ဆေးရုံတက်ရောက်ကုသနေရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဆေးရုံက ပြန်ဆင်း

515

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၆
ထူးဆန်းတဲ့ရောဂါကြောင့် ဆေးရုံတက်ကုသနေရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်ဟာ ဇန်နဝါရီ ၁၅ ရက်မှာ Walter Reed အမည်ရှိ စစ်ဆေးရုံက ပြန်ဆင်းလာခဲ့ကြောင်း သိရပါတယ်။
ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်ဟာ ဆေးရုံတက်နေရတဲ့အကြောင်းကို လူသိရှင်ကြား သတင်းထုတ်ခြင်းမျိုး မရှိခဲ့ဘဲ လျှို့ဝှက်တက်ရောက်ခဲ့တာမျိုးဖြစ်ကာ လူမြင်ကွင်းမှာ ရက်အတန်ကြာပျောက်ကွယ်ခဲ့ပြီးနောက် ဆေးရုံ တက်ရောက်နေရတာကို သိခဲ့ရပါတယ်။
လွိုင်အော်စတင် ဆေးရုံတက်နေရခြင်းနဲ့ပတ်သက်ပြီး ရာထူးက ဖယ်ရှားဖို့ တောင်းဆိုတာတွေရှိခဲ့ပေမယ့် အမေရိကန်သမ္မတက ငြင်းဆန်ပယ်ချခဲ့ပါတယ်။ လွိုင်အော်စတင်က "ကျွန်တော်ကို Walter Reed ဆေးရုံက ဂရုစိုက်ပြီး ကြပ်မတ်ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကို အကောင်းဆုံးကုသပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့အခြေအနေတွေဟာ သက်သာလာနေပြီး အလုပ်တွေကို အိမ်ကနေ လုပ်ဖို့ ရှိနေပါတယ်။ ကျွန်တော်ဟာ ကျန်းမာရေးကို အပြည့်အဝပြန်လည်သက်သာဖို့ စိတ်အားထက်သန်နေတယ်" လို့ ပြောပါတယ်။
အသက် ၇ဝ အရွယ်ရှိ အော်စတင်ဟာ ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ ရက်မှာ အသေးစားခွဲစိတ်ကုသခဲ့ရပြီး လက်ရှိအချိန်မှာတော့ အိမ်ကို ပြန်လာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အော်စတင်ဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီးသမိုင်းမှာ အာဖရိကန်-အမေရိကန်နွယ်ဖွား ပထမဆုံးကာကွယ်ရေးဝန်ကြီးဖြစ်လာသူဖြစ်ပြီး ဂျိုးဘိုင်ဒန် သမ္မတဖြစ်လာချိန်မှာ ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခံရသူဖြစ်ကြောင်း သိရပါတယ်။
လွိုင်အော်စတင် ဆေးရုံတက်ရခြင်းဟာ သမ္မတဂျိုးဘိုင်ဒန်အတွက် ခေါင်းခဲစရာအခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။

Zawgyi Version;
ေဆး႐ုံတက္ေရာက္ကုသေနရတဲ့ အေမရိကန္ကာကြယ္ေရးဝန္ႀကီး ေဆး႐ုံက ျပန္ဆင္း
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၆
ထူးဆန္းတဲ့ေရာဂါေၾကာင့္ ေဆး႐ုံတက္ကုသေနရတဲ့ အေမရိကန္ကာကြယ္ေရးဝန္ႀကီးလြိဳင္ေအာ္စတင္ဟာ ဇန္နဝါရီ ၁၅ ရက္မွာ Walter Reed အမည္ရွိ စစ္ေဆး႐ုံက ျပန္ဆင္းလာခဲ့ေၾကာင္း သိရပါတယ္။
ကာကြယ္ေရးဝန္ႀကီးလြိဳင္ေအာ္စတင္ဟာ ေဆး႐ုံတက္ေနရတဲ့အေၾကာင္းကို လူသိရွင္ၾကား သတင္းထုတ္ျခင္းမ်ိဳး မရွိခဲ့ဘဲ လွ်ိဳ႕ဝွက္တက္ေရာက္ခဲ့တာမ်ိဳးျဖစ္ကာ လူျမင္ကြင္းမွာ ရက္အတန္ၾကာေပ်ာက္ကြယ္ခဲ့ၿပီးေနာက္ ေဆး႐ုံ တက္ေရာက္ေနရတာကို သိခဲ့ရပါတယ္။
လြိဳင္ေအာ္စတင္ ေဆး႐ုံတက္ေနရျခင္းနဲ႔ပတ္သက္ၿပီး ရာထူးက ဖယ္ရွားဖို႔ ေတာင္းဆိုတာေတြရွိခဲ့ေပမယ့္ အေမရိကန္သမၼတက ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ လြိဳင္ေအာ္စတင္က "ကြၽန္ေတာ္ကို Walter Reed ေဆး႐ုံက ဂ႐ုစိုက္ၿပီး ၾကပ္မတ္ကုသေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ကို အေကာင္းဆုံးကုသေပးခဲ့တဲ့ ဆရာဝန္ေတြနဲ႔ သူနာျပဳေတြကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ရဲ႕အေျခအေနေတြဟာ သက္သာလာေနၿပီး အလုပ္ေတြကို အိမ္ကေန လုပ္ဖို႔ ရွိေနပါတယ္။ ကြၽန္ေတာ္ဟာ က်န္းမာေရးကို အျပည့္အဝျပန္လည္သက္သာဖို႔ စိတ္အားထက္သန္ေနတယ္" လို႔ ေျပာပါတယ္။
အသက္ ၇ဝ အ႐ြယ္ရွိ ေအာ္စတင္ဟာ ကင္ဆာေရာဂါနဲ႔ပတ္သက္ၿပီး ဒီဇင္ဘာ ၂၂ ရက္မွာ အေသးစားခြဲစိတ္ကုသခဲ့ရၿပီး လက္ရွိအခ်ိန္မွာေတာ့ အိမ္ကို ျပန္လာခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။ ေအာ္စတင္ဟာ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးသမိုင္းမွာ အာဖရိကန္-အေမရိကန္ႏြယ္ဖြား ပထမဆုံးကာကြယ္ေရးဝန္ႀကီးျဖစ္လာသူျဖစ္ၿပီး ဂ်ိဳးဘိုင္ဒန္ သမၼတျဖစ္လာခ်ိန္မွာ ကာကြယ္ေရးဝန္ႀကီးအသစ္အျဖစ္ ခန႔္အပ္ခံရသူျဖစ္ေၾကာင္း သိရပါတယ္။
လြိဳင္ေအာ္စတင္ ေဆး႐ုံတက္ရျခင္းဟာ သမၼတဂ်ိဳးဘိုင္ဒန္အတြက္ ေခါင္းခဲစရာအေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရေၾကာင္း သိရပါတယ္။