ရှမ်းတောင်၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိ၊ ကား(၆)စီးဖြင့် မှောင်ခိုသယ်လာသည့် လက်နက်ခဲယမ်းအများအပြား ဟိုပုံးမြို့နယ်၌ ပေါက်ကွဲပျက်စီးခဲ့

18720

မြူနစ် (NP News) - ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကား(၆)စီးဖြင့် မှောင်ခိုသယ်ဆောင်လာသည့် လက်နက်ခဲယမ်းအများအပြား ဟိုပုံးမြို့နယ်အတွင်း၌ ပေါက်ကွဲပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
PNLO/PNLA ယူနီဖောင်းဝတ်ဆင်ထားသော လက်နက်ကိုင်များသည် ယနေ့(ဇန်နဝါရီလ ၂၁ ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာရှိ လမ်းပေါ်၌ ၎င်းတို့ သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများကို ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
"ကယားဘက်ကို သယ်ဖို့က PNLA ရဲ့ နယ်မြေထဲကို ဖြတ်သယ်ရတာကို။ အဲဒီလက်နက်တွေကို ဒေသခံ PNLA က ကြားထဲကနေ သယ်ပေးတဲ့သဘောရှိတယ်။ တပ်မတော်ကလည်း သတင်းရတော့ စစ်ဆေးတာပေါ့။ ညှိနှိုင်းသေး တယ်လို့လည်း ကြားတယ်။ ဒါပေမဲ့ ဒီနေ့ ၁၁ နာရီလောက်မှာ သူတို့ သယ်လာတဲ့လက်နက်တွေကို သူတို့မီးရှို့ဖျက် ဆီးပစ်လိုက်တယ်"ဟု ဟိုပုံးဒေသခံတစ်ဦးက NP News ကို ပြောသည်။
လက်နက်အကြီးအသေးအပါအဝင် ခဲယမ်းမျိုးစုံကို စုစုပေါင်းကား (၆)စီးဖြင့် ကယားပြည်နယ်ဘက်သို့ မှောင်ခိုသယ် ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ထားသည်။
ယင်းကဲ့သို့ ကား(၆)စီးဖြင့် လက်နက်ခဲယမ်းမျိုးစုံကို PNLO/PNLA ယူနီဖောင်းဝတ်ဆင်ထားသော လက်နက်ကိုင်များက စံဖူးကျေးရွာရှိ လမ်းပေါ်တွင် ဖျက်ဆီးခဲ့သည့်အတွက် မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ မီးလောင်ပေါက်ကွဲမှုကြောင့် စံဖူးကျေးရွာရှိ ဒေသခံပြည်သူလူထုနေအိမ် (၂၆)လုံးထက်မနည်း မီးလောင် ဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် လက်နက်ခဲယမ်းမျိုးစုံကို မှောင်ခိုသယ်ဆောင်လာသည့် ကား(၆)စီးအနက် ကား(၅)စီးသည် မီးလောင်ပျက်စီး သွားခဲ့ပြီး ကျန်ကားတစ်စီးသည် မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟုလည်း ဒေသခံများက ထပ်မံပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမျိုး တစ်စုံတစ်ရာမရှိကြောင်းလည်း သိရသည်။
"တိုက်ပွဲ မဖြစ်ပါဘူး။ တစ်ချို့မီဒီယာတွေ ရေးနေတာရှိတယ်။ နစကနဲ့ PNLO တို့ တိုက်ပွဲပြင်းထန်တယ်ဆိုပြီး ရေးထားတာရှိတယ်။ ဒါပေမဲ့ အဲဒါတွေက မဟုတ်ဘူး။ သူတို့ရဲ့ လက်နက်ခဲယမ်းတွေ သယ်လာတဲ့ ကားပေါ်မှာက RPG တွေ၊ ဗုံးတွေ ပါတယ်။ အဲဒါတွေ ပါလာတဲ့အခါကြတော့ မီးရှို့လိုက်တော့ ပေါက်ကွဲသံတွေ ထွက်တာပေါ့။ တိုက်ပွဲဖြစ်သလိုမျိုး အသံတွေက ထွက်တာပေါ့ လက်နက်အကြီးရော၊ အသေးရော အသံက မျိုးစုံဖြစ်သွားတာပေါ့။ တိုက်ပွဲမဖြစ်ဘူး"ဟု ဟိုပုံးဒေသခံက ဆက်လက်ပြောသည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင်လည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသော KNPP၊ PDF အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်ခဲယမ်းအများအပြားကို ရှမ်းပြည်နယ်၊ ပင်လုံမြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ဖူးသည်။

zawgyi version
ရွမ္းေတာင္၌ တိုက္ပြဲျဖစ္ပြားျခင္း မရွိ၊ ကား(၆)စီးျဖင့္ ေမွာင္ခိုသယ္လာသည့္ လက္နက္ခဲယမ္းအမ်ားအျပား ဟိုပုံးၿမိဳ႕နယ္၌ ေပါက္ကြဲပ်က္စီးခဲ့
ျမဴနစ္ (NP News) - ဇန္နဝါရီ ၂၁
ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသ၌ တိုက္ပြဲျဖစ္ပြားျခင္း မရွိဘဲ ကား(၆)စီးျဖင့္ ေမွာင္ခိုသယ္ေဆာင္လာသည့္ လက္နက္ခဲယမ္းအမ်ားအျပား ဟိုပုံးၿမိဳ႕နယ္အတြင္း၌ ေပါက္ကြဲပ်က္စီးခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
PNLO/PNLA ယူနီေဖာင္းဝတ္ဆင္ထားေသာ လက္နက္ကိုင္မ်ားသည္ ယေန႔(ဇန္နဝါရီလ ၂၁ ရက္)၊ နံနက္ ၁၁ နာရီဝန္းက်င္အခ်ိန္တြင္ ဟိုပုံးၿမိဳ႕နယ္၊ စံဖူးေက်း႐ြာရွိ လမ္းေပၚ၌ ၎တို႔ သယ္ေဆာင္လာသည့္ လက္နက္ခဲယမ္းမ်ားကို ေဖာက္ခြဲဖ်က္ဆီးခဲ့သည္ဟု ဆိုသည္။
"ကယားဘက္ကို သယ္ဖို႔က PNLA ရဲ႕ နယ္ေျမထဲကို ျဖတ္သယ္ရတာကို။ အဲဒီလက္နက္ေတြကို ေဒသခံ PNLA က ၾကားထဲကေန သယ္ေပးတဲ့သေဘာရွိတယ္။ တပ္မေတာ္ကလည္း သတင္းရေတာ့ စစ္ေဆးတာေပါ့။ ညႇိႏႈိင္းေသး တယ္လို႔လည္း ၾကားတယ္။ ဒါေပမဲ့ ဒီေန႔ ၁၁ နာရီေလာက္မွာ သူတို႔ သယ္လာတဲ့လက္နက္ေတြကို သူတို႔မီးရႈိ႕ဖ်က္ ဆီးပစ္လိုက္တယ္"ဟု ဟိုပုံးေဒသခံတစ္ဦးက NP News ကို ေျပာသည္။
လက္နက္အႀကီးအေသးအပါအဝင္ ခဲယမ္းမ်ိဳးစုံကို စုစုေပါင္းကား (၆)စီးျဖင့္ ကယားျပည္နယ္ဘက္သို႔ ေမွာင္ခိုသယ္ ေဆာင္ျခင္းျဖစ္ႏိုင္ေၾကာင္းလည္း ေဒသခံမ်ားက သုံးသပ္ထားသည္။
ယင္းကဲ့သို႔ ကား(၆)စီးျဖင့္ လက္နက္ခဲယမ္းမ်ိဳးစုံကို PNLO/PNLA ယူနီေဖာင္းဝတ္ဆင္ထားေသာ လက္နက္ကိုင္မ်ားက စံဖူးေက်း႐ြာရွိ လမ္းေပၚတြင္ ဖ်က္ဆီးခဲ့သည့္အတြက္ မီးေလာင္ေပါက္ကြဲမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ယင္းကဲ့သို႔ မီးေလာင္ေပါက္ကြဲမႈေၾကာင့္ စံဖူးေက်း႐ြာရွိ ေဒသခံျပည္သူလူထုေနအိမ္ (၂၆)လုံးထက္မနည္း မီးေလာင္ ဆုံးရႈံးသြားခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ထို႔ျပင္ လက္နက္ခဲယမ္းမ်ိဳးစုံကို ေမွာင္ခိုသယ္ေဆာင္လာသည့္ ကား(၆)စီးအနက္ ကား(၅)စီးသည္ မီးေလာင္ပ်က္စီး သြားခဲ့ၿပီး က်န္ကားတစ္စီးသည္ ေမာင္းႏွင္ထြက္ေျပးသြားခဲ့သည္ဟုလည္း ေဒသခံမ်ားက ထပ္မံေျပာသည္။
လက္ရွိတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္းအတြင္း၌ တိုက္ပြဲျဖစ္ပြားျခင္းမ်ိဳး တစ္စုံတစ္ရာမရွိေၾကာင္းလည္း သိရသည္။
"တိုက္ပြဲ မျဖစ္ပါဘူး။ တစ္ခ်ိဳ႕မီဒီယာေတြ ေရးေနတာရွိတယ္။ နစကနဲ႔ PNLO တို႔ တိုက္ပြဲျပင္းထန္တယ္ဆိုၿပီး ေရးထားတာရွိတယ္။ ဒါေပမဲ့ အဲဒါေတြက မဟုတ္ဘူး။ သူတို႔ရဲ႕ လက္နက္ခဲယမ္းေတြ သယ္လာတဲ့ ကားေပၚမွာက RPG ေတြ၊ ဗုံးေတြ ပါတယ္။ အဲဒါေတြ ပါလာတဲ့အခါၾကေတာ့ မီးရႈိ႕လိုက္ေတာ့ ေပါက္ကြဲသံေတြ ထြက္တာေပါ့။ တိုက္ပြဲျဖစ္သလိုမ်ိဳး အသံေတြက ထြက္တာေပါ့ လက္နက္အႀကီးေရာ၊ အေသးေရာ အသံက မ်ိဳးစုံျဖစ္သြားတာေပါ့။ တိုက္ပြဲမျဖစ္ဘူး"ဟု ဟိုပုံးေဒသခံက ဆက္လက္ေျပာသည္။
ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၇ ရက္တြင္လည္း ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕၌ ၿမိဳ႕သိမ္းတိုက္ပြဲေဖာ္ေဆာင္ေနေသာ KNPP၊ PDF အဖြဲ႕မ်ားထံ ပို႔ေဆာင္မည့္ လက္နက္ခဲယမ္းအမ်ားအျပားကို ရွမ္းျပည္နယ္၊ ပင္လုံၿမိဳ႕နယ္အတြင္း၌ ဖမ္းဆီးရမိခဲ့ဖူးသည္။