နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း နစက အသိပေးထုတ်ပြန်

17576
မြူနစ် (NP News) - ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုး ကွယ်သော ဗုဒ္ဓဘာ သာဝင်များ အထွဋ်အမြတ်ထားရာ စေတီတော်ကို TNLA အဖွဲ့ဝင်များက ဇန်နဝါရီလ ၁၀ ရက်မှစ၍ ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်တွင် အပြီးသတ်ပြိုကျပျက်စီးသွားခဲ့သည်ဟု နစကမှ ဆိုသည်။
ထို့ပြင် ၎င်းစေတီတော်အတွင်း ဋ္ဌာပနာထားသည့် ပစ္စည်းများကိုလည်း TNLA အဖွဲ့ဝင်များက ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်ဟုလည်း သတင်းထုတ်ပြန်ထား သည်။
အဆိုပါစေတီသည် ပလောင်တောင်ပိုင်စော်ဘွားကြီး မဟာသရေစည်သူစပ်ခွန်ပန်းစိန်က ၎င်းလက်ထက်တွင် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ခေတ်အဆက်ဆက်၌ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ရွှေသင်္ကန်း ကပ်လှူခြင်း၊ ရွှေထီးတော်တင်လှူခြင်းများ ဆောင်ရွက်ခဲ့သည့် စေတီတော်တစ်ဆူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးမှုနှင့်ပတ်သက်၍ တအာင်းလက် နက်ကိုင်အဖွဲ့ TNLA တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
အလားတူ ပြီးခဲ့သော ဇန်နဝါရီလ ၈ ရက်တွင်လည်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အဖွဲ့ဝင်အချို့သည် လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၊ ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်တစ်ဆူကို သံတူဖြင့် ထုကာ ဖြိုချဖျက်ဆီးခဲ့သော ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
အဆိုပါ ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်တစ်ဆူကို MNDAA အဖွဲ့ဝင်အချို့က သံတူဖြင့် ထုကာဖြိုချဖျက်ဆီးခဲ့မှုအပေါ် ၎င်းအဖွဲ့က ဝန်ခံထားပြီး ဗုဒ္ဓဘာသာဝင်များကိုလည်း ပြန်လည်တောင်ပန်းမှု ပြုလုပ်ထားသည်။
လက်ရှိတွင် အကြမ်းဖက်သမားများအနေဖြင့် ဗုဒ္ဓဘာ သာဝင်များ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ဆင်းတုတော်များ၊ သာကနိကအဆောက်အဦးများနှင့် အခြားဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာအဆောက် အဦးများကို Drop ဗုံးပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းပြုလုပ်ကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟုလည်း နစကမှ ထုတ်ပြန်ထားသည်။
ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ဘုရားစေတီများကို အကြမ်းဖက်အဖွဲ့က ဖျက်ဆီးနေမှုများနှင့်ပတ် သက်၍ ဘာသာရေးအဖွဲ့အစည်းများအပါအဝင် ရဟန်းသံဃာနှင့် ပြည်သူလူထုအများအပြားက ကန့်ကွက်ရှုတ် ချမှုများ ရှိခဲ့သည်။

zawgyi version
နမ့္ဆန္ၿမိဳ႕အဝင္ရွိ ေစတီတစ္ဆူကို တအာင္းလက္နက္ ကိုင္အဖြဲ႕ TNLA က ဘတ္ဟိုးျဖင့္ ၿဖိဳခ်ဖ်က္ဆီးခဲ့ေၾကာင္း နစက အသိေပးထုတ္ျပန္
ျမဴနစ္ (NP News) - ဇန္နဝါရီ ၂၂
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕အဝင္ရွိ ေစတီတစ္ဆူကို တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA က ဘတ္ဟိုးျဖင့္ ၿဖိဳခ်ဖ်က္ဆီးခဲ့ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။
နမ့္ဆန္ၿမိဳ႕အဝင္ရွိ ေတာင္ကုန္းေပၚ၌ တည္ထားကိုး ကြယ္ေသာ ဗုဒၶဘာသာဝင္မ်ား အထြဋ္အျမတ္ထားရာ ေစတီေတာ္ကို TNLA အဖြဲ႕ဝင္မ်ားက ဇန္နဝါရီလ ၁၀ ရက္မွစ၍ ဘတ္ဟိုးျဖင့္ ၿဖိဳခ်ဖ်က္ဆီးခဲ့ရာ ဇန္နဝါရီလ ၂၀ ရက္တြင္ အၿပီးသတ္ၿပိဳက်ပ်က္စီးသြားခဲ့သည္ဟု နစကမွ ဆိုသည္။
ထို႔ျပင္ ၎ေစတီေတာ္အတြင္း ႒ာပနာထားသည့္ ပစၥည္းမ်ားကိုလည္း TNLA အဖြဲ႕ဝင္မ်ားက ယူေဆာင္သြားခဲ့ေၾကာင္း သိရွိရသည္ဟုလည္း သတင္းထုတ္ျပန္ထား သည္။
အဆိုပါေစတီသည္ ပေလာင္ေတာင္ပိုင္ေစာ္ဘြားႀကီး မဟာသေရစည္သူစပ္ခြန္ပန္းစိန္က ၎လက္ထက္တြင္ တည္ထား ကိုးကြယ္ခဲ့ျခင္းျဖစ္ၿပီး ေခတ္အဆက္ဆက္၌ နယ္ေျမခံတပ္မေတာ္သားမ်ားႏွင့္ ေဒသခံျပည္သူမ်ား ပူးေပါင္းကာ ျပန္လည္ျပဳျပင္ထိန္းသိမ္းျခင္း၊ ေ႐ႊသကၤန္း ကပ္လႉျခင္း၊ ေ႐ႊထီးေတာ္တင္လႉျခင္းမ်ား ေဆာင္႐ြက္ခဲ့သည့္ ေစတီေတာ္တစ္ဆူျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ နမ့္ဆန္ၿမိဳ႕အဝင္ရွိ ေစတီတစ္ဆူကို ဘတ္ဟိုးျဖင့္ ၿဖိဳခ်ဖ်က္ဆီးမႈႏွင့္ပတ္သက္၍ တအာင္းလက္ နက္ကိုင္အဖြဲ႕ TNLA တစ္စုံတစ္ရာထုတ္ျပန္ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။
အလားတူ ၿပီးခဲ့ေသာ ဇန္နဝါရီလ ၈ ရက္တြင္လည္း ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA အဖြဲ႕ဝင္အခ်ိဳ႕သည္ ေလာက္ကိုင္ၿမိဳ႕နယ္၊ ဆီေအာေက်း႐ြာ၊ ဆင္ဦးကင္းကုန္းေပၚရွိ ေစတီေတာ္တစ္ဆူကို သံတူျဖင့္ ထုကာ ၿဖိဳခ်ဖ်က္ဆီးခဲ့ေသာ ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။
အဆိုပါ ဆင္ဦးကင္းကုန္းေပၚရွိ ေစတီေတာ္တစ္ဆူကို MNDAA အဖြဲ႕ဝင္အခ်ိဳ႕က သံတူျဖင့္ ထုကာၿဖိဳခ်ဖ်က္ဆီးခဲ့မႈအေပၚ ၎အဖြဲ႕က ဝန္ခံထားၿပီး ဗုဒၶဘာသာဝင္မ်ားကိုလည္း ျပန္လည္ေတာင္ပန္းမႈ ျပဳလုပ္ထားသည္။
လက္ရွိတြင္ အၾကမ္းဖက္သမားမ်ားအေနျဖင့္ ဗုဒၶဘာ သာဝင္မ်ား အထြဋ္အျမတ္ထားရာ ဘုရား၊ ေစတီ၊ ဆင္းတုေတာ္မ်ား၊ သာကနိကအေဆာက္အဦးမ်ားႏွင့္ အျခားဘာသာဝင္မ်ား၏ ဘာသာေရးဆိုင္ရာအေဆာက္ အဦးမ်ားကို Drop ဗုံးပစ္ခ်ျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္းျပဳလုပ္ကာ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ေနသည္ဟုလည္း နစကမွ ထုတ္ျပန္ထားသည္။
ဗုဒၶဘာသာဝင္မ်ား အထြဋ္အျမတ္ထားရာ ဘုရားေစတီမ်ားကို အၾကမ္းဖက္အဖြဲ႕က ဖ်က္ဆီးေနမႈမ်ားႏွင့္ပတ္ သက္၍ ဘာသာေရးအဖြဲ႕အစည္းမ်ားအပါအဝင္ ရဟန္းသံဃာႏွင့္ ျပည္သူလူထုအမ်ားအျပားက ကန႔္ကြက္ရႈတ္ ခ်မႈမ်ား ရွိခဲ့သည္။