ ကိစၥျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ေလာက္ကိုင္နယ္ေျမအတြင္း၌ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေနသည့္အတြက္ တ႐ုတ္လူမ်ိဳးမ်ားအေနျဖင့္ ေဘးကင္းရာသို႔ အျမန္ဆုံးထြက္ခြာႏိုင္ေရး ေၾကာ္ျငာစာမ်ား၊ လက္ကမ္းစာမ်ား ျဖန႔္ေဝျခင္းအျပင္ အသံခ်ဲ႕စက္ျဖင့္ ပါ လိုက္လံအသိေပးႏႈိးေဆာ္မႈမ်ားကို ေန႔စဥ္ေဆာင္႐ြက္ေနေၾကာင္း နစကမွ ဆိုသည္။
လက္ရွိတြင္ ေလာက္ကိုင္ေဒသအတြင္း၌ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ႏွင့္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ တို႔ၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနလ်က္ရွိသည္။