မနက်ဖြန်ဖွင့်လှစ်မည့် (၅၈)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်(၅)ဘီလျံကျော်ရရှိခဲ့

3594

ယွန်း (NP News) - ဒီဇင်ဘာ ၃၁
မနက်ဖြန်(ဇန်နဝါရီလ ၁ ရက်) တွင် ဖွင့်လှစ်မည့် (၅၈)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်(၅)ဘီလျံကျော် ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ယနေ့(ဒီဇင်ဘာ ၃၁ ရက်) ထုတ် နိုင်ငံပိုင် သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်တွင် ကျင်းပမည့်(၅၈)ကြိမ်မြောက် ကျပ်(၁ဝဝဝ)တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲ အတွက် “က” အက္ခရာမှ အစဥ်လိုက် “ဈ” အက္ခရာအထိ စုစုပေါင်းအက္ခရာ(၉)လုံးအပေါ်မှ (၇၅)ရာခိုင်နှုန်းဖြစ် သော ထီစာအုပ်(၅၅၂၂၇၆) ကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထီလက်မှတ်ရောင်းရငွေမှာ ကျပ်(၅၅၂၂ ဒသမ ၈) သန်းရရှိခဲ့ပြီး ၇ဝ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည်ဖြစ် သောကြောင့် ငွေကျပ်(၃၈၆၅ ဒသမ ၉) သန်းကို ထီဆုငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
အဆိုပါ ၇ဝ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများအပြင် ဘဏ္ဍာသိမ်းရငွေ ကျပ် (၂၄၂ ဒသမ ၅) သန်းကို လည်း ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(၅၈) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်မည့် အထူးဆုသည် ငွေကျပ်သိန်း (၅ဝဝဝ) တစ်ဆု၊ ငွေကျပ်သိန်း(၂ဝဝဝ) တစ်ဆုနှင့် ကျပ်သိန်း(၁ဝဝဝ)တစ်ဆုဖြစ်ကြောင်း သိရသည်။
ထို့ပြင် (၅၈)ကြိမ်မြောက် အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကိုလည်း ဇန်နဝါရီ(၁)ရက်တွင် သီးခြားဖွင့်လှစ် သွားမည်ဖြစ်ပြီး ထီလက်မှတ်များကို အွန်လိုင်းသိန်းဆုထီလက်မှတ်များ၏ စုစုပေါင်း ရောင်းရငွေအပေါ်မှ ၇ဝ ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ခွဲဝေ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို လာမည့်(ဇန်နဝါရီ ၁ ရက်)၊ နံနက်(၈)နာရီအချိန်တွင် ကျင်းပသွားမည် ဖြစ်ပြီး အောင်ဘာလေအွန်လိုင်း သိန်းဆုထီဖွင့်ပွဲကို နံနက် (၁ဝ) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မနက္ျဖန္ဖြင့္လွစ္မည့္ (၅၈)ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုထီအတြက္ ထီလက္မွတ္ေရာင္းရေငြ က်ပ္(၅)ဘီလ်ံေက်ာ္ရရွိခဲ့
ယြန္း (NP News) - ဒီဇင္ဘာ ၃၁
မနက္ျဖန္(ဇန္နဝါရီလ ၁ ရက္) တြင္ ဖြင့္လွစ္မည့္ (၅၈)ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုထီအတြက္ ထီလက္မွတ္ေရာင္းရေငြ က်ပ္(၅)ဘီလ်ံေက်ာ္ ရရွိခဲ့ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနထံမွ သိရသည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ယေန႔(ဒီဇင္ဘာ ၃၁ ရက္) ထုတ္ ႏိုင္ငံပိုင္ သတင္းစာတြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
၂ဝ၂၄ ခုႏွစ္၊ ဇန္နဝါရီ(၁)ရက္တြင္ က်င္းပမည့္(၅၈)ႀကိမ္ေျမာက္ က်ပ္(၁ဝဝဝ)တန္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲ အတြက္ “က” အကၡရာမွ အစဥ္လိုက္ “ဈ” အကၡရာအထိ စုစုေပါင္းအကၡရာ(၉)လုံးအေပၚမွ (၇၅)ရာခိုင္ႏႈန္းျဖစ္ ေသာ ထီစာအုပ္(၅၅၂၂၇၆) ကို ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ထီလက္မွတ္ေရာင္းရေငြမွာ က်ပ္(၅၅၂၂ ဒသမ ၈) သန္းရရွိခဲ့ၿပီး ၇ဝ ရာခိုင္ႏႈန္း ခြဲေဝခ်ီးျမႇင့္ေပးမည္ျဖစ္ ေသာေၾကာင့္ ေငြက်ပ္(၃၈၆၅ ဒသမ ၉) သန္းကို ထီဆုေငြအျဖစ္ ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ေၾကညာခ်က္အရ သိရသည္။
အဆိုပါ ၇ဝ ရာခိုင္ႏႈန္း ခြဲေဝခ်ီးျမႇင့္ေပးမည့္ ထီဆုေငြမ်ားအျပင္ ဘ႑ာသိမ္းရေငြ က်ပ္ (၂၄၂ ဒသမ ၅) သန္းကို လည္း ထည့္သြင္းခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
(၅၈) ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲတြင္ အျမင့္ဆုံးေပးအပ္မည့္ အထူးဆုသည္ ေငြက်ပ္သိန္း (၅ဝဝဝ) တစ္ဆု၊ ေငြက်ပ္သိန္း(၂ဝဝဝ) တစ္ဆုႏွင့္ က်ပ္သိန္း(၁ဝဝဝ)တစ္ဆုျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ (၅၈)ႀကိမ္ေျမာက္ ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီဖြင့္ပြဲကိုလည္း ဇန္နဝါရီ(၁)ရက္တြင္ သီးျခားဖြင့္လွစ္ သြားမည္ျဖစ္ၿပီး ထီလက္မွတ္မ်ားကို အြန္လိုင္းသိန္းဆုထီလက္မွတ္မ်ား၏ စုစုေပါင္း ေရာင္းရေငြအေပၚမွ ၇ဝ ရာခိုင္ႏႈန္းအား ဆုမဲအျဖစ္ ျပန္လည္ခြဲေဝ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲကို လာမည့္(ဇန္နဝါရီ ၁ ရက္)၊ နံနက္(၈)နာရီအခ်ိန္တြင္ က်င္းပသြားမည္ ျဖစ္ၿပီး ေအာင္ဘာေလအြန္လိုင္း သိန္းဆုထီဖြင့္ပြဲကို နံနက္ (၁ဝ) နာရီအခ်ိန္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။