နှစ်ပေါင်း ၅၂ နှစ်ကျော်ကြာ စိုးစံခဲ့ပြီးနောက် ထီးနန်းအရိုက်အရာကို စွန့်လွှတ်တော့မယ့် ဒိန်းမတ်ဘုရင်မကြီး

2287

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁
ဥရောပတိုက်မှာ နန်းစံတဲ့သက်တမ်းအကြာဆုံး ဘုရင်မကြီးအဖြစ် သတ်မှတ်ခံထားရတဲ့ ဒိန်းမတ်ဘုရင်မကြီးဟာ ဇန်နဝါရီလအတွင်းမှာထီးနန်းကို စွန့်လွှတ်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒိန်းမတ်ဘုရင်မကြီး Queen Margrethe II ဟာ ဒိန်းမတ်ဘုရင်ထီးနန်းကို ၁၉၇၂ ခုနှစ်ကတည်းက စတင်စိုးစံခဲ့ပြီး နှစ်ပေါင်း ၅၂ ကျော်ကြာ ထီးနန်းစိုးစံခဲ့ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်မှာ ထီးနန်းစိုးစံမှုတွေကို စွန့်လွှတ်သွားမှာ ဖြစ်ပါတယ်။ ဒိန်းမတ်ဘုရင်မကြီးဟာ ဒိန်းမတ်နိုင်ငံ ထီးနန်းအရိုက်အရာကို သားအကြီးဆုံးဖြစ်သူ အိမ်ရှေ့မင်းသား Frederik က ဆက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဘုရင်မကြီးဟာ နှစ်သစ်ကူးမိန့်ခွန်းပြောဆိုချိန်အတွင်း ထီးနန်းစွန့်လွှတ်မယ့်အကြောင်းကို အံအားသင့်ဖွယ် ကြေညာသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒိန်းမတ်ဘုရင်မကြီးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ကျောကုန်းကို ခွဲစိတ်ကုသခဲ့ရာ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။
အသက် ၈၃ နှစ်အရွယ်ရှိ ဒိန်းမတ်ဘုရင်မကြီးက "ကျွန်မဟာ ထီးနန်း စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မဟာ ထီးနန်းကို ၅၂ နှစ်ကြာ စိုးစံခဲ့ပြီးနောက် သားကြီးဖြစ်သူကို ထီးနန်း လွှဲပြောင်းပေးသွားမယ်။ ကျွန်မဟာ ဇန်နဝါရီ ၁၄ ရက်မှာ ဒိန်းမတ်ဘုရင်မအဖြစ်က နှုတ်ထွက်တော့မယ်" လို့ ပြောပါတယ်။
ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရီဒါရစ်ဆန်က ဘုရင်မကြီးဟာ သူမရဲ့ဘဝတစ်လျှောက်လုံး နိုင်ငံတာဝန်တွေကို အပြည့်အဝထမ်းဆောင်ခဲ့လို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ၁၉၄ဝ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဒိန်းမတ် ဘုရင်မကြီးဟာ ဥရောပတိုက်တဝှမ်းရှိ နိုင်ငံတွေရဲ့ဘုရင်စနစ်တွေမှာ ထီးနန်းစိုးစံမှု သက်တမ်းအကြာဆုံး ဘုရင်မကြီးအဖြစ် လက်ရှိအချိန်အထိ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

Zawgyi Version;
ႏွစ္ေပါင္း ၅၂ ႏွစ္ေက်ာ္ၾကာ စိုးစံခဲ့ၿပီးေနာက္ ထီးနန္းအ႐ိုက္အရာကို စြန႔္လႊတ္ေတာ့မယ့္ ဒိန္းမတ္ဘုရင္မႀကီး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁
ဥေရာပတိုက္မွာ နန္းစံတဲ့သက္တမ္းအၾကာဆုံး ဘုရင္မႀကီးအျဖစ္ သတ္မွတ္ခံထားရတဲ့ ဒိန္းမတ္ဘုရင္မႀကီးဟာ ဇန္နဝါရီလအတြင္းမွာထီးနန္းကို စြန႔္လႊတ္သြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။
ဒိန္းမတ္ဘုရင္မႀကီး Queen Margrethe II ဟာ ဒိန္းမတ္ဘုရင္ထီးနန္းကို ၁၉၇၂ ခုႏွစ္ကတည္းက စတင္စိုးစံခဲ့ၿပီး ႏွစ္ေပါင္း ၅၂ ေက်ာ္ၾကာ ထီးနန္းစိုးစံခဲ့ၿပီးေနာက္ ဇန္နဝါရီလ ၁၄ ရက္မွာ ထီးနန္းစိုးစံမႈေတြကို စြန႔္လႊတ္သြားမွာ ျဖစ္ပါတယ္။ ဒိန္းမတ္ဘုရင္မႀကီးဟာ ဒိန္းမတ္ႏိုင္ငံ ထီးနန္းအ႐ိုက္အရာကို သားအႀကီးဆုံးျဖစ္သူ အိမ္ေရွ႕မင္းသား Frederik က ဆက္ခံသြားမွာျဖစ္ေၾကာင္း သိရပါတယ္။
ဘုရင္မႀကီးဟာ ႏွစ္သစ္ကူးမိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း ထီးနန္းစြန႔္လႊတ္မယ့္အေၾကာင္းကို အံအားသင့္ဖြယ္ ေၾကညာသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ဒိန္းမတ္ဘုရင္မႀကီးဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလအတြင္း ေက်ာကုန္းကို ခြဲစိတ္ကုသခဲ့ရာ ေအာင္ျမင္ခဲ့ေၾကာင္း သိရပါတယ္။
အသက္ ၈၃ ႏွစ္အ႐ြယ္ရွိ ဒိန္းမတ္ဘုရင္မႀကီးက "ကြၽန္မဟာ ထီးနန္း စြန႔္လႊတ္ဖို႔ ဆုံးျဖတ္ခဲ့တယ္။ ကြၽန္မဟာ ထီးနန္းကို ၅၂ ႏွစ္ၾကာ စိုးစံခဲ့ၿပီးေနာက္ သားႀကီးျဖစ္သူကို ထီးနန္း လႊဲေျပာင္းေပးသြားမယ္။ ကြၽန္မဟာ ဇန္နဝါရီ ၁၄ ရက္မွာ ဒိန္းမတ္ဘုရင္မအျဖစ္က ႏႈတ္ထြက္ေတာ့မယ္" လို႔ ေျပာပါတယ္။
ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ မက္တီ ဖရီဒါရစ္ဆန္က ဘုရင္မႀကီးဟာ သူမရဲ႕ဘဝတစ္ေလွ်ာက္လုံး ႏိုင္ငံတာဝန္ေတြကို အျပည့္အဝထမ္းေဆာင္ခဲ့လို႔ ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။ ၁၉၄ဝ ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ ဒိန္းမတ္ ဘုရင္မႀကီးဟာ ဥေရာပတိုက္တဝွမ္းရွိ ႏိုင္ငံေတြရဲ႕ဘုရင္စနစ္ေတြမွာ ထီးနန္းစိုးစံမႈ သက္တမ္းအၾကာဆုံး ဘုရင္မႀကီးအျဖစ္ လက္ရွိအခ်ိန္အထိ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။