YBS ယာဉ်များပေါ်ရှိ ငွေပေးချေသည့်စက်အား ပိတ်ထားသည့် ယာဉ်မောင်းများကို ထုတ်ပယ်သည်အထိ အရေးယူနေဟုဆို

2526
စော (NP News) - ဇန်နဝါရီ ၁
YBS ယာဉ်များပေါ်ရှိ ငွေပေးချေသည့်စက်အား ပိတ်ထားသည့် ယာဉ်မောင်းများကို ထုတ်ပယ်သည်အထိ အရေးယူနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။
YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ယခုရက်ပိုင်းအတွင်း YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
YPS ကတ်ကို အသုံးပြု၍ ယာဉ်စီးခပေးချေနိုင်သည့် ယာဉ်လိုင်းပေါင်း (၉၅) လိုင်းရှိပြီး ယာဉ်အစီးရေပေါင်း (၃၈၀၀)ခန့်ရှိကြောင်း သိရသည်။
သို့သော် အချို့သော YBS ယာဉ်မောင်းများသည် စက်များကို ပိတ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်များဖြင့် စွပ်ခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့် ၎င်းယာဉ်မောင်းများကို YRTC အနေဖြင့် ထုတ်ပယ်လျက်ရှိကြောင်း သိရသည်။
“စက်ပိတ်တာတို့ ကြွပ်ကြွပ်အိတ်စွပ်တာတို့ရှိပါတယ်။ အဲဒီယာဉ်မောင်းတွေကို ထုတ်ပယ်ပြီးတော့ အရေးယူလျက်ရှိပါတယ်”ဟု YRTC မှတွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။
ထို့ကြောင့် YBS စီးနင်းသူများအနေဖြင့်လည်း စက်များကို ပိတ်ထားခြင်းနှင့် ကြွပ်ကြွပ်အိတ်များစွပ်ထားပါက တိုင်တန်းရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းထားသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ ယာဉ်လိုင်းပေါင်း (၁၃၂)လိုင်းပြေးဆွဲလျက်ရှိပြီး လိုက်ပါစီးနင်းသည့် ခရီးသည်အရေအတွက်သည် (၁ ဒသမ ၅)သန်းရှိကြောင်း သိရသည်။

zawgyi version
YBS ယာဥ္မ်ားေပၚရွိ ေငြေပးေခ်သည့္စက္အား ပိတ္ထားသည့္ ယာဥ္ေမာင္းမ်ားကို ထုတ္ပယ္သည္အထိ အေရးယူနေဟုဆို
ေစာ (NP News) - ဇန္နဝါရီ ၁
YBS ယာဥ္မ်ားေပၚရွိ ေငြေပးေခ်သည့္စက္အား ပိတ္ထားသည့္ ယာဥ္ေမာင္းမ်ားကို ထုတ္ပယ္သည္အထိ အေရးယူေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC) ထံမွ သိရသည္။
YRTC မွတြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ယခုရက္ပိုင္းအတြင္း YRTC ႐ုံးခ်ဳပ္၌ က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
YPS ကတ္ကို အသုံးျပဳ၍ ယာဥ္စီးခေပးေခ်ႏိုင္သည့္ ယာဥ္လိုင္းေပါင္း (၉၅) လိုင္းရွိၿပီး ယာဥ္အစီးေရေပါင္း (၃၈၀၀)ခန႔္ရွိေၾကာင္း သိရသည္။
သို႔ေသာ္ အခ်ိဳ႕ေသာ YBS ယာဥ္ေမာင္းမ်ားသည္ စက္မ်ားကို ပိတ္ျခင္းႏွင့္ ႂကြပ္ႂကြပ္အိတ္မ်ားျဖင့္ စြပ္ျခင္းမ်ား ျပဳလုပ္လ်က္ရွိျခင္းေၾကာင့္ ၎ယာဥ္ေမာင္းမ်ားကို YRTC အေနျဖင့္ ထုတ္ပယ္လ်က္ရွိေၾကာင္း သိရသည္။
“စက္ပိတ္တာတို႔ ႂကြပ္ႂကြပ္အိတ္စြပ္တာတို႔ရွိပါတယ္။ အဲဒီယာဥ္ေမာင္းေတြကို ထုတ္ပယ္ၿပီးေတာ့ အေရးယူလ်က္ရွိပါတယ္”ဟု YRTC မွတြဲဖက္ အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ေျပာသည္။
ထို႔ေၾကာင့္ YBS စီးနင္းသူမ်ားအေနျဖင့္လည္း စက္မ်ားကို ပိတ္ထားျခင္းႏွင့္ ႂကြပ္ႂကြပ္အိတ္မ်ားစြပ္ထားပါက တိုင္တန္းရန္ လိုအပ္ေၾကာင္း ၎က တိုက္တြန္းထားသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၌ ယာဥ္လိုင္းေပါင္း (၁၃၂)လိုင္းေျပးဆြဲလ်က္ရွိၿပီး လိုက္ပါစီးနင္းသည့္ ခရီးသည္အေရအတြက္သည္ (၁ ဒသမ ၅)သန္းရွိေၾကာင္း သိရသည္။