ရန်ကုန်မြို့၌ အိမ်စီးကားမှ တက္ကစီအား ဝင်တိုက်မိခဲ့ရာမှ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရ

2651
သန့်ဇင် (NP News) - ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် အိမ်စီးကားမှ တက္ကစီအား ဝင်တိုက်မိခဲ့ရာမှ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၁၁ ရက်)၊ ည ၁၀နာရီ ၂၀မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ မြို့သစ်ဈေးအနီး၊ ဘုရင့်နောင် လမ်းမပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တက္ကစီက ဘုရင့်နောင်ဘက်ကနေ မြို့သစ်ဈေးဘက်ကို ခရီး သည်တင်ပြီး မောင်းလာတာ အကွေ့မှာ အိမ်စီးကားနဲ့တိုက်မိတာပါ။ တိုက်မိတာကလည်း တက္ကစီကအကွေ့ကို ဖြတ်အကွေ့မှာ အိမ်စီးကားက ဝင်လာပြီး တက္ကစီရဲ့ခါးလယ်လောက်ကို ဖြတ်တိုက်မိတာပေါ့”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် တက္ကစီပေါ်၌ လိုက်ပါလာသည့် အသက်(၄၀)နှစ်ဝန်းကျင် ယာဉ်မောင်းအမျိုးသားနှင့် အသက် (၂၆)နှစ်အရွယ် ခရီးသည်အမျိုးသားတို့သည် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“တက္ကစီယာဉ်မောင်းက ခေါင်းပေါက်တယ်။ ပါးမှာ မှန်ကွဲစရှတယ်။ ခရီးသည် အမျိုးသားကတော့ လက်ဖျံရိုးကျိုးသွားတယ်။ ပါးလည်း မှန်ကွဲစရှသွားတယ်။ အိမ်စီးကားကတော့ လူထိခိုက်မှုမရှိခဲ့ဘူး။ ကားတွေတော့ တော်တော်ပျက်စီးသွားတယ်။ အဲဒီနေရာက ဖြစ်လေ့ရှိတယ်။ လမ်းမီးတွေကလည်းပြတ်တော့ အရင်ကဆို ခဏခဏဖြစ်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာဒဏ်ရာရရှိသူ အမျိုးသား(၂)ဦးအား တွဲလက်လူမှုကူညီရေးအသင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ မောင်းနှင်ကြရန်နှင့် အရှိန်လျော့၍ မောင်းနှင်ကြရန် အထက်ပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။

zawgyi version
ရန္ကုန္ၿမိဳ႕၌ အိမ္စီးကားမွ တကၠစီအား ဝင္တိုက္မိခဲ့ရာမွ အမ်ိဳး သား(၂)ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၂
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ အိမ္စီးကားမွ တကၠစီအား ဝင္တိုက္မိခဲ့ရာမွ အမ်ိဳးသား(၂)ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဇန္နဝါရီလ ၁၁ ရက္)၊ ည ၁၀နာရီ ၂၀မိနစ္အခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ေဈးအနီး၊ ဘုရင့္ေနာင္ လမ္းမေပၚ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တကၠစီက ဘုရင့္ေနာင္ဘက္ကေန ၿမိဳ႕သစ္ေဈးဘက္ကို ခရီး သည္တင္ၿပီး ေမာင္းလာတာ အေကြ႕မွာ အိမ္စီးကားနဲ႔တိုက္မိတာပါ။ တိုက္မိတာကလည္း တကၠစီကအေကြ႕ကို ျဖတ္အေကြ႕မွာ အိမ္စီးကားက ဝင္လာၿပီး တကၠစီရဲ႕ခါးလယ္ေလာက္ကို ျဖတ္တိုက္မိတာေပါ့”ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ တကၠစီေပၚ၌ လိုက္ပါလာသည့္ အသက္(၄၀)ႏွစ္ဝန္းက်င္ ယာဥ္ေမာင္းအမ်ိဳးသားႏွင့္ အသက္ (၂၆)ႏွစ္အ႐ြယ္ ခရီးသည္အမ်ိဳးသားတို႔သည္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
“တကၠစီယာဥ္ေမာင္းက ေခါင္းေပါက္တယ္။ ပါးမွာ မွန္ကြဲစရွတယ္။ ခရီးသည္ အမ်ိဳးသားကေတာ့ လက္ဖ်ံ႐ိုးက်ိဳးသြားတယ္။ ပါးလည္း မွန္ကြဲစရွသြားတယ္။ အိမ္စီးကားကေတာ့ လူထိခိုက္မႈမရွိခဲ့ဘူး။ ကားေတြေတာ့ ေတာ္ေတာ္ပ်က္စီးသြားတယ္။ အဲဒီေနရာက ျဖစ္ေလ့ရွိတယ္။ လမ္းမီးေတြကလည္းျပတ္ေတာ့ အရင္ကဆို ခဏခဏျဖစ္တယ္”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာဒဏ္ရာရရွိသူ အမ်ိဳးသား(၂)ဦးအား တြဲလက္လူမႈကူညီေရးအသင္းႏွင့္ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားပူးေပါင္းကာ အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕တြင္ ယာဥ္တိုက္မႈမ်ား မၾကာခဏျဖစ္ပြားလ်က္ရွိရာ ယာဥ္ေမာင္းသူမ်ားအေနျဖင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလိုက္နာ ေမာင္းႏွင္ၾကရန္ႏွင့္ အရွိန္ေလ်ာ့၍ ေမာင္းႏွင္ၾကရန္ အထက္ပါလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက အႀကံျပဳေျပာၾကားထားသည္။