ကရင်ပြည်နယ်တွင် ဇန်နဝါရီလပထမပတ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် သီလရှင်နှစ်ပါးနှင့် အမျိုးသားတစ်ဦးဒဏ်ရာရခဲ့

527
ကျော်(NP News) - ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင် ဇန်နဝါရီလ ပထမပတ်အတွင်း၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများကြောင့် သီလရှင်နှစ်ပါး နှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများ နှင့် KNU ဗဟိုတို့ထံမှ သိရသည်။

ဖြစ်စဥ်များတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်၊ နံနက် ၁၁ နာရီခွဲကျော်ခန့်က ကျုံဒိုးမြို့နယ်၊ ကော့ဝါလဲကျေးရွာရှိ အေးချမ်းသာယာတောရကျောင်း၏ နှစ်ထပ်ကျောင်းဆောင်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ထပ်ကျောင်းဆောင်ပျက်စီးခဲ့ပြီး အသက် (၁၃)နှစ်အရွယ်နှင့်အသက်(၁၆)နှစ်အရွယ်ရှိ သီလရှင်နှစ်ပါးတွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ကျုံဒိုးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
"လက်နက်ကြီးပစ်ခတ်တာတွေရှိတယ်။ ၇ ရက်နေ့ကဖြစ်စဥ်မှာဆိုရင် သီလရှင်လေးနှစ်ပါးဒဏ်ရာရတယ်။ အခင်းဖြစ်တဲ့ အေး ချမ်းသာယာကျောင်းကနေသွားခေါ်ပြီး ဆေးရုံကိုပို့ပေးခဲ့ပါတယ်။ အခုဆေးရုံမှာပဲဆေးကုသမှုခံယူနေကြပါတယ်။ စိုးရိမ်စရာတော့မရှိပါဘူး"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက NP News ကိုပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်၊ မွန်းတည့် ၁၂ နာရီခန့်ကလည်း ကျုံဒိုးမြို့နယ်၊ ဝိတ်ဇာကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့်နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်း၏ စောင်းတန်းနှင့် သိမ်တစ်လုံး၊ နေအိမ်တစ်လုံး၏ အိမ်အရှေ့ဘက်ခြမ်းတို့ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းမှ အသက်(၇၀)နှစ်ကျော်ရှိ အမျိုးသားကြီးတစ်ဦးတွင်လည်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျည်စထိမှန်ခဲ့သူအား ဒေသခံလူမှုကူညီရေးအသင်းဝင်များက ကျုံဒိုးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသဖြင့် လက်ရှိအချိန်၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

zawgyi version
ကရင္ျပည္နယ္တြင္ ဇန္နဝါရီလပထမပတ္အတြင္း လက္နက္ ႀကီးက်ေရာက္ေပါက္ကြဲမႈမ်ားေၾကာင့္ သီလရွင္ႏွစ္ပါးႏွင့္ အမ်ိဳးသားတစ္ဦးဒဏ္ရာရခဲ့
ေက်ာ္(NP News) - ဇန္နဝါရီ ၁၀
ကရင္ျပည္နယ္၊ က်ဳံဒိုးၿမိဳ႕နယ္တြင္ ဇန္နဝါရီလ ပထမပတ္အတြင္း၌ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈမ်ားေၾကာင့္ သီလရွင္ႏွစ္ပါး ႏွင့္ အမ်ိဳးသားတစ္ဦးတို႔ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ား ႏွင့္ KNU ဗဟိုတို႔ထံမွ သိရသည္။
ျဖစ္စဥ္မ်ားတြင္ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၇ ရက္၊ နံနက္ ၁၁ နာရီခြဲေက်ာ္ခန္႔က က်ဳံဒိုးၿမိဳ႕နယ္၊ ေကာ့ဝါလဲေက်း႐ြာရွိ ေအးခ်မ္းသာယာေတာရေက်ာင္း၏ ႏွစ္ထပ္ေက်ာင္းေဆာင္ေပၚသို႔ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ႏွစ္ထပ္ေက်ာင္းေဆာင္ပ်က္စီးခဲ့ၿပီး အသက္ (၁၃)ႏွစ္အ႐ြယ္ႏွင့္အသက္(၁၆)ႏွစ္အ႐ြယ္ရွိ သီလရွင္ႏွစ္ပါးတြင္ လက္နက္ႀကီးက်ည္စထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ က်ဳံဒိုးၿမိဳ႕ျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။
"လက္နက္ႀကီးပစ္ခတ္တာေတြရွိတယ္။ ၇ ရက္ေန႔ကျဖစ္စဥ္မွာဆိုရင္ သီလရွင္ေလးႏွစ္ပါးဒဏ္ရာရတယ္။ အခင္းျဖစ္တဲ့ ေအး ခ်မ္းသာယာေက်ာင္းကေနသြားေခၚၿပီး ေဆး႐ုံကိုပို႔ေပးခဲ့ပါတယ္။ အခုေဆး႐ုံမွာပဲေဆးကုသမႈခံယူေနၾကပါတယ္။ စိုးရိမ္စရာေတာ့မရွိပါဘူး"ဟု ေဒသခံလူမႈကူညီေရးအသင္းဝင္တစ္ဦးက NP News ကိုေျပာသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၅ ရက္၊ မြန္းတည့္ ၁၂ နာရီခန္႔ကလည္း က်ဳံဒိုးၿမိဳ႕နယ္၊ ဝိတ္ဇာကုန္းေက်း႐ြာရွိ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္းႏွင့္ေနအိမ္တစ္လုံးေပၚသို႔ လက္နက္ႀကီးက်ည္မ်ားက်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ ဘုန္းေတာ္ႀကီးေက်ာင္း၏ ေစာင္းတန္းႏွင့္ သိမ္တစ္လုံး၊ ေနအိမ္တစ္လုံး၏ အိမ္အေရွ႕ဘက္ျခမ္းတို႔ပ်က္စီးခဲ့ၿပီး ဘုန္းေတာ္ႀကီးေက်ာင္းမွ အသက္(၇၀)ႏွစ္ေက်ာ္ရွိ အမ်ိဳးသားႀကီးတစ္ဦးတြင္လည္း လက္နက္ႀကီးက်ည္စထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
လက္နက္ႀကီးက်ည္စထိမွန္ခဲ့သူအား ေဒသခံလူမႈကူညီေရးအသင္းဝင္မ်ားက က်ဳံဒိုးၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၾကသျဖင့္ လက္ရွိအခ်ိန္၌ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။