နိုင်ငံကူးလက်မှတ်များ ကိုယ်စားထုတ်ယူခြင်းအတွက် လိုအပ်သည့် အထောက်အထားများကို ကိုရီးယားရှိ မြန်မာသံရုံး ထုတ်ပြန်

 1025

Pearl (NP News) - ဇန်နဝါရီ ၁၂

နိုင်ငံကူးလက်မှတ်များ ကိုယ်စားထုတ်ယူခြင်းအတွက် လိုအပ်သည့် အထောက်အထားများကို ကိုရီးယားရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ယမန်နေ့ (ဇန်နဝါရီ လ ၁၁ ရက်) တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပြီးပါက ရက်ချိန်းပေးထားသည့် နေ့၌ မွန်းလွဲ (၂)နာရီမှ ညနေ (၄)နာရီ အတွင်း ကိုယ်တိုင်ပြန် လည် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ထုတ်ယူချိန်၌ အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင်ထုတ်ယူနိုင်ခြင်းမရှိခြင်းကြောင့် ကိုယ်စားထုတ်ယူရာတွင် လွဲမှားထုတ်ယူမှု ၊ ပျောက်ဆုံးမှုများ မရှိစေရန် ကိုယ်စားလှယ်လွှဲစာ နှင့် ပြန်လည်ထုတ်ယူရန် ရက် ချိန်းပေးထားသည့် စာရွက် (Receipt) တို့ဖြင့် လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကာယကံရှင်နှင့် ကိုယ်စားထုတ်ယူသူတို့၏ နိုင်ငံကူးလက်မှတ်မိတ္တူ နှင့် ID Card မိတ္တူ စသည့် အထောက်အထား များလည်း ပါရှိရမည်ဖြစ်ကြောင်း ကိုရီးယားသံရုံးက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ႏိုင္ငံကူးလက္မွတ္မ်ား ကိုယ္စားထုတ္ယူျခင္းအတြက္ လိုအပ္သည့္ အေထာက္အထားမ်ားကို ကိုရီးယားရွိ ျမန္မာသံ႐ုံး ထုတ္ျပန္
Pearl (NP News) - ဇန္နဝါရီ ၁၂

ႏိုင္ငံကူးလက္မွတ္မ်ား ကိုယ္စားထုတ္ယူျခင္းအတြက္ လိုအပ္သည့္ အေထာက္အထားမ်ားကို ကိုရီးယားရွိ ျမန္မာသံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။

ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယမန္ေန႔ (ဇန္နဝါရီ လ ၁၁ ရက္) တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ကိုရီးယားႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္မ်ား သက္တမ္းတိုးၿပီးပါက ရက္ခ်ိန္းေပးထားသည့္ ေန႔၌ မြန္းလြဲ (၂)နာရီမွ ညေန (၄)နာရီ အတြင္း ကိုယ္တိုင္ျပန္ လည္ ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ျပန္လည္ထုတ္ယူခ်ိန္၌ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကာယကံရွင္ကိုယ္တိုင္ထုတ္ယူႏိုင္ျခင္းမရွိျခင္းေၾကာင့္ ကိုယ္စားထုတ္ယူရာတြင္ လြဲမွားထုတ္ယူမႈ ၊ ေပ်ာက္ဆုံးမႈမ်ား မရွိေစရန္ ကိုယ္စားလွယ္လႊဲစာ ႏွင့္ ျပန္လည္ထုတ္ယူရန္ ရက္ ခ်ိန္းေပးထားသည့္ စာ႐ြက္ (Receipt) တို႔ျဖင့္ လာေရာက္ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ကာယကံရွင္ႏွင့္ ကိုယ္စားထုတ္ယူသူတို႔၏ ႏိုင္ငံကူးလက္မွတ္မိတၱဴ ႏွင့္ ID Card မိတၱဴ စသည့္ အေထာက္အထား မ်ားလည္း ပါရွိရမည္ျဖစ္ေၾကာင္း ကိုရီးယားသံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.