တောင်ကိုရီးယားနိုင်ငံမှာ ၂ဝ၂၇ ခုနှစ်ကစတင်ပြီး ခွေးသား စားသုံး၊ရောင်းချခြင်းတွေကို တရားဝင်ပိတ်ပင်သွားမယ်

 835

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၉

‌တောင်ကိုရီးနိုင်ငံမှာ လာမယ့် ၂၀၂၇ ခုနှစ်က စတင်ပြီး ခွေးသားတွေကို စားသုံးခြင်း၊ ရောင်းချခြင်းများကို တရားဝင်ပိတ်ပင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

တောင်ကိုရီးယားလွှတ်တော်မှာ ခွေးသားရောင်းချ၊ စားသုံးခြင်းတွေကို အဆုံးသတ်စေမယ့် ဥပဒေမူကြမ်းကို ဆွေးနွေးခဲ့ပြီးနောက် ပိတ်ပင်သွားဖို့ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ခွေးသားရောင်းချ၊ စားသုံးခြင်းကို ပိတ်ပင်မယ့်ဥပဒေမူကြမ်းကို လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် အားလုံးကန့်ကွက်သူ မရှိဘဲ ၂ဝ၈ မဲ - ဝ မဲနဲ့ အတည်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယားလွှတ်တော်က ခွင့်ပြုလိုက်တဲ့အတွက် နိုင်ငံအတွင်း ခွေးသားရောင်းချ၊ စားသုံးခြင်းတွေကို တားမြစ်မယ့်ဥပဒေကို သမ္မတယွန်ဆက်ယိုလ်ကိုယ်တိုင် လက်မှတ်ရေးထိုးသွားဖွယ်ရှိနေပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ခွေးသား စားသုံး၊ရောင်းချခြင်းတွေကို တားမြစ်ပိတ်ပင်မယ့်အစီအစဉ်တွေ ထွက်ပေါ် လာပြီးနောက်ပိုင်းကတည်းက ကန့်ကွက်သူတွေရှိခဲ့ကြောင်း သိရပါတယ်။ ဥပဒေအသစ်အရ ခွေးတွေကို စားသုံးဖို့ သတ်ဖြတ်ခြင်း၊ ရောင်းချခြင်း၊ တရားမဝင် မွေးမြူခြင်းများ လုပ်ဆောင်မယ်ဆိုရင် ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ဝမ်ငွေကြေး သန်း ၃ဝ ပေးဆောင်ရမယ်လို့ သတ်မှတ်ဖော်ပြထားပါတယ်။ ခွေးတွေကိုရောင်းချတဲ့ စီးပွားရေး လုပ်ငန်းရှင်များက အဆိုပါဥပဒေကိုကျေနပ်နှစ်သက်မှုမရှိဘဲ ဆန္ဒပြပွဲများလုပ်ဆောင်ဖွယ်ရှိနေပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို အယူခံတင်သွင်းဖွယ်ရှိနေကြောင်း သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ခွေးသားတွေကို သတ်ဖြတ်စားသောက်တဲ့အလေ့ထနဲ့ပတ်သက်ပြီး မကြာခဏ ဝေဖန်ပြစ်တင်ခံရပြီးနောက် အခုလိုမျိုး နိုင်ငံအတွင်း ခွေးသား ရောင်းချစားသုံးခြင်းတွေကို ပိတ်ပင်ဖို့ စီစဉ်လာခဲ့ တာဖြစ်ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားႏိုင္ငံမွာ ၂ဝ၂၇ ခုႏွစ္ကစတင္ၿပီး ေခြးသား စားသုံး၊ေရာင္းခ်ျခင္းေတြကို တရားဝင္ပိတ္ပင္သြားမယ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၉

‌ေတာင္ကိုရီးႏိုင္ငံမွာ လာမယ့္ ၂၀၂၇ ခုႏွစ္က စတင္ၿပီး ေခြးသားေတြကို စားသုံးျခင္း၊ ေရာင္းခ်ျခင္းမ်ားကို တရားဝင္ပိတ္ပင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ေတာင္ကိုရီးယားလႊတ္ေတာ္မွာ ေခြးသားေရာင္းခ်၊ စားသုံးျခင္းေတြကို အဆုံးသတ္ေစမယ့္ ဥပေဒမူၾကမ္းကို ေဆြးေႏြးခဲ့ၿပီးေနာက္ ပိတ္ပင္သြားဖို႔ခြင့္ျပဳခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါ ေခြးသားေရာင္းခ်၊ စားသုံးျခင္းကို ပိတ္ပင္မယ့္ဥပေဒမူၾကမ္းကို လႊတ္ေတာ္အတြင္း မဲခြဲဆုံးျဖတ္ခဲ့ရာ လႊတ္ေတာ္ကိုယ္စားလွယ္ အားလုံးကန႔္ကြက္သူ မရွိဘဲ ၂ဝ၈ မဲ - ဝ မဲနဲ႔ အတည္ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။

ေတာင္ကိုရီးယားလႊတ္ေတာ္က ခြင့္ျပဳလိုက္တဲ့အတြက္ ႏိုင္ငံအတြင္း ေခြးသားေရာင္းခ်၊ စားသုံးျခင္းေတြကို တားျမစ္မယ့္ဥပေဒကို သမၼတယြန္ဆက္ယိုလ္ကိုယ္တိုင္ လက္မွတ္ေရးထိုးသြားဖြယ္ရွိေနပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံမွာ ေခြးသား စားသုံး၊ေရာင္းခ်ျခင္းေတြကို တားျမစ္ပိတ္ပင္မယ့္အစီအစဥ္ေတြ ထြက္ေပၚ လာၿပီးေနာက္ပိုင္းကတည္းက ကန႔္ကြက္သူေတြရွိခဲ့ေၾကာင္း သိရပါတယ္။ ဥပေဒအသစ္အရ ေခြးေတြကို စားသုံးဖို႔ သတ္ျဖတ္ျခင္း၊ ေရာင္းခ်ျခင္း၊ တရားမဝင္ ေမြးျမဴျခင္းမ်ား လုပ္ေဆာင္မယ္ဆိုရင္ ေထာင္ဒဏ္ သုံးႏွစ္ ဒါမွမဟုတ္ ဝမ္ေငြေၾကး သန္း ၃ဝ ေပးေဆာင္ရမယ္လို႔ သတ္မွတ္ေဖာ္ျပထားပါတယ္။ ေခြးေတြကိုေရာင္းခ်တဲ့ စီးပြားေရး လုပ္ငန္းရွင္မ်ားက အဆိုပါဥပေဒကိုေက်နပ္ႏွစ္သက္မႈမရွိဘဲ ဆႏၵျပပြဲမ်ားလုပ္ေဆာင္ဖြယ္ရွိေနၿပီး ဖြဲ႕စည္းပုံအေျခခံ ဥပေဒခုံ႐ုံးကို အယူခံတင္သြင္းဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံဟာ ေခြးသားေတြကို သတ္ျဖတ္စားေသာက္တဲ့အေလ့ထနဲ႔ပတ္သက္ၿပီး မၾကာခဏ ေဝဖန္ျပစ္တင္ခံရၿပီးေနာက္ အခုလိုမ်ိဳး ႏိုင္ငံအတြင္း ေခြးသား ေရာင္းခ်စားသုံးျခင္းေတြကို ပိတ္ပင္ဖို႔ စီစဥ္လာခဲ့ တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.