ချီလီနိုင်ငံတွင် ဂျက်လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံး

 740

Pika (NP News) - ဇန်နဝါရီ ၁၇

ချီလီနိုင်ငံအလယ်ပိုင်းရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဂျက်လေယာဉ်တစ်စင်းပျက်ကျကာ မီးလောင်ခဲ့ခြင်း ကြောင့် လေယာဉ်မှူးသေဆုံးခဲ့ပြီး မြေပြင်ပေါ်ရှိလူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များ က ပြောကြားခဲ့သည်။

Air Andes SPA မှ ပိုင်ဆိုင်သော Ayres Trush S2R-T ဂျက်လေယာဉ်သည် Talca မြို့ Panguilemo လေယာဉ်ကွင်းအနီးရှိ အဝေးပြေးလမ်းမပေါ်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ချီလီနိုင်ငံ အရပ်ဘက်လေကြောင်း ဆိုင်ရာအထွေထွေညွှန်ကြားရေးမှူးရုံးက ပြောကြားခဲ့သည်။

ဂျက်လေယာဉ်ပေါ်တွင် လေယာဉ်မှူးတစ်ဦးတည်းသာ လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး မတော်တဆမှုအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါလေယာဉ်မှူးသေဆုံးမှုနှင့်ပတ်သက်ပြီး ဝမ်းနည်းမိကြောင်း စာတစ်စောင်ကို ၎င်း၏ မိသားစုထံသို့ အရပ်ဘက်လေကြောင်းဆိုင်ရာအထွေထွေညွှန်ကြား ရေးမှူးရုံးက ပေးပို့ခဲ့ကြောင်းလည်းသိရသည်။

ယင်းမတော်တဆမှုဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရ သေးကြောင်းလည်း သိရသည်။ အဆိုပါမတော်တဆမှုအတွင်း သေဆုံးခဲ့သော လေယာဉ်မှူးမှာ ဖာနန်ဒိုဆိုလန် ဆိုသူဖြစ်ပြီး တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာတွင် ကူညီပေးနေသူတစ်ဦးဖြစ်ကြောင်း အမျိုးသားသစ်တော ကော်ပိုရေးရှင်း(CONAF) က ပြောကြားခဲ့သည်။

ထို့အပြင် ဂျက်လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်ပေါ်ရှိလူ(၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖာနန်ဒိုဆိုလန်သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်မိကြောင်း ချီလီသမ္မတ ဂါဘရီရယ်ဘိုးရစ် က ပြောကြားခဲ့သည်။

၎င်းက "နှစ်စဉ်လူထောင်ပေါင်းများစွာဟာ တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ဖို့ ခက်ခဲတဲ့ တာဝန်ကို ထမ်းဆောင်နေကြပါတယ်။ ဒီနေ့မှာတော့ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာမှာ [CONAF] ကို ကူညီပေးနေတဲ့ လေယာဉ်မှူးဖာနန်ဒိုဆိုလန်ဟာ သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ခ်ီလီႏိုင္ငံတြင္ ဂ်က္ေလယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး ေလယာဥ္မႉး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၁၇

ခ်ီလီႏိုင္ငံအလယ္ပိုင္းရွိ အေဝးေျပးလမ္းမတစ္ခုေပၚတြင္ ဂ်က္ေလယာဥ္တစ္စင္းပ်က္က်ကာ မီးေလာင္ခဲ့ျခင္း ေၾကာင့္ ေလယာဥ္မႉးေသဆုံးခဲ့ၿပီး ေျမျပင္ေပၚရွိလူ(၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသတြင္းအာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။

Air Andes SPA မွ ပိုင္ဆိုင္ေသာ Ayres Trush S2R-T ဂ်က္ေလယာဥ္သည္ Talca ၿမိဳ႕ Panguilemo ေလယာဥ္ကြင္းအနီးရွိ အေဝးေျပးလမ္းမေပၚတြင္ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း ခ်ီလီႏိုင္ငံ အရပ္ဘက္ေလေၾကာင္း ဆိုင္ရာအေထြေထြၫႊန္ၾကားေရးမႉး႐ုံးက ေျပာၾကားခဲ့သည္။

ဂ်က္ေလယာဥ္ေပၚတြင္ ေလယာဥ္မႉးတစ္ဦးတည္းသာ လိုက္ပါလာခဲ့ျခင္းျဖစ္ၿပီး မေတာ္တဆမႈအတြင္း ရရွိခဲ့ေသာ ဒဏ္ရာမ်ားေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ အဆိုပါေလယာဥ္မႉးေသဆုံးမႈႏွင့္ပတ္သက္ၿပီး ဝမ္းနည္းမိေၾကာင္း စာတစ္ေစာင္ကို ၎၏ မိသားစုထံသို႔ အရပ္ဘက္ေလေၾကာင္းဆိုင္ရာအေထြေထြၫႊန္ၾကား ေရးမႉး႐ုံးက ေပးပို႔ခဲ့ေၾကာင္းလည္းသိရသည္။

ယင္းမေတာ္တဆမႈဘာေၾကာင့္ျဖစ္ပြားရသည္ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရ ေသးေၾကာင္းလည္း သိရသည္။ အဆိုပါမေတာ္တဆမႈအတြင္း ေသဆုံးခဲ့ေသာ ေလယာဥ္မႉးမွာ ဖာနန္ဒိုဆိုလန္ ဆိုသူျဖစ္ၿပီး ေတာမီးေလာင္ကြၽမ္းမႈကို ျငႇိမ္းသတ္ရာတြင္ ကူညီေပးေနသူတစ္ဦးျဖစ္ေၾကာင္း အမ်ိဳးသားသစ္ေတာ ေကာ္ပိုေရးရွင္း(CONAF) က ေျပာၾကားခဲ့သည္။

ထို႔အျပင္ ဂ်က္ေလယာဥ္ပ်က္က်မႈေၾကာင့္ ေျမျပင္ေပၚရွိလူ(၃)ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ ဖာနန္ဒိုဆိုလန္ေသဆုံးမႈအတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္း ခ်ီလီသမၼတ ဂါဘရီရယ္ဘိုးရစ္ က ေျပာၾကားခဲ့သည္။

၎က "ႏွစ္စဥ္လူေထာင္ေပါင္းမ်ားစြာဟာ ေတာမီးေလာင္ကြၽမ္းမႈကို ျငႇိမ္းသတ္ႏိုင္ဖို႔ ခက္ခဲတဲ့ တာဝန္ကို ထမ္းေဆာင္ေနၾကပါတယ္။ ဒီေန႔မွာေတာ့ မီးေလာင္ကြၽမ္းမႈကို ျငႇိမ္းသတ္ရာမွာ [CONAF] ကို ကူညီေပးေနတဲ့ ေလယာဥ္မႉးဖာနန္ဒိုဆိုလန္ဟာ ေသဆုံးခဲ့တဲ့အတြက္ ဝမ္းနည္းမိပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.