စင်ကာပူမှာ တားမြစ်ပစ္စည်းပါ၀င်တဲ့ ကိုယ်အလေးချိန်ကျ ဆေးဝါးတွေကို အသုံးပြုခွင့်ပိတ်

798
ရောင်နီ(NP News) - ဇန်နဝါရီ ၁၃
စင်ကာပူမှာ ကိုယ်အလေးချိန်ကျဆေးသောက်ပြီး လူနှစ်ဦး နှလုံးခုန်မြန်ခြင်း နဲ့ အလွန်အမင်းရေငတ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားခဲ့ရခြင်းကြောင့် ကျန်းမာ ရေးသိပ္ပံအာဏာပိုင် (HSA)က ကိုယ်အလေးချိန်လျှော့ချတဲ့ ထုတ်ကုန်အချို့ကို သတိပေးခဲ့ပါတယ်။

အဆိုပါ ဆေးဝါးတွေကို E commerce ပလပ်ဖောင်း Shopee မှ ရောင်းချတာဖြစ်ပြီး "သဘာဝဆေးဖက်ဝင်အပင်များ"နဲ့ဖော်စပ်ထားတဲ့ သဘာဝအဆီကျဆေးအဖြစ် ဝယ်သူတွေကို ဆွဲဆောင်ထားတာ ဖြစ်ပါတယ်။ ထုတ်ကုန်တွေမှာ တားမြစ်အဆိပ်သင့်စေတဲ့ sibutramine ပမာဏအများအပြားပါရှိတာ တွေ့ရတယ်လို့ HSA က ဇန်နဝါရီလ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။ Sibutramine ဟာ နှလုံးရောဂါနဲ့ လေဖြတ်နိုင် ခြေရှိတာကြောင့် စင်ကာပူမှာ ၂၀၁၀ ခုနှစ်ကတည်းက တားမြစ်ထားတာ ဖြစ်ပါတယ်။
၎င်းပါဝင်တဲ့ ထုတ်ကုန်တွေကတော့ Nature Slim၊ Figure Up ၊ Slimming Seven Days ၊ Energy Booster Figure-Up New Look Strong Version တို့ဖြစ်ပါတယ်။ Shopee မှလည်း အဆိုပါ ထုတ်ကုန် စာရင်းတွေကို ဖယ်ရှားဖို့ ပလက်ဖောင်းစီမံခန့်ခွဲသူတွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့ထားတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးဟာ Nature Slim ကို နှစ်လကြာသောက်သုံးခဲ့ပြီး နှလုံးခုန်မြန်ခြင်း၊ ခံတွင်းခြောက်ခြင်းနဲ့ အလွန်အမင်းရေငတ်ခြင်းတို့ကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ ထုတ်ကုန်ဟာ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ အစားစားချင်စိတ်ကို ထိန်းချုပ်ဖို့ ရိုးရာဆေးနည်းတစ်ခုအဖြစ် စျေးကွက်တင်ခဲ့တာ ဖြစ်ပါတယ်။ အခြားသုံးစွဲသူတွေလည်း ခံတွင်းခြောက်ခြင်း၊ အလွန်အမင်း ရေငတ်ခြင်းနဲ့ အိပ်မပျော်ခြင်းတို့ကို ရက်အနည်းငယ်ကြာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
တားမြစ်ထားတဲ့ ဓာတုပစ္စည်းများ၊ ကုန်ပစ္စည်းများ ရောင်းချခြင်းနဲ့ ဖြန့်ဖြူးရောင်းချသူ မည်သူကိုမဆို ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ပြီး ပြစ်မှုထင်ရှားရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ် နှစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ HSA မှ ပြောကြားခဲ့ပါတယ်။
zawgyi version
စင္ကာပူမွာ တားျမစ္ပစၥည္းပါ၀င္တဲ့ ကိုယ္အေလးခ်ိန္က် ေဆးဝါးေတြကို အသုံးျပဳခြင့္ပိတ္
ေရာင္နီ(NP News) - ဇန္နဝါရီ ၁၃
စင္ကာပူမွာ ကိုယ္အေလးခ်ိန္က်ေဆးေသာက္ၿပီး လူႏွစ္ဦး ႏွလုံးခုန္ျမန္ျခင္း နဲ႔ အလြန္အမင္းေရငတ္ျခင္းစတဲ့ ေဘးထြက္ဆိုးက်ိဳးေတြ ခံစားခဲ့ရျခင္းေၾကာင့္ က်န္းမာ ေရးသိပၸံအာဏာပိုင္ (HSA)က ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်တဲ့ ထုတ္ကုန္အခ်ိဳ႕ကို သတိေပးခဲ့ပါတယ္။
အဆိုပါ ေဆးဝါးေတြကို E commerce ပလပ္ေဖာင္း Shopee မွ ေရာင္းခ်တာျဖစ္ၿပီး "သဘာဝေဆးဖက္ဝင္အပင္မ်ား"နဲ႔ေဖာ္စပ္ထားတဲ့ သဘာဝအဆီက်ေဆးအျဖစ္ ဝယ္သူေတြကို ဆြဲေဆာင္ထားတာ ျဖစ္ပါတယ္။ ထုတ္ကုန္ေတြမွာ တားျမစ္အဆိပ္သင့္ေစတဲ့ sibutramine ပမာဏအမ်ားအျပားပါရွိတာ ေတြ႕ရတယ္လို႔ HSA က ဇန္နဝါရီလ ၁၂ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ Sibutramine ဟာ ႏွလုံးေရာဂါနဲ႔ ေလျဖတ္ႏိုင္ ေျခရွိတာေၾကာင့္ စင္ကာပူမွာ ၂၀၁၀ ခုႏွစ္ကတည္းက တားျမစ္ထားတာ ျဖစ္ပါတယ္။
၎ပါဝင္တဲ့ ထုတ္ကုန္ေတြကေတာ့ Nature Slim၊ Figure Up ၊ Slimming Seven Days ၊ Energy Booster Figure-Up New Look Strong Version တို႔ျဖစ္ပါတယ္။ Shopee မွလည္း အဆိုပါ ထုတ္ကုန္ စာရင္းေတြကို ဖယ္ရွားဖို႔ ပလက္ေဖာင္းစီမံခန႔္ခြဲသူေတြနဲ႔ လက္တြဲလုပ္ေဆာင္ခဲ့ထားတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ အမ်ိဳးသမီးတစ္ဦးဟာ Nature Slim ကို ႏွစ္လၾကာေသာက္သုံးခဲ့ၿပီး ႏွလုံးခုန္ျမန္ျခင္း၊ ခံတြင္းေျခာက္ျခင္းနဲ႔ အလြန္အမင္းေရငတ္ျခင္းတို႔ကို ခံစားခဲ့ရတယ္လို႔ သိရပါတယ္။ ထုတ္ကုန္ဟာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔နဲ႔ အစားစားခ်င္စိတ္ကို ထိန္းခ်ဳပ္ဖို႔ ႐ိုးရာေဆးနည္းတစ္ခုအျဖစ္ ေစ်းကြက္တင္ခဲ့တာ ျဖစ္ပါတယ္။ အျခားသုံးစြဲသူေတြလည္း ခံတြင္းေျခာက္ျခင္း၊ အလြန္အမင္း ေရငတ္ျခင္းနဲ႔ အိပ္မေပ်ာ္ျခင္းတို႔ကို ရက္အနည္းငယ္ၾကာ ခံစားခဲ့ရတယ္လို႔ သိရပါတယ္။
တားျမစ္ထားတဲ့ ဓာတုပစၥည္းမ်ား၊ ကုန္ပစၥည္းမ်ား ေရာင္းခ်ျခင္းနဲ႔ ျဖန္႔ျဖဴးေရာင္းခ်သူ မည္သူကိုမဆို ျပင္းျပင္းထန္ထန္ အေရးယူမွာျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ ဒဏ္ေငြျဖစ္ေစ၊ ေထာင္ဒဏ္ ႏွစ္ႏွစ္အထိျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ HSA မွ ေျပာၾကားခဲ့ပါတယ္။